တံတားစီမံကိန်းကြောင့် မနှစ်ကဈေးတက်ခဲ့သည့် ဒလမြေနေရာ များ ဖွံ့ဖြိုးမှုနည်းပါးနေသေးခြင်းကြောင့် စိတ်ဝင်စာ

တံတားစီမံကိန်းကြောင့် မနှစ်ကဈေးတက်ခဲ့သည့် ဒလမြေနေရာ များ ဖွံ့ဖြိုးမှုနည်းပါးနေသေးခြင်းကြောင့် စိတ်ဝင်စာ - Property News in Myanmar from iMyanmarHouse.com
7 Sep 2014 1:49 pm တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး
ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် လွန်ခဲ့ သောနှစ်က မြေဈေးများရုတ်တရတ်တက်ခဲ့ သော ဒလမြို့နယ်သည် တံတားစီမံကိန်းအကောင်အထည် မပေါ်သေးသောကြောင့် မြေဈေးများမြင့်တက်နေမှုများရှိနေသော် လည်း အိမ်ခြံမြေဈေးကွက် အလွန်အေးနေကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ဒလမြို့ကို အ၀ယ် မဆင်းတော့တာ တော်တော်ကြာနေပြီ။ မြေ၀ယ်ဖို့အတွက် လာ တော့ ကြည့်ကြတယ်၊ ဒါပေမဲ့ ဒီကဈေးတွေနဲ့ မကိုက်တော့ ပြန်လှည့်ကြတယ်။ ဒီမှာက လည်း ဈေးတွေက အရင်တစ်ခေါက် အရမ်း မြင့်ထားကတည်းက ပြန်မကျဘူး။ ပေ ၄၀ ပေ ၆၀ အကွက်ကြီးဆိုရင်သိန်း ၅၀၀ ကနေ ၇၀၀ လောက်ထိရှိတယ်။ အဲဒါတွေက မြို့ အလယ်ပိုင်းလောက်မှာ။ လမ်းမကြီးဘေးက မြေတွေဆို သိန်းထောင်ချီတုန်းပဲ" ဟု အိမ်ခြံမြေအကျိုးဆောင် ဦးလှချစ်က ပြောသည်။

ယခင်က အိမ်ခြံမြေဈေးကွက်တွင် စိတ်ဝင်စားမှုနည်းခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရမှ တောင်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မည့် စီမံကိန်းဂယက်ကြောင့် မြေယာဈေးများမြင့်မားခဲ့ကာ အိမ်ခြံ မြေအရောင်းအ၀ယ် လုပ်ကိုင်သူများနှင့်စည်ကားခဲ့သည်။

သို့သော် အဆိုပါ မြစ်ကူးတံတားစီမံကိန်း နှင့်ပတ်သက်သည့်သတင်းများမှာ ဆက်လက်ထွက်ပေါ်မှုမရှိပဲ ယခုအချိန်ထိ ငြိမ်သက်နေခြင်းများကြောင့် ဒလမြို့၏ အိမ်ခြံမြေလုပ်ငန်း များမှာလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်လာခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ရန်ကုန်-ဒလ မြစ်ကူးတံတား တည် ဆောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြေဈေး တက်သွားပေမယ့် တကယ်တမ်း တံတားတည်ဆောက်ဖို့ အကောင်အထည် မပေါ်လာတဲ့အခါ တက်သွားတဲ့မြေဈေးတွေ က ဟိုအရင်ဈေးပြန်မကျတော့ဘူး။ တက်ဈေး ကိုလည်း ဘယ်သူမှမ၀ယ်ကြတော့ဘူး။ ဗိုက်နာလို့ ရောင်းတဲ့သူလောက်ပဲ ရှိတယ်။ အခု ဒလမြို့ အိမ်ခြံမြေဈေးက အရောင်းအ၀ယ်မရှိသလောက်ကို အေးနေတယ်"ဟု ဦးလှချစ် က ပြောသည်။

ဒလမြို့နယ်၏ အိမ်ခြံမြေ ဈေးကွက်သည် မြေယာများဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများ၊ မြေယာ အရောင်းအ၀ယ်လုပ်ကိုင်ခြင်းများ ကြောင့် မြို့နေဒေသခံများ၏ ဈေးခေါ်မှုများ နှင့်အတူ ဒလမြို့၏မြေဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့ရသည့် အခြေအနေ များ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါတွင် နိုင်ငံတော်အစိုးရ၏ မြို့သစ်စီမံကိန်းများနှင့် အခြားမြို့နယ်များတွင်ပြုလုပ်မည့် စီးပွားရေးဆိုင်ရာ မဟာစီမံကိန်းကြီးများကြောင့် ဒလ မြို့သစ်အပေါ်သို့ ရင်းနှီးမြှုပ်နှံသူများနှင့် ၀ယ်ရောင်း
သမားများ၏ အာရုံစိုက်ခြင်းများ သိသိသာသာ လျော့နည်းခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ယင်းကဲ့သို့ ဒလမြို့နယ်တွင် နိုင်ငံတော် အဆင့် စီမံကိန်းအသံများကြောင့် အိမ်ခြံမြေ ဈေးကွက်များဖြစ်ပေါ်ခဲ့သော်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုများမှာတော့ သိသိသာသာ မပြောင်းလဲခဲ့ဘဲ မြေပိုင်မရှိခြင်းများကြောင့် ကျူးကျော်နေထိုင်သူများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ မဖွံ့ဖြိုးသည့်အခြေခံအဆောက်အအုံများ ရပ်ကွက် အတွင်း ရေကြီးရေလျှံမှုများနှင့်သာ ယခင် အတိုင်း မပြောင်းလဲဘဲ ရှိနေသေးကြောင်း မြို့ခံများက ပြောသည်။

"မြို့နဲ့ ပတ်သက်ပြီးတော့ ဘာမှတိုးတက် ပြောင်းလဲသွားတာ မရှိသေးပါဘူး။ ဒီဘက် ကမ်းမှာအဆောက်အအုံကောင်း ကြီးကြီး တောင်မရှိပါဘူး။ တိုက်ဆိုရင်လည်း သုံးထပ် တိုက်က အမြင့်ဆုံးပါ။ ဒါတောင် နှစ်လုံးသုံး လုံးပဲရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း လောလောဆယ်တံတားမထိုးထားတော့ သင်္ဘောတို့ သမ္ဗန်တို့ပဲ ရှိတယ်။ ညရေးညတာ အကြောင်းရှိရင် အခက်အခဲ ဖြစ်ပါတယ်။ သင်္ဘောကလည်း တစ်ညလုံးမဆွဲပေးပါဘူး" ဟု ဒလမြို့၊ ရာဇသင်္ကြန်ရပ်ကွက်၊
ဗိုလ်မင်းရောင်လမ်းတွင်နေထိုင်သူ ဒေါ်ပန်းလှက ပြောသည်

Credit : MM Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service