မြို့တွင်း၊ မြို့စွန် အိမ်၊ ခြံ၊ မြေ ဈေးကွက်

မြို့တွင်း၊ မြို့စွန် အိမ်၊ ခြံ၊ မြေ ဈေးကွက် - Property News in Myanmar from iMyanmarHouse.com
15 Nov 2014 12:35 pm တွင် တင်ခဲ့သည်
541 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ ခြံ၊ မြေ ဈေးကွက်ကတော့ မိုးရာသီနှင့်အတူ အေးစက်နေသည်ဟု ထင်ရပါသည်။ ဈေးနှုန်းတွေကလဲ ရောင်းသူတွေခေါ်နေတဲ့ဈေးတွေသာ မြင့်မားနေပြီး ၀ယ်သူတွေ အတွက်ကတော့ ရွေးချယ်စရာ အများအပြားရှိနေပါတယ်။ ရေရှည်မှာ ရောင်းသူဝယ်သူ အဆင်ပြေမယ့်ဈေးနှုန်းနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အသင့်အသင့် ၀င်ရောက်လာတာနဲ့အတူ အရည်အသွေးပြည့်မီတဲ့ အဆောက်အဦး တွေ ပိုမိုလိုအပ်လာသလို အဆင့်မြင့် ဝန်ဆောင်မှုတွေနဲ့ ဆောက်လုပ်လာတဲ့ ကွန်ဒိုမီနီယမ်တွေလဲ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ ၀ယ်သူတွေအတွက် ရွေးချယ်စရာလဲ ပိုမိုများပြားလာပါတယ်။ အခုဆိုရင် ဆောက်လုပ်ပြီး Condo တွေဝယ်ဖို့ထက် ကြိုပွိုင့်တွေ ၀ယ်ဖို့ Customer တွေ ပိုမိုများပြားလာတာကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့် ရောင်းလိုသူ (Condo ဆောက်လုပ်ရောင်းချသူ Developer) တွေက ဝယ်လိုသူအရေအတွက်ထက်ပင် အဆများစွာ ပိုမိုများပြားနေပါတယ်။

မြန်မာပြည်မှာက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စတော့ရှယ်ယာဈေးကွက် မရှိသေးတဲ့အတွက် လူတွေက အကျိုးအမြတ်ရှိတဲ့ အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်တွေကို ပြုလုပ်လာကြတာနဲ့အမျှ မြို့နဲ့နီးတဲ့မြို့နယ်တွေမှာ မြေတွေမရှိသလောက် ရှားပါးနေတဲ့ အခြေအနေဖြစ်နေပါတယ်။ လက်လှမ်းမှီတဲ့ မြို့အစွန်အဖျားနေရာတွေမှာ ရောင်း၊ ၀ယ် နေကြတာမို့ ဈေးနှုန်းအပြောင်းအလဲတွေ များပြားလာကြပါတယ်။

လက်ရှိနေထိုင်နေတဲ့နေရာမှာ ဈေးကောင်းရတာမို့ ရောင်းချပြီး ဈေးနှုန်းသက်သာတဲ့ မြို့စွန်တွေကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အိမ်ရာစီမံကိန်းတွေ အမြောက်အမြား ဖော်ဆောင်လာပေမယ့် ဈေးနှုန်းက အခြေခံလူတန်းစားတွေ တတ်နိုင်တဲ့ ဈေးနှုန်းတွေမဟုတ်တဲ့အပြင် မြို့စွန်က တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွေမှာ ဈေးတွေမြင့်ပြီးခေါ်နေ ကြတဲ့အတွက် မြို့တွင်းက တိုက်ခန်းဈေးနှုန်းတွေပါ ဈေးလိုက်တက်နေတာ တွေ့ရပါတယ်။

ဒါပေမယ့် ဝယ်သူထက် ရောင်းလိုသူတွေ ပိုများလာရင်တော့ ဈေးတွေ အီကျလာနိုင်ပါတယ်။

Credit : MPN

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service