ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ပြည့်စုံမှု မရှိသည့် ဒဂုံမြို့သစ် လေးမြို့နယ်အား အထူးစီမံကိန်းဖြင့် ဖြည့်ဆည်းပေးရန် ဘဏ္ဍာငွေ ကျပ်ဘီလျံ ရာဂဏန်းအထိ တောင်းခံထား

ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ပြည့်စုံမှု မရှိသည့် ဒဂုံမြို့သစ် လေးမြို့နယ်အား အထူးစီမံကိန်းဖြင့် ဖြည့်ဆည်းပေးရန် ဘဏ္ဍာငွေ ကျပ်ဘီလျံ ရာဂဏန်းအထိ တောင်းခံထား - Property News in Myanmar from iMyanmarHouse.com
12 Jan 2015 11:20 am တွင် တင်ခဲ့သည်
1583 ကြိမ် ကြည့်ရှု့ပြီး
ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ပြည့်စုံမှု မရှိသည့် ဒဂုံမြို့သစ် လေးမြို့နယ်အား အထူးစီမံကိန်းဖြင့် အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးရန် ဘဏ္ဍာငွေ ကျပ်ဘီလျံ ရာဂဏန်းအထိ တောင်းခံထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဖြစ်လာသည့် ဦးဌေးအောင် (Sakura) က ပြောကြားသည်။


ဒဂုံမြို့သစ် လေးမြို့နယ်သည် မြို့သစ်ဖော်ဆောင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်းအခြေခံအဆောက်အအုံများဖြစ်သည့် ရေ၊ မီး၊ လမ်း၊ အမှိုက်သိမ်းစနစ်နှင့် စည်ပင်သာယာ လုပ်ငန်းများတွင် လိုအပ်ချက်များစွာ ရှိနေပြီး ဘတ်ဂျက်သုံးစွဲနိုင်မှု အနေအထားအရ ပြီးစီးအောင် လုပ်ပေးနိုင်သည့် စီမံကိန်းများစွာ ရှိနေကြောင်း သိရသည်။



သို့ဖြစ်၍ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ယင်းကိစ္စရပ်များကိုအထူးစီမံကိန်းအနေဖြင့်လုပ်ဆောင်ရန် ငွေကျပ်ဘီလျံ များစွာ တိုးတောင်းထားခြင်းဖြစ်ကြောင်း ဦးဌေးအောင် (Sakura) က ဆိုသည်။

“ဦးအနေနဲ့ စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ရွေးချယ်ခံရတာဆိုတော့ အရှေ့ပိုင်းခရိုင်ထဲက ပြည်သူလူထု လိုအပ်ချက်တွေကို ညှိနှိုင်းလုပ်ဆောင် ပေးရမှာပါ။ အရှေ့ပိုင်းခရိုင်ထဲမှာ လိုအပ်ချက်အများဆုံး ဒဂုံမြို့သစ် လေးမြို့နယ်ပါ။ ရေ၊ မီး၊ လမ်း၊ အမှိုက်စွန့်ပစ်မှု စနစ်တွေမှာ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ အဲဒါကို ဖြည့်ဆည်းပေးဖို့ အထူးစီမံကိန်း အနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလုပ်ဖို့ ဘဏ္ဍာငွေ တောင်းထားတယ်။ အံ့သြလောက်တဲ့ ပမာဏလောက်အထိ ကျပ်ဘီလျံကို ရာနဲ့ချီပြီးသုံးဖို့ ခွင့်တောင်းထားပါတယ်။ ငွေပမာဏကိုတော့ မမှတ်မိဘူး။ ခွင့်ပြုချက်ကျရင် လုပ်နိုင်မှာပါ” ဟု ဦးဌေးအောင်က ဆိုသည်။

လက်ရှိဒဂုံမြို့သစ် လေးမြို့နယ်သည်အခြေခံအဆောက်အအုံ လိုအပ်ချက် များစွာ ရှိနေခြင်းကြောင့် နေထိုင်သူ နည်းပါးပြီး အခြေခံအဆောက်အအုံများ ပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်ပါက နေထိုင်သူများနိုင်ကြောင်း ဦးဌေးအောင် (Sakura) က ဆက်လက်ပြောကြားသည်။

“အခြေခံအဆောက်အအုံ၊လမ်းပန်းဆက်သွယ်တွေ ကောင်းလာရင်လူတွေလာနေလိမ့်မယ်။ပြီးတော့ မြေဈေးတန်ဖိုးလည်း မြင့်သွားနိုင်တယ်။ အဲဒီအတွက်လည်း ဘဏ္ဍာငွေ ခွင့်ပြုမယ်လို့ ထင်ပါတယ်” ဟု ဦးဌေးအောင် (Sakura) က ဆိုသည်။

ထို့ပြင်ဒဂုံမြို့သစ် လေးမြို့နယ်တွင်တန်ဖိုးနည်းအိမ်ရာများလည်း အကောင်အထည် ဖော်သွားရန်ရှိပြီး အဓိကအနေဖြင့် တတိယလူတန်းစား အလွှာများ နေထိုင်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

“တန်ဖိုးနည်းဆိုပေမဲ့စတုတ္ထလူတန်းစားအခြေခံပြည်သူတွေ ၀ယ်နိုင်ဖို့ ခက်တယ်။ တတိယ လူတန်းစားလောက်ပဲ ၀ယ်နိုင်တယ်။ ဒါကြောင့် စတုတ္ထလူတန်းစားတွေအတွက် ဖန်တီးပေးဖို့စဉ်းစားနေပါတယ်။ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး။ အချိန်ပေးရပါမယ်” ဟု ဦးဌေးအောင် (Sakura) က ဆက်လက်ပြောကြားသည်။

၁၉၉၀ ပြည့်နှစ်တွင် ဧရိယာ ၅၈ ဒသမ ၄ စတုရန်းမိုင် ကျယ်ဝန်းသည့် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် ဧရိယာ ၆၃ ဒသမ၅၂စတုရန်းမိုင်ကျယ်ဝန်းသောဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်အားစတင်တည်ဆောက်ခဲ့ပြီးဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ဧရိယာ ၃၅ ဒသမ ၁၅ စတုရန်းမိုင်အား ခွဲထုတ်ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အား လည်းကောင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှ ဧရိယာ ၃၂ ဒသမ ၃၇ စတုရန်းမိုင်အား ခွဲထုတ်၍ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အဖြစ် ခွဲထုတ်ခဲ့ကြောင်းနှင့် ဒဂုံမြို့သစ် လေးမြို့နယ်သည် ဧရိယာ ၁၂၁ ဒသမ ၉၂ စတုရန်းမိုင်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် စတင်တည်ဆောက်စဉ်က ပင် လျှပ်စစ်၊ သောက်သုံးရေလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မှုမရှိခြင်း၊ ရေစီးရေလာ ကောင်းမွန်မှုမရှိခြင်း၊ ရေကြီးခြင်းများရှိခဲ့ ကြောင်း သိရသည်။

Credit : Eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service