မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ချိန် ရှစ်လကြာမည်

မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ချိန် ရှစ်လကြာမည် - Property News in Myanmar from iMyanmarHouse.com
11 Sep 2014 3:06 pm တွင် တင်ခဲ့သည်
1208 ကြိမ် ကြည့်ရှု့ပြီး
မြေနီကုန်းလမ်းဆုံ ခုံးကျော်တံတားသည် တည်ဆောက်ချိန်ကာလ ရှစ်လကြာမြင့်မည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်၊ မေလ ၆ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားအား Capital Diamond Star Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Capital Construction မှ ဆောက်လုပ်လျက်ရှိရာတံတားပန္နက်တင် အခမ်းအနားကိုစက်တင်ဘာလ ၆ ရက်က ပြုလုပ်ခဲ့ သည်။

တံတားသည် ပြည်လမ်း ဟံသာဝတီ ဘတ်စ်ကားမှတ်တိုင်မှ ပြည်သူ့ရင်ပြင်ရှေ့ ဘတ်စ်ကားမှတ်တိုင် ဖြစ်ပြီး မြေနီကုန်းလမ်းဆုံ မီးပွိုင့်၊ ရှင်စောပုလမ်းနှင့် ပြည်လမ်းမီးပွိုင့်နှစ်ခုကို ဖြတ်ပြီး ဆောက်လုပ်မည် ဖြစ်သည်။

တံတားဆောက်လုပ်စဉ်ကာလအတွင်းတွင် ယာဉ်ကျပ်မှုကို ဖြေလျှော့နိုင်ရန်အတွက် တံတားဘိုးပိုင် မတူးမီ လမ်းဘေးဝဲယာ လမ်းချဲ့ခြင်း၊ မထသနှင့် ညှိနှိုင်းပြီး အချို့သောဘတ်စ်ကားလိုင်းများအား လမ်းလွှဲမှ သွားစေခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု Capital Construction မှစီမံကိန်းဒါရိုက်တာ ဦးသက်လင်းက ပြောသည်။

တံတားဒီဇိုင်းကို ဂျပန်နိုင်ငံ JFE Engineering Corporation မှရေးဆွဲပေးထားပြီး သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်၍ တံတားအရှည်သည် ၂၃၁ဝ ဒသမ ၅ ပေ၊ ယာဉ်ခံနိုင်ဝန် ၇၅ တန်ဖြစ်သည်။ တံတားအကျယ်သည် လေးလမ်းသွားဖြစ်ပြီး ၄၈ ပေ ကျယ်၍တံတား ကင်းလွတ်အမြင့် ၁၃ ဒသမ ၁၂ ပေနှင့် တံတားပေါ်တွင် တစ်နာရီ ၆ဝ ကီလိုမီတာနှုန်းဖြင့် မောင်းနိုင်သည်ဟု သိရသည်။

၎င်းတံတားတည်ဆောက်ရန်ရန်ကုန်တိုင်းဒေသကြီး အစိုးရကတင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ ပဏာမ ငါးဦးထဲမှ Capital Construction ကို ရွေးချယ်ခဲ့သည်။

တံတားဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသောကုမ္ပဏီဖြစ်သည့်အတွက် နည်းပညာ ပိုင်း အားသာချက်ကြောင့် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဦးသက်လင်းက ပြောသည်။

”တည်ဆောက်ရေးမှာ လမ်းအောက်မှာရှိတဲ့ ရေပိုက်လိုင်း၊ ဆက်သွယ်ရေးကြိုးတွေ မြေအောက်မှာ ရှိနေတယ်။ အုတ်မြစ်လုပ်ဖို့အတွက်ရွှေ့ရတယ်။ ဆောက်လုပ်ရင်းနဲ့မမျှော်လင့်ဘဲ တွေ့လာနိုင်တဲ့ အခက် အခဲတွေလည်း ရှိတယ်။ ပြည်လမ်းက ကားအသွားအလာ များတယ်။ သံချောင်းသယ်တဲ့ကားတွေ ဝင်ဖို့က ညဘက်မှ လုပ်ရတာတွေလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

ယခုအခါ ယာဉ်မောင်းနှင်သူများနှင့် လမ်းအသုံးပြုသူများ အဆင်ပြေ ချောမွေ့စွာ အသုံးပြုနေပြီဖြစ် သော ရွှေဂုံတိုင်ခုံးကျော်တံတားကိုလည်း Capital Construction ကပင် တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ တည်ဆောက်ချိန် စုစုပေါင်း ၁၁ လ ကြာမြင့်ခဲ့သည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service