ရန်ကုန်တိုင်းဒေသကြီး မီးသတ်စခန်း အဆောက်အအုံတွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်

ရန်ကုန်တိုင်းဒေသကြီး မီးသတ်စခန်း အဆောက်အအုံတွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင် - Property News in Myanmar from iMyanmarHouse.com
17 Oct 2014 10:53 am တွင် တင်ခဲ့သည်
1044 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ရှိသော ကိုလိုနီလက်ကျန် ရှေးဟောင်း အဆောက်အအုံများကို အပြာ ရောင်ကမ္ပည်းပြားများ တပ်ဆင် လျက်ရှိရာ လေးခုမြောက် အဆောက်အအုံအဖြစ် ကျောက် တံတားမြို့နယ်၊ ဆူးလေဘုရား လမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်စခန်းအဆောက်အ အုံကို အောက်တိုဘာ ၁၆ ရက် တွင် တပ်ဆင်ခဲ့ကြောင်း သတင်း ရရှိသည်။

ယခုလတွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့က အာမေးနီးယား ဘုရားကျောင်းတွင် တပ်ဆင်ခဲ့ ပြီး ၁၅ ရက်အကြာတွင် ယခုမီး သတ်စခန်း အဆောက်အအုံ၌တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးသတ်စခန်း အ ဆောက်အအုံသည် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံစာရင်းဝင်ဖြစ်ပြီး ရန်ကုန်မြို့တွင် မူလအသုံးပြု သည့်ပုံစံအတိုင်း ဆက်လက်အ သုံးပြုနေဆဲဖြစ်သည့် သက်တမ်း အရှည်ဆုံးအဆောက်အအုံတစ် ခုဖြစ်သည်။

‘‘ဗဟိုမီးသတ်စခန်း အ ဆောက်အအုံဟာ ရန်ကုန်မြို့ရဲ့ အချက်အချာအကျဆုံးနေရာက နေ အရေးကြီးဆုံးသော မြို့ပြ တာဝန်တွေကို နှစ်(၁၀၀) ကျော် သည်အထိ နေ့စဉ်မပြတ်ကျေပွန် စွာ ထမ်းဆောင်နေဆဲဖြစ်တဲ့ အဆောက်အအုံကြီးတစ်ခု ဖြစ်ပါ တယ်။ ရန်ကုန်မြို့ရဲ့ အထင်ကရ ဖြစ်တဲ့ ဆူးလေဘုရားလမ်းမ ရှု ခင်းကို ပြီးပြည့်စုံအောင် တစ်ပါ တည်းတွဲလျက်တည်ရှိနေတဲ့ ဗိသု ကာလက်ရာလည်းဖြစ်ပါတယ်’’ ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ဒုတိယ ဥက္ကဋ္ဌ ဒေါ်မိုးမိုး လွင်ကပြောသည်။

၁၉၉၁ ခုနှစ်တွင် မြူနီစီ ပယ်အဖွဲ့က မီးသတ်စခန်းတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ပြီး ဆူး လေဘုရားလမ်းပေါ်ရှိ မြေကွက် တစ်ကွက်ကို ၀ယ်ယူခဲ့သည်။ သက်တမ်း နှစ်(၁၀၀) ကျော်ရှိ သော အဆိုပါအဆောက်အအုံ သည် အက်ဒွပ်ခေတ်ဗိသုကာ လက်ရာကောင်းတစ်ခု ဖြစ် ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပေ ၁၀၀ ရှိသောမျှော်စင်ပါဝင်သည့် အဆိုပါ မီးသတ်အဆောက် အအုံကို ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ အဆို ပါအဆောက်အအုံသည် မြန်မာ နိုင်ငံတွင် မြင်းဖြင့် ဆွဲသော အင် ဂျင်များအား ဓာတ်ဆီ(သို့) ရေနွေးငွေ့သုံး အင်ဂျင်များဖြင့် အစား ထိုးပြောင်းလဲခဲ့သော ပထမဆုံး မီးသတ်စခန်းဖြစ်သည်။

ရန်ကုန်မြို့၏ ပထမဆုံး အပြာရောင်ကမ္ပည်းပြားများတပ် ဆင်ခြင်းကို မြို့တော်ခန်းမ၊ ရိုး ကုန်တိုက်ဟောင်း(လက်ရှိ ဧရာ ၀တီဘဏ်ရုံးချုပ်)နှင့် အာမေးနီး ယား ဘုရားကျောင်းတို့တွင် တပ် ဆင်ခဲ့ပြီးဖြစ်သည်။

ကမ္ပည်းပြား တပ်ဆင်ခြင်း အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင်နေရာများအား လေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ် ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက် Royal Phillps က အမေရိကန် ဒေါ်လာ ၇၅,၀၀၀ ကို ထောက်ပံ့ ပေးအပ်ထားသည်။

အပြာရောင် ကမ္ပည်းပြား တပ်ဆင်ထားခြင်းသည် အများနှင့် သက်ဆိုင်သည့်နေရာ သမိုင်းဝင် နေရာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အဖြစ်အပျက်များကို ဖော်ပြရန် ရည်ရွယ်သည့် အမှတ်အသား တစ်ခုဖြစ်သည်။

အပြာရောင် ကမ္ပည်းပြား ၁၀၀ ကျော်ကို ရန်ကုန်မြို့၏ အထင် ကရအဆောက်အအုံများ၊ လမ်း များ၊ လူနေအိမ်များ ထင်ရှားသည့်နေရာများတွင် ဆက်လက်တပ် ဆင်ရန် အဆိုပါအဖွဲ့က ရည်ရွယ်ထားသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service