ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဧရိယာအတွင်းရှိ ဥယျာဉ်ခြံမြေများ လျော်ကြေးဦးစွာပေးမည်

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဧရိယာအတွင်းရှိ ဥယျာဉ်ခြံမြေများ လျော်ကြေးဦးစွာပေးမည် - Property News in Myanmar from iMyanmarHouse.com
23 Nov 2014 1:26 pm တွင် တင်ခဲ့သည်
936 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်အထူးစီးပွား ရေးဇုန်တွင်ပထမဆုံးအကောင်အထည်ဖော်မည့် စီမံကိန်းမှာ ကနဦးစီမံကိန်းဖြစ်သောကြောင့် ယင်းဧရိယာ၌ ပါဝင်သော ဥယျာဉ်ခြံမြေနှင့် အိမ်ရာများကို ပထမဆုံးလျော်ကြေးပေးမည်ဖြစ်ကြောင်းထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်က ပြောသည်။

‘‘အခုကစာချုပ်ချုပ်ဖို့လုပ် နေတယ်။အဲဒါပြီးရင်တော့ လျော်ကြေးစတင်ပေးတော့မယ်။ကနဦးစီမံကိန်းမှာပါဝင်တဲ့ မြေဧရိယာတွေကိုပထမဆုံးပေးသွားမှာပါ’’ဟု၎င်းကထပ်မံပြောသည်။

ကနဦး စီမံကိန်းကို ရင်းနှီး တည်ဆောက်သူ အဖြစ်မှ နုတ် ထွက်ခဲ့သောအီတာလျံထိုင်းကုမ္ပဏီကအကောင်အထည် ဖော်မည်ဖြစ်ပြီး စီမံကိန်းတွင် နှစ် လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊စက်မှုဇုန်ငယ်၊လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့်မြို့ပြစီမံကိန်း၊ ရေပေးဝေရေးနှင့်ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကြောင့် ပြောင်းရွှေ့ရမည့် မြေဧရိယာစုစုပေါင်း လေးသောင်းကျော်ရှိပြီး ပြောင်းရွှေ့ရမည့် ကျေးရွာ ခြောက်ရွာရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ သို့သော်လည်း အဆင့်အလိုက်အကောင်အထည်ဖော်ရမည့် အဆိုပါစီမံကိန်းတွင်ပထမ၊ဒုတိယ၊တတိယအဆင့်ဆင့်ပြောင်းရွှေ့ရမည့် ဒေသများ ကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တစ်နှစ်ကျော်ကြာရပ်နားထားသောအဆိုပါစီမံကိန်းတွင် လျော်ကြေးပေးရမည့်သိမ်းဆည်း မြေယာ မြောက်မြားစွာရှိသည်။ မြေယာ လျော်ကြေးပေးချေရေးနှင့် ပတ်သက်၍ ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ ကျေးရွာဒေသခံများကို သက်ဆိုင်ရာ အာဏာပိုင်များက နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်တွေ့ဆုံခဲ့ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

‘‘ဘာမှမလုပ်ဘဲပစ်ထားတာတစ်နှစ်ကျော်ရှိပြီ။မနေ့တစ်နေ့ကပဲ ပုဂေါဇွန်းရွာမြောက်ဘက်ကသူတို့လျော်ဖို့ကျန်တဲ့ မြေတွေ လာကြည့်ပြီး ရွာသားတွေနဲ့လာတွေ့သွားတယ်။ လျော်ကြေး ဘယ်အချိန်ပေးမယ်လို့တော့ ပြောမသွားဘူး။ လျော်ကြေးက ဒီစာရင်းအတိုင်းပဲ ပေးရမှာလား။ ပြန်စိစစ်ချင်သေးလား လာမေးတယ်။ပြီးတော့ ပြန်သွားကြတယ်’’ဟုထားဝယ်နဘုလယ် ဒေသခံ ကိုလေးလွင်က ပြောသည်။

၂၀၁၃ နိုဝင်ဘာတွင်အီတာလျံထိုင်းကုမ္ပဏီကယင်းစီမံကိန်းမှ နုတ်ထွက်ခဲ့ပြီးနောက် စီမံကိန်းကို ရပ်နားထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်းစီမံကိန်းမရပ်နားမီ မြေယာလျော်ကြေးကိစ္စများမှာ မပြီးပြတ်ဘဲ ရှိနေသေးသည်။

အဆိုပါစီမံကိန်းတွင်ဂျပန် နိုင်ငံအစိုးရကိုရင်းနှီးတည်ဆောက်သူအဖြစ်ရင်းနှီးမြှုပ်နှံရန် မြန်မာနှင့်ထိုင်းအစိုးရကကမ်းလှမ်းခဲ့သည်။

ဂျပန်နိုင်ငံအစိုးရကရင်းနှီး မြှုပ်နှံမည်ဟုအကြောင်းမပြန်ခဲ့ သော်လည်းရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီစိစစ်လေ့လာရန်အမေရိကန်ဒေါ်လာ ခုနစ်သိန်း အကုန်အကျခံပြီး သုတေသနသုံးခု ပြု လုပ်ရန် မြန်မာထိုင်းနှင့်ဂျပန်အစိုးရတို့သဘောတူညီထားသည်။

အဆိုပါ သုတေသန လုပ် ငန်းသုံးခုတွင် ယခုစက်မှုလုပ်ငန်း စီမံကိန်းသည်မဲခေါင်−အိန္ဒိယစီးပွားရေးစင်္ကြံလမ်းတောင်ဘက်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုမှုရှိ၊မရှိ၊ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပိုင်းတွင်ဂျပန်၏မည်သည့်လုပ်ငန်းများရင်းနှီး မြှုပ်နှံမည်နည်းနှင့်ထားဝယ်အထူးစီးပွားရေးဇုန်တွင်အစိုးရနှင့်ပုဂ္ဂလိကမည်သည့်နည်းလမ်းဖြင့်ပူးပေါင်းဆောင်ရွက်မည်စသည့်သုတေသနသုံးခုကိုယခုနှစ် အောက်တိုဘာတွင် စတင်ပြုလုပ် နေပြီ ဖြစ်သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service