ငှားရမ်းခရရှိသူသာ ၀င်ငွေခွန်ဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု ပြည်တွင်းအခွန်ထ

ငှားရမ်းခရရှိသူသာ ၀င်ငွေခွန်ဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု ပြည်တွင်းအခွန်ထ - Property News in Myanmar from iMyanmarHouse.com
16 Sep 2014 12:55 pm တွင် တင်ခဲ့သည်
530 ကြိမ် ကြည့်ရှု့ပြီး
နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေရရှိသူကသာ ထမ်းဆောင်ရမည့်အခွန် ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန်မဟုတ်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက စက်တင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာထားသည်။

နေအိမ်၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေခွန် (တိုက်ရိုက်ခွန်) အမျိုးအစားဖြစ်ပြီး နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ ရရှိသူ(အိမ်ပိုင်ရှင်)သာလျှင် ထမ်းဆောင်ရမည့် အခွန်အမျိုးအစား ဖြစ်သည်။

မြေ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ၀င်ငွေအပါအ၀င် လစာဝင်ငွေ၊ လစာဖြင့် မဟုတ်ဘဲ မိမိကျွမ်းကျင် သည့် ပညာရပ်များဖြင့် ရရှိသည့်ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ၀င်ငွေ၊ ၀င်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော စည်းကြပ်မှုလွတ်ကင်းနေသော ၀င်ငွေ၊ အခြားရလမ်းမှ ၀င်ငွေတို့သည် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခံစားနိုင်ပြီး ဥပဒေပါပြဋ္ဌာန်းချက် အရ လည်း အခွန်နှုန်းထားများအတိုင်း ၀င်ငွေခွန်ထမ်း ဆောင်ရန်လိုသည်ဟု ဖော်ပြထားသည်။

အိမ်ခြံမြေ ငှားရမ်းခနှုန်းထားများ ကြီးမြင့်လျက်ရှိသည့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှုနည်းပါးလျက်ရှိပြီး အခွန်ရုံးများ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်းကာ အခွန်စိစစ်စည်းကြပ်ရန် ဇူလိုင်လမှ စတင်ဆောင်ရွက်နေသည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အိမ်ခြံမြေငှားရမ်းခမှ ရရှိသည့်ဝင်ငွေကို စည်းကြပ်ကောက်ခံခြင်းသည် ငှားရမ်းခများ ပိုမိုမြင့်တက်လာနိုင် ကာ ကျသင့်မည့် အခွန်ကို ငှားရမ်းသူအား ထမ်းဆောင်စေခြင်းတို့သာ ဈေးကွက်အတွင်း၌ ဖြစ်ပေါ်လာနိုင်ပြီး ငှားရမ်းသူများကိုသာ ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အိမ်ခြံ မြေငှားရမ်းမှုများမှ ၀င်ငွေရရှိသူများကို အခွန်ရုံးများသို့ ဆက်သွယ် ရန် ဇွန်လအတွင်း စတင်နှိုးဆော်ခဲ့ပြီး မြန်မာကျပ်ငွေဖြင့် ငှားရမ်းသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံများအပြင် နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အဆောက်အအုံများလည်း ပါဝင်သည်။

Credit: mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service