သီလဝါတွင် အိမ်ရာအဆောက်အအုံများ စတင်ဆောက်လုပ်

သီလဝါတွင် အိမ်ရာအဆောက်အအုံများ စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
7 Sep 2014 1:58 pm တွင် တင်ခဲ့သည်
1060 ကြိမ် ကြည့်ရှု့ပြီး
သီလဝါ အထူးစီးပွားရေးဇုန်အပိုင်း (က) တွင် လူနေအိမ်ရာနှင့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် Commercial Area အဆောက်အအုံများကို ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်မည်ဟု Myanmar Thilawa SEZ Holdings Public Limited ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

ယင်းအဆောက်အအုံများကိုမြေ ၈၇ ဒသမ ၅ ဧက (၃၅ ဟက်တာ)ပေါ်တွင် ဆောက်လုပ်မည် ဖြစ်ပြီး လူနေအိမ်ရာများသည် စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်သည့် ကျွမ်းကျင်ပညာရှင်နှင့် လုပ်သားများနေထိုင်ရန် အတွက်ဖြစ်၍ Commercial Area တွင် ဆေးရုံ၊ ဆေးခန်း၊ ဟိုတယ်၊ ဈေးဝယ်စင်တာနှင့်အားကစားခန်းမတို့ ပါဝင်မည်။

”မိုးကုန်တာနဲ့ ပွင့်လင်းရာသီမှာ စဆောက်သွားမယ်။ အခုကစီမံကိန်းကို Final Plan ရေးဆွဲနေလို့ အသေးစိတ်တော့ ပြောလို့မရသေးဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအပိုင်း (၁) တွင် လျှပ်စစ်မီးနှင့် ရေကို သုံးစွဲမှုများသည့် ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံခွင့်ပြုသွားမည်မဟုတ်ဘဲ လျှပ်စစ်နှင့် ရေပေးနိုင်သလောက်ကိုသာ ချိန်ဆ၍ မြေငှားရမ်း ရင်းနှီးမြှုပ်နှံခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

”သီလဝါမှာ မီးနဲ့ရေ ပေးနိုင်သလောက်ပဲ ချိန်ပြီး ကုမ္ပဏီတွေကိုငှားမယ်။ အဓိက အရေးကြီးတာက အရည်အသွေးပဲ။ မီးလာလိုက်၊ ပျက်လိုက် ဖြစ်တာမျိုးမရှိဘဲ အရည်အသွေးမီပြီး လုံးဝမပြတ်တောက်တဲ့ လျှပ်စစ်ဝန်ဆောင်မှုမျိုး ပေးမှာပါ။ စီမံကိန်း စတင်ရင် အလုပ်အကိုင် ၂ဝဝ,ဝဝဝ လောက် ပေးနိုင်မယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီ ၁၁ ခုကိုရင်းနှီးမြှုပ်နှံ ရန် မြေ ၆၂ ဧက ငှားရမ်းထားပြီး အခြားကုမ္ပဏီနှစ်ခုကိုလည်း မြေ ၆၈ ဒသမ ၄ ဧက ငှားရမ်းနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း MTSH ၏ စီမံကိန်းဒါရိုက်တာ ဦးသူရိန်အောင်က ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်အပိုင်း (၁)တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှကုမ္ပဏီပေါင်း ၄၉ ခု ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားကြောင်း သိရသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service