ကုမ္ပဏီထုတ်ကုန်နဲ့ ထပ်တူကျတဲ့ အံ့ဖွယ်အဆောက်အအုံများ

ကုမ္ပဏီထုတ်ကုန်နဲ့ ထပ်တူကျတဲ့ အံ့ဖွယ်အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com
3 Jan 2015 12:15 pm တွင် တင်ခဲ့သည်
950 ကြိမ် ကြည့်ရှု့ပြီး
ဒါကတော့ သင့်ရဲ့စီးပွားရေးလုပ်ငန်း ကြော်ငြာနိုင်ဖို့အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ သင်တို့ကုမ္ပဏီရဲ့ အဓိကစီးပွားရေးလုပ်ငန်း က ဘာပါလဲ။ ဘယ်လိုမျိုး ဈေးကွက်ထိုးဖောက်ပြီး ကမ္ဘာကျော်လူ သိများစေနိုင်မလဲဆိုတဲ့နေရာမှာ ဟောဒီလို စိတ်ကူးမျိုးရချင်မှ ရ ကြမှာပါ။ အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းတချို့က သူတို့ကုမ္ပဏီ ရဲ့လုပ်ငန်းရောင်းကုန်အတွက် ကြော်ငြာပြီးသားလည်းဖြစ်၊ အလုပ် လုပ်ဖို့ အကောင်းဆုံး အထူးခြားဆုံးနေရာလည်းဖြစ်အောင် ကုမ္ပဏီ ရုံးချုပ်နေရာကို လုပ်ငန်းရဲ့ထုတ်ကုန်ပစ္စည်းနဲ့ကိုယ်စားပြုပြီးတည် ဆောက်ကြတာဖြစ်ပါတယ်။

၁။ အမေရိကန်ပြည်ထောင်စု အိုဟိုင်းရိုးက ကမ္ဘာ့အကြီးမားဆုံး လက်လုပ်ခြင်းတောင်းကြီးလို့ လူသိများတဲ့ ကုမ္ပဏီအဆောက်အ အုံဖြစ်ပါတယ်။ Longaberger ကုမ္ပဏီထုတ်ကုန်ဖြစ်တဲ့ ခြင်းတောင်း တွေကို ကိုယ်စားပြုပြီး ကုမ္ပဏီကို လူသိများအောင်ခြင်း တောင်းပုံစံ တည်ဆောက်ထားတာပါ။ ဒီခြင်းတောင်းအဆောက်အအုံကြီးကို အ ထပ်ခုနှစ်ထပ်နဲ့ တည်ဆောက်ထားတာ ဖြစ်ကာခြင်းတောင်းပုံစံ ယက်ထားသည့် အကန့်ထပ်များသာဖြစ်ပါတယ်။

၂။ ဖလော်ရီဒါပြည်နယ် ဇီဖိုင်လ် တောင်ကုန်းမှာ ၁၉၉၀ပြည့်နှစ်က စတင်ပြီး တည်ဆောက်ဖွင့်လှစ်ရောင်းချတဲ့ ရေခဲမုန့်ဆိုင်အဆောက် အအုံပဲဖြစ်ပါတယ်။ အရသာထူးကဲကောင်းမွန်သော ရေခဲမုန့်တွေ ကို ရောင်းချပေးနေတာဖြစ်ကာ မြို့တော်တစ်ဝိုက်လူသိများပါတယ်။ သေးငယ်တဲ့ ကုမ္ပဏီဖြစ်နေပေမဲ့ အရောင်းကုန် ရေခဲမုန့်များအတွက် ဒေါ်လာ လေးသိန်းခွဲကျော် ရင်းနှီးမြှုပ်နှံထားပါသတဲ့။

၃။အမေရိကန်ပြည်ထောင်စု ဘိုစတွန်က ဧရာမနို့ဘူးကြီးဖြစ်ပါ တယ်။ ၁၉၃၃ ခုနှစ်က စာရေးဆရာတစ်ဦး ဂန်နွန်က မြို့တော် တွန်တန် အနီးမှာ ရေခဲမုန့်ဘားဆိုင်ဖွင့်ရန် စိတ်ကူးရခဲ့ရာမှ သူ့ရဲ့ လုပ်ငန်းအသစ်ဖြစ်တဲ့ နို့ဆိုင်အတွက် ဧရာမနို့ဘူးအဆောက်အ အုံကြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မီတာ ၄၀ အမြင့်ရှိကာနို့ လှောင်ကန် ဂါလံပေါင်း ငါးသောင်းရှစ်ထောင်ရှိတဲ့ ဒီနို့ဘူးကြီးက ခေတ်အဆက်ဆက်ပိုင်ရှင် များ ပြောင်းလဲသွားပြီးနောက်ပိုင်းမှအခု လို ခေတ်မီဆန်းသစ်တဲ့ နို့ဘူးဒီဇိုင်းပြောင်းလဲတည်ဆောက်ခဲ့ကြ ရာမှ ယနေ့အချိန်ထိ ကလေးငယ်များအတွက်စွဲဆောင်ရာ နေရာ တစ်ခုလည်းဖြစ်လာပါတယ်။

Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)
ကုမ္ပဏီထုတ်ကုန်နဲ့ ထပ်တူကျတဲ့ အံ့ဖွယ်အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com
ကုမ္ပဏီထုတ်ကုန်နဲ့ ထပ်တူကျတဲ့ အံ့ဖွယ်အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service