ကြိုပွိုင့်တိုက်ခန်းဈေးကွက် ၀ယ်လိုအား ကျဆင်းလာ

ကြိုပွိုင့်တိုက်ခန်းဈေးကွက် ၀ယ်လိုအား ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
22 Jan 2015 10:39 am တွင် တင်ခဲ့သည်
2247 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေစီမံကိန်း များတွင် တိုက်ခန်း ကြိုတင်ဝယ်ယူမှု (ကြိုပွိုင့်) များ
တွင်ကျယ်စွာ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် အိမ်၊ မြေနှင့် တိုက်ခန်းများ ၀ယ်ယူမှုအပေါ် အခွန်
အခများ တင်းကျပ်စွာ သတ်မှတ်ခြင်းတို့ကြောင့် ကြိုပွိုင့်ဝယ်ယူမှု များ နည်းပါးလာနေကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"တကယ်နေမယ့်လူတွေ ၀ယ်တာကလွဲပြီး တခြားဝယ်လက်တွေ နည်းသွားတာကြောင့်
တိုက်ခန်းကြိုပွိုင့် အရောင်းအ၀ယ် အေးနေ ပါတယ်" ဟု မိုးလွင်အိမ်ခြံမြေ အကျိုးဆောင်
ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမင်းချိုဦး က ပြောသည်။ ဈေးကွက်အနေအထားအရ အထူး
သဖြင့် ကြိုပွိုင့်တိုက်ခန်း ၀ယ်ယူသူများသည် တိုက် ခန်း ၀ယ်ရောင်းသမားများနှင့် ၀န်ထမ်းများ
သာ အများစုဖြစ်သည်။

ငွေကြေးကို တစ်ခါ တည်း အကျေပေးချေရန်မလိုပဲ အရစ်ကျပေးသွင်းရသဖြင့် လွန်ခဲ့သည့်နှစ်များ
အတွင်း က ကြိုပွိုင့်ဝယ်ယူသူများ သိသာစွာ ပေါများ ခဲ့သည်။ ပုံမှန်အားဖြင့် ကြိုပွိုင့်တိုက်ခန်းဝယ်
ယူမှုအတွက် လေးရစ်မှ ငါးရစ်အထိခွဲကာ ငွေပေးသွင်းဝယ်ယူကာ တိုက်ခန်း ပိုင်ဆိုင်နိုင်သည့်
အားသာချက်နှင့် တစ်ခါ တည်း ငွေအလုံးအရင်း များစွာမပေးချေရ သဖြင့် ငွေကြေးလှည့်နိုင်သည့်
အခွင့်အရေးများသဖြင့် ကြိုပွိုင့်ဝယ်ယူလေ့ရှိကြကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ လုပ်ငန်းရှင်
များက ပြောသည်။

"တိုက်ခန်းကြိုပွိုင့်ဝယ်ယူသူအများစုက ၀ယ်ရောင်းသမားတွေပါ။ ခုတော့ နယ်မြေအလိုက် အခွန်
တွေသတ်မှတ်တာ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေကြောင့် အိမ်ခြံမြေ ဈေးကွက်က အေးသွား
တာပါ" ဟု ဦးမင်းချိုဦး က ပြောသည်။ ကန်ထရိုက်များကို ယုံကြည်မှုကျဆင်းလာခြင်းနှင့် မြို့တော်
စည်ပင်မှစစ်ဆေးပြီး အရည်အသွေးမပြည့်မီသောတိုက်များကို ပြန်လည်ဖြိုချခြင်းများပြုလုပ်ခြင်း
ကြောင့်လည်း တိုက်ခန်းကြိုပွိုင့်ဝယ်ယူသူများ စိုးရိမ်ထိတ်လန့်ကာ ၀ယ်ယူမှုနည်းလာခြင်းဖြစ်ကြောင်း
လည်း လုပ်ငန်းရှင်များကပြောသည်။

ယခင်က အိမ်ရာများတည်ဆောက်ရာတွင် ကြိုပွိုင့်ရောင်းချခြင်းဖြင့် ၇၀ ရာခိုင်နှုန်း ကျော်ရောင်းချနိုင်
သော်လည်း ယခုအခါ ၀ယ်လက်နည်းပါးနေသဖြင့် ဈေးကွက် အေးနေကြောင်း ယူနတီအိမ် ခြံမြေ
အကျိုး ဆောင်ကုမ္ပဏီမှ ဦးသန်းဦးကပြောသည်။ "တိုင်းပြည်စီးပွားရေးကောင်းရင် အိမ်ခြံ မြေဈေး
ကွက်ကလည်း ကောင်းပါတယ်။ လက်ရှိ မျက်ဝါးထင်ထင် မြင်တွေ့နေကြ ရတဲ့ အိမ်ခြံမြေနဲ့တိုက်
ခန်းဈေးကွက်တွေ တောင် အေးနေတဲ့အချိန်မှာ ဘာမှမမြင် မတွေ့ရတဲ့ ကြိုပွိုင့်တိုက်ခန်းဈေးကွက်
ကတော့ ပိုဆိုးတာပေါ့။ အရစ်ကျဝယ်တဲ့ အခွင့် အရေးရယ် ပြီးမှဝယ်တာထက် သက်သာတဲ့ဈေး
နှုန်းရယ်ကြောင့် ကြိုပွိုင့်ကို ၀ယ်ကြတာ ပါ။ ခုတော့ ကြိုပွိုင့်ဈေးကွက်လည်း အေးနေပါတယ်" ဟု
ဦးသန်းဦးကပြောသည်။

ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ ခုနှစ်တစ်နှစ်လုံးနီးပါး ငြိမ်သက်နေနိုင်ကြောင်းလည်း
အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေကို
စောင့်ကြည့်နေကြ ပြီး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စောင့်ကြည့် လေ့လာနေကြခြင်းနှင့် လက်ရှိ
တွင် အစိုးရ လုပ်ငန်းစီမံကိန်းများလည်း မပြုလုပ်ခြင်းတို့ ကြောင့် စီမံကိန်းနေရာများ အနီးတစ်ဝိုက်
တွင် လိုက်လံရင်းနှီးမြှုပ်နှံသူများ နည်းပါးသွားခြင်း တို့ကြောင့်လည်း အိမ်ခြံမြေဈေးကွက် အေး
သွားခြင်းဖြစ်ကြောင်း အိမ်ခြံမြေ၀ယ်ရောင်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် အကျိုး ဆောင်များ
က ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service