တစ်လကျပ် ၃၀,၀၀၀ အိမ်ရာစီမံကိန်းမြေနေရာ တင်ဒါလျှောက်ရမည်

တစ်လကျပ် ၃၀,၀၀၀ အိမ်ရာစီမံကိန်းမြေနေရာ တင်ဒါလျှောက်ရမည် - Property News in Myanmar from iMyanmarHouse.com
14 Jan 2015 11:05 am တွင် တင်ခဲ့သည်
1599 ကြိမ် ကြည့်ရှု့ပြီး
တစ်လလျှင်ကျပ် ၃၀,၀၀၀ သွင်းပြီး ၀ယ်ယူနိုင်မယ့် အိမ်ယာစီမံကိန်းအတွက် မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဧက ၄၀ အထက်ခေါ်ယူတဲ့ တင်ဒါနေရာတွေမှာ လျှောက်ထားရယူမယ်လို့ သိရပါတယ်။

အခြေခံလူတန်းစားတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အိမ်ရာစီမံကိန်းမှာ ပါဝင်တဲ့အဖွဲ့ဝင်ဖြစ်တဲ့ ရွိုင်ရယ်ဆန်းမစ်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဦးက "ရန်ကုန်က မြေနေရာအတွက် တင်ဒါဖောင် ၀ယ်ထားတယ်၊ ဆောက်လုပ်ခွင့်အတွက် တာဝန်ယူမယ့်ကုမ္ပဏီအမည်နဲ့ တင်ဒါဆွဲမယ်၊ မြေဧကသေးရင် မကိုက်တဲ့အတွက် ဧက ၄၀ အထက်မြေနေရာတွေကို တင်ဒါဝင်ဆွဲတာ"လို့ ပြောပါတယ်။

အိမ်ရာတည်ဆောက်ဖို့ အဆက်ပြေတဲ့ နေရာသုံးနေရာ ရှိတယ်။ အနောက်ပိုင်းက လွဲရင် ကျန်တဲ့သုံးပိုင်းက အဆင်ပြေတယ်။ ရန်ကုန်မှာ မြေပိုင်ရှင်တွေနဲ့ အဆင်မြေပေမယ့် တိုင်းဒေသကြီးအစိုးရက ခွင့်ပြုမပြုရယ်၊ ပြသနာအရှုပ်အရှင်းတွေ ရှိနိုင်မှာကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါခေါ်ထားတဲ့ လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံအရှေ့ပိုင်းဘက်တွေ တင်ဒါဝင်ဆွဲမယ်လို့ ဆိုပါတယ်။

ဦးသန်းဦးက "ဧရာဝတီဘက်မှာက မြေပိုင်ရှင်နဲ့ အဆင်ပြေပေမယ့် ကော်မတီအဖွဲ့အစည်းတချို့နဲ့ ညှိုနှိုင်းနေတုန်းပဲ၊ ကရင်၊ မြ၀တီ သင်္ကန်းညီနောင်က လာဆက်သွယ်တာရှိတယ်၊ မြေအရှုပ်အရှင်းတွေရှိမှာစိုးလို့၊ ဇန်န၀ါရီလထဲရောင်းချင်ပေမယ့် စာရွက်စာတမ်း ကြာမြင့်မှုပေါ်မူတည်ပြီး ကြာနေတာ၊ တင်ဒါတင်ထားပေမယ့် အစိုးရခွင့်မပြုရင်မရနိုင်ဘူး၊ ဆောက်လုပ်ဖို့ခွင့်ပြုရင် ရောင်းချမှာ သေချာတယ်"လို့ ပြောတယ်။

အစိုးရပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေဖြစ်ဖြစ် ၂၀ရာခိုင်နှုန်းပေးပြီး ၈၀ ရာခိုင်နှုန်းယူနဲ့ လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။ ပုံမှန်တန်ဖိုးနဲ လေးထပ်ပဲဆောက်ဖို့ အကြမ်းသတ်မှတ်ပေမယ့် အစိုးရက ငါးထပ်အနည်းဆုံးဆောက်ရမယ်လို့ ပြောထားတယ်။ အခြားဆောက်လုပ်မှုတွေကို အစိုးရဆီက ကြိုတင်ယူထားတာမဟုတ်ပဲ ပြည်သူက စုဆောင်းထားတဲ့ငွေ (လစဉ်ပေးသွင်းငွေ ၃၀,၀၀၀)ကို ယူပြီး ဘဏ်ထဲထည့်ထားမယ်။ အတိုးရငွေနဲ့ယူပြီး ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service