ရန်ကုန် ကန်ထရိုက်နှင့် အင်ဂျင်နီယာ (၁၈၀) ကျော်အား မမှန်မကန် ဆောက်လုပ်မှုကြောင့် လိုင်စင်ပိတ်သိမ်းထား

ရန်ကုန် ကန်ထရိုက်နှင့် အင်ဂျင်နီယာ (၁၈၀) ကျော်အား မမှန်မကန် ဆောက်လုပ်မှုကြောင့် လိုင်စင်ပိတ်သိမ်းထား - Property News in Myanmar from iMyanmarHouse.com
8 Sep 2014 2:38 pm တွင် တင်ခဲ့သည်
1831 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ ကန်ထရိုက်နှင့် အင်ဂျင်နီယာ (၁၈၅) ဦးအား စည်းကမ်းနှင့်မညီဘဲ မမှန်မကန် ဆောက်လုပ်မှု များကြောင့် လုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း မမှန်မကန် ဆောက်လုပ်သူ ကန်ထရိုက်တာ (၉၁) ဦးနှင့် လိုင်စင်ရ အင်ဂျင်နီယာ (၉၄)ဦး စုစုပေါင်း (၁၈၅) ဦးကို အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။

““သတ်မှတ် စည်းမျဉ်းနဲ့ မညီတဲ့ အဆောက်အအုံ တွေကို မြို့နယ် စစ်ဆေးရေး အဖွဲ့ လိုက်လံ စစ်ဆေးခဲ့တာ ဖြစ်တယ်။ ပြီးတော့ မြေရှင်တွေကိုလည်း တရားဆွဲ ထားတယ်”” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာ အဆောက်အအုံဌာန)မှ လက်ထောက် ဌာနမှူးတစ်ဦးက ပြောသည်။

ထို့ပြင် စိစစ် လက်မှတ်ရေးထိုး သတိပေးခြင်း ခံရသူ (၁၅၂) ဦး၊ လိုင်စင် ပိတ်ခံရသူ၊ အမည်ပျက်စာရင်း အသွင်းခံရသူ (၁၅)ဦးနှင့် ရာသက်ပန် လိုင်စင်ပိတ်သိမ်း ခံရသူ တစ်ဦးတို့ကိုလည်း အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

ယင်းကဲ့သို့ မမှန်မကန် ဆောက်လုပ်သည့် ကန်ထရိုက်နှင့် အင်ဂျင်နီယာများ အပြင် တရားမ၀င် ဆောက်လုပ်ထားသည့် မြေရှင် (၂၀၀၀)ကျော် ကိုလည်း အမှုဖွင့်ကာ အရေးယူ ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

““တရားမ၀င် တွေမှာ အဓိက ကန်ထရိုက်သမား တွေပဲ သူတို့ငွေပုံပေးပြီး လုပ်ခိုင်းတော့ အင်ဂျင်နီယာ တွေက တရားဝင်လား မ၀င်လား ဆိုတာမသိဘူး။ ဒါကြောင့် တရားမ၀င် ကန်ထရိုက်တွေ လျော့နည်းဖို့ လုပ်ထုံးလုပ်နည်း တွေကို ထပ်ပြီး ဖြေလျှော့ ပေးသင့်တယ်”” ဟု ဆောက်လုပ်ရေး လိုင်စင်ရ အင်ဂျင်နီယာ ဦးမျိုးသန့်က သုံးသပ်ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင် တရားမ၀င် အဆောက်အအုံများ ထပ်မံ ဆောင်လုပ်လာပါက အဆိုပါ အဆောက်အအုံ များကို ဖြိုဖျက်သည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ယခုလ အတွင်း တရားမ၀င် အဆောက်အအုံ (၁၅) လုံးအား ဖြိုဖျက်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ယင်းကဲ့သို့ ရန်ကုန်စည်ပင်မှ အရေးယူ နေသော်လည်း တရားမ၀င် ဆောက်လုပ်မှုများ လျော့ကျသွားခြင်း မရှိသေးပေ။

Credit: The Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service