မင်္ဂလာဒုံတွင် ဒေါ်လာသန်း ၂၀၀ တန် အိမ်ရာစီမံကိန်း ဇေကမ္ဘာတည်ဆောက်မည်

မင်္ဂလာဒုံတွင် ဒေါ်လာသန်း ၂၀၀ တန် အိမ်ရာစီမံကိန်း ဇေကမ္ဘာတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
27 Nov 2014 10:39 am တွင် တင်ခဲ့သည်
2464 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိသော ဇေကမ္ဘာကုမ္ပဏီသည် မလေးရှား
နိုင်ငံအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Ho Hup နှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း
၂၀၀ ရင်းနှီးမြှုပ်နှံမည့် ဇီး ဗီလာစ် (Z Villas) အိမ်ရာစီမံကိန်းကို မင်္ဂလာဒုံမြို့နယ်တွင် အကောင်
အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ဦးဇေသီဟက
ပြောသည်။

အဆိုပါအိမ်ရာစီမံကိန်းကို ဧက ၅၀ ကျယ်ဝန်းသော မင်္ဂလာဒုံ ဥယျာဉ်မြို့တော်အတွင်း အချိန်
ငါးနှစ်ကြာတည်ဆောက်သွား မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း
၂၀၀ ရှိကြောင်း ဟိုဟပ်မြန်မာ (Ho Hup Myanmar) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးဇေသီဟက
ပြောသည်။

"ဇီး ဗီလာစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံ မှုက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပါ။ တည်ဆောက်
ချိန်ကို ငါးနှစ် မှန်းထားပါတယ်။ ကျွန်တော်တို့ အခုမှစဆောက်မှာပါ။ ပထမ အဆင့် ဆောက်လုပ်
ရေးအတွက် နှစ်နှစ်ကြာ မယ်။ အဲဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်သုံးပါမယ်" ဟု
၎င်းက ပြောသည်။ လုံးချင်းအိမ်များကို ၁၈ လ အရစ်ကျဖြင့် ၀ယ်ယူနိုင်ပြီး ပထမဆုံး အရစ်အတွက်
တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ဦးစွာပေးသွင်း ရမည်ဖြစ်ကာ ကျန်လများမှ စတင်ကာ ငါးရာ ခိုင်နှုန်းဖြင့်
ပေးချေနိုင်ကြောင်း၊ နောက်ဆုံး အရစ် ၁၀ ရာခိုင်နှုန်းကို ၀ယ်ယူသူထံ အိမ် အပ်သည့်အချိန်တွင်
ပေးသွင်းရမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

ဇီး ဗီလာစ်ကို ၀တီ၊ ရတီနှင့် မဒီဟု အမည် ပေးထားသော စီမံကိန်းအဆင့်သုံးဆင့်ဖြင့် အကောင်
အထည်ဖော် သွားမည်ဖြစ်ကြောင်း ဟိုဟပ် ဈေးကွက်နှင့် အရောင်းဌာန စီနီယာမန်နေဂျာ
Mr. Dato' Andrew Peris က ပြောသည်။

ပထမအဆင့် ၀တီတွင် အိမ်ယူနစ် ပေါင်း ၆၃ ခု၊ ဒုတိယအဆင့် ရတီတွင် အိမ် ယူနစ်ပေါင်း ၇၂ ခုနှင့်
တတိယ အဆင့် မဒီတွင် အိမ်ယူနစ်ပေါင်း ၅၄ ခု အသီးသီးရှိကြ မည်ဖြစ်သည်။

"ဒီနေ့ကတော့ ကျွန်တော်တို့ ပထမအဆင့် ဖြစ်တဲ့ '၀တီ' ကို စတင်ဆောင်ရွက်မယ့်အကြောင်းပါ။
ဝတီမှာ ဗီလာ သဇင်၊ ဗီလာ စံပယ်နဲ့ ဗီလာ နှင်းဆီဆိုပြီး အမျိုးအစားသုံးခု ပါဝင်ပါမယ်။ ၀ယ်ယူသူ
တွေအနေနဲ့ သူတို့ စိတ်ကူးရည်မှန်းထားတဲ့ အိမ်လေးတွေကို လှပပြီး ကွဲပြားတဲ့ ဒီဇိုင်း သုံးမျိုးထဲက
ရွေးချယ် နိုင်မှာပါ" ဟု ၎င်းက ပြောသည်။ ဗီလာသဇင်တွင်ရှိမည့် သဇင်အိမ်များမှာ ကိုလိုနီခေတ်
အပြင်အဆင်နှင့် ခေတ်သစ်လက်ရာကို ပေါင်းစပ်ထားသော ဟန်ဖြစ်ပြီး ဗီလာစံပယ်မှ စံပယ်အိမ်
ဒီဇိုင်းမှာ ကျေးလက် ရိုးရာ၏ လွှမ်းမိုးမှုဖြင့် ရိုးရာအငွေ့အသက်များနှင့် ဒေသန္တရ ရာသီဥတုနှင့်
ကိုက်ညီအောင် ဆောက်လုပ်မည်ဖြစ်ပြီး နှင်းဆီအိမ် မှာမူ ခေတ်သစ်အမြင်ဖြင့် အိမ်အတွင်း
သဘာဝအလင်းရောင်ကောင်းစွာဝင်ရောက် နိုင်ပြီး အိမ်၏ ရှုထောင့်မျိုးစုံက မြင်ကွင်းပိုမိုကောင်းမွန်
စေရန် စီမံထားကြောင်း ၎င်းက ဆိုသည်။ အိမ်တစ်လုံးလျှင် စတုရန်းပေ ၇,၀၀၀ ၀န်းကျင် ကျယ်ဝန်း
မည်ဖြစ်ပြီး ရောင်းဈေးမှာ ကျပ်သိန်း ၁၀,၀၀၀ ခန့်ဖြစ်ကြောင်း သိရ သည်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေးက အလျင်အမြန် ကျယ်ပြန့်လာပြီး ဒါကို အထောက်အကူဖြစ်ဖို့အတွက်
အခြေခံအဆောက်အအုံနဲ့ အိမ်ရာမြေဘက်မှာလည်း လိုအပ်ချက်က မြင့် တက်လာနေပါတယ်။
ကျွန်တော်တို့ရဲ့ ဟိုဟပ်ကုမ္ပဏီက ဇေကမ္ဘာနဲ့ လွန်ခဲ့တဲ့ နှစ်လကပဲ ဖက်စပ်ကုမ္ပဏီတည်ထောင်
ခဲ့ပြီး ယူနစ်ပေါင်း ၁၈၉ ခုရှိမယ့် ဇီး ဗီလာစ်ကို မင်္ဂလာဒုံမြို့နယ်မှာ တည်ဆောက်ဖို့အတွက် ဖြစ်ပါ
တယ်။ အခု ဒီအိမ်တွေအတွက် ကြိုတင် မှာကြားတာတွေကို စတင်လက်ခံနေပါပြီ" ဟု ဟိုဟပ်
ဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Derek Wong ကပြော သည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service