တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ စဉ်ဆက်မပြတ် ဆောက်လုပ်သွားမည်

တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ စဉ်ဆက်မပြတ် ဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
20 Nov 2014 11:20 am တွင် တင်ခဲ့သည်
1640 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်၏ အိမ်ရာ လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန် အတွက် ရန်ကုန် နယ်နိမိတ်အတွင်း တန်ဖိုးမျှတ အိမ်ရာများ စဉ်ဆက်မပြတ် ဆောက်လုပ်ပေးလျက် ရှိရာ ရွှေပြ့ည်သာ မြို့နယ်အတွင်း၌လည်း တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများကို ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကာ တိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးညီညီက The Trade Times ကို ပြောသည်။ "ရရှိတဲ့ ဘတ်ဂျက်ပေါ် မူတည်ပြီး ရွှေပြည်သာမြို့နယ်ထဲမှာ ဆက်ဆောက်ဖို့ ရှိတယ်။ မှန်းထားတာကတော့ တစ်ခန်းကို သိန်း ၁၁၀၊ သိန်း ၁၂၀ လောက်ပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းစီမံကိန်းသစ်ကို ရွှေပြည်သာမြို့နယ် စက်မှုလမ်းမကြီးပေါ်တွင် ရှစ်ခန်းတွဲ ခြောက်ထပ်တိုက်များအဖြစ် တည်ဆောက်သွားမည် ဖြစ်သည့်အတွက် လုပ်ငန်းများ စတင် လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေသည့်အပြင် ဘဏ္ဍာငွေနှင့် မြေအကျယ်အဝန်းပေါ် မူတည်၍ စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းမကြီးပေါ်တွင် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ဆောက်လုပ်နေသကဲ့သို့ မြောက်ဒဂုံ စက်မှုဇုန်အနီး ဦးဝိစာရလမ်းမကြီးပေါ်တွင် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း တည်ဆောက်ကာ အများပြည်သူသို့ ရောင်းချပေးခဲ့သော်လည်း တိုက်ခန်းတန်ဖိုးများ မြင့်မားနေခြင်းကြောင့် အများပြည်သူကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။

အိမ်ခြံမြေ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များနှင့် ဌာနဆိုင်ရာ အသီးသီးမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ ရန်ကုန်မြို့တော်တွင် နှစ်စဉ် တိုက်ခန်းအိမ်ရာ လိုအပ်ချက် ၉၀၀၀၀ နီးပါးခန့် ရှိနေပြီး ဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် ဆောက်လုပ်နိုင်ခြင်း မရှိသဖြင့် ရှိရင်းစွဲ အိမ်ခြံမြေ တိုက်ခန်းများ ဈေးနှုန်းမြင့်တက်လာသည့် အပြင် အိမ်ခန်း ငှားရမ်းခနှုန်းထားများပါ မြင့်တက်လာသည့်အတွက် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ တည်ဆောက်ကာ အများပြည်သူသို့ ရောင်းချပေးနေသော်လည်း တိုက်ခန်းဈေးနှုန်းများမှာ မြင့်မားနေဆဲ ဖြစ်သည်။ "တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကိုလည်း ဆက်ပြီး လုပ်သွားဖို့ ရှိပါတယ်" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဦးမင်းထိန်က ပြောသည်။

တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများ တည်ဆောက်ရန်အတွက် လိုအပ်သည့် မြေနေရာများ ရွေးချယ်သတ်မှတ်ရာတွင် နိုင်ငံတော်ပိုင် မြေများနှင့် ဌာနပိုင်မြေများပေါ်၌ ဆောက်လုပ်ရန် သတ်မှတ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနအသီးသီးနှင့် တည်ဆောက်မည့် ဆောက်လုပ်ရေး ကုမ္ပဏီများကြား သဘောတူညီချက် ပုံစံအမျိုးမျိုးဖြင့် တည်ဆောက်ပေးနေသော်လည်း မြင့်တက်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၏ ဈေးနှုန်းနှင့် လုပ်အားခ နှုန်းထားများကြောင့် တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အောက် ရောင်းချနိုင်ရန်မှာ ဖြစ်နိုင်ချေ မရှိကြောင်း စီးပွားရေး ပညာရှင်များက ပြောသည်။ "အခု ဆောက်လုပ်ရေးဈေးနဲ့ ကုန်ကျစရိတ်တွေကြောင့် ကျပ်သိန်း ၁၀၀ အောက်ဆိုရင် တန်ဖိုးနည်း တိုက်ခန်းထက် တန်ဖိုးနည်းတဲပဲ ဖြစ်လိမ့်မယ်" ဟု စီးပွားရေး ပညာရှင် ဒေါက်တာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော် အနေဖြင့် ၂၀၀၈ ခုနှစ်တွင် အကျယ်အဝန်း ၅၉၈ ဒဿမ ၇၅ စတုရန်း ကီလိုမီတာ ရှိသော်လည်း သန်းခေါင်စာရင်း ကောက်ယူမှုမှ ရရှိသည့် စစ်တမ်းများအရ နေထိုင်သူ ၅ ဒဿမ ၅ သန်းခန့်အထိ ရှိလာနေသည့်အပြင် နယ်မြို့များမှ ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူများ တဖြည်းဖြည်း များပြားလာနေသည့်အတွက် ရန်ကုန်မြို့တော်မှာ အခြားတိုင်းဒေသကြီးများရှိ မြို့ကြီးများနှင့်မတူဘဲ မြို့ပြ၌ နေထိုင်သူ ၇၂ ရာခိုင်နှုန်းနှင့် ကျေးလက်၌ နေထိုင်သူ ၂၈ ရာခိုင်နှုန်း ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service