နောင်ဆယ်နှစ်တွင် ရေးမြို့ စင်ကာပူလို ဖြစ်လာမည်ဟု ဦးခင်ရွှေ ပြောကြားပြီးနောက် အိမ်ခြံမြေ ဈေးတက်လာ

နောင်ဆယ်နှစ်တွင် ရေးမြို့ စင်ကာပူလို ဖြစ်လာမည်ဟု ဦးခင်ရွှေ ပြောကြားပြီးနောက် အိမ်ခြံမြေ ဈေးတက်လာ - Property News in Myanmar from iMyanmarHouse.com
5 Sep 2014 10:38 am တွင် တင်ခဲ့သည်
1278 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရေးမြို့နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံသူများကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အိမ်မြေဈေးကွက်မှာ မြင့်တက်လာလျက် ရှိကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ် ပြောဆိုသည်။ "လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ နှိုင်းရင် ယခုမြေဈေးကွက်က အတော်မြင့်နေပြီ။ ဘဏ်တွေ လာဖွင့်ကြတယ်။ ပုဂ္ဂလိက ဆေးရုံတွေ ဆောက်လာကြတယ်။ ဒေသတွင်း လုပ်ငန်းရှင်တွေကလည်း မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံလာကြတယ်။ ဘာသာခြားတွေကလည်း ပုံမှန်ဈေးနှုန်းထက် ဈေးကြီးပေး ဝယ်ယူမှုတွေလည်း ရှိနေတယ်" ဟု ရေးမြို့နယ် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးစိန်မင်း (လေညင်းသာ) က ပြောသည်။ ရေးမြို့နယ်အတွင်း ဈေးကွက်အရ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ ဘုရင့်နောင်လမ်း (အများအခေါ် ကမ်းနားလမ်း) ၏ အိမ်မြေပေါက်ဈေးမှာ ပေ ၄၀×၆၀ တစ်ကွက်လျင် သိန်းသုံးထောင်နီးပါးခန့် ရှိပြီး အချို့အိမ်များသည် သိန်းငါးထောင်ခန့်ပင် ဈေးခေါ်ထားသည်ဟု ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

"တစ်လောက ဇေကမ္ဘာ ဦးခင်ရွှေ ရေးမြို့ကိုလာတုန်းက ပြောသွားတာ ရှိပါတယ်။ လာမယ့် ဆယ်နှစ်မှာ စင်ကာပူလို ဖြစ်လာလိမ့်မယ်လို့၊ ဒါတွေကြောင့်လည်း အိမ်ခြံမြေဈေးကွက်တွေက ပိုပြီး လှုပ်ခတ်လာမယ်လို့ ထင်ပါတယ်။ အခုတောင် အိမ်မြေဈေးတွေက တစ်နှစ်ထက်တစ်နှစ် ထက်ဝက်လောက် တက်နေတာလေ" ဟု ဦးစိန်မင်းက ပြောဆိုသည်။ ရေးမြို့နယ်အတွင်းရှိ အိမ်မြေဈေးများမှာ နေ့ချင်းညချင်း ပြောင်းလဲနေကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ "တလောက အိမ်တစ်လုံးဝယ်ဖို့ ဈေးပြောထားပြီးပြီ။ တစ်ပတ်ပဲ ကြာတယ်။ ဈေးမြင့်သွားတယ်။ လက်ရှိ လိုအပ်နေတော့ ဝယ်လိုက်ရတာပေါ့" ဟု ရေး၌ လတ်တလော အိမ်ဝယ်ယူခဲ့သူ တစ်ဦးက ပြောသည်။ အိမ်ခြံမြေများ ဈေးမြင့်တက်လာမှုနှင့်အတူ တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ မြို့ကွက်ချဲ့ထွင်ပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်လျက် ရှိသည်။

"အဓိကကတော့ Supply နဲ့ demand မမျှတတာပဲ။ မြို့အနေနဲ့ လက်ရှိ တည်ရှိပုံက တိုးချဲ့စရာ မြေလွတ်ဆိုတာ မရှိတော့ဘူး။ ခြံမြေတွေနဲ့ ဝိုင်းနေတယ်။ လူဦးရေ တိုးလာတယ်။ စီးပွားရေး ထွက်ကုန်နဲ့ လမ်းကြောင်းတွေအရ ကုမ္ပဏီတွေဘက်က ရင်းနှီးမြှုပ်နှံ လာနေကြတယ်။ ဒေသခံတွေက မြို့ထဲမှာပဲ နေချင်တယ်။ အစွန်အဖျား ထွက်မနေချင်ကြဘူး။ လုပ်ငန်းရှင်တွေ့လည်း ဈေးကွက်ရှိတဲ့ မြို့ထဲမှာပဲ နေချင်တယ်။ ပြောချင်တာက လက်ရှိ တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ မြို့ကွက်ချဲ့ထွင်ပေးသင့်တယ်" ဟု ရွှေဆိုင် လုပ်ငန်းနှင့် ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်နိုင်ဝင်းက ပြောသည်။ ရေးမြို့နယ်သည် ရာဘာ၊ ကွမ်းသီး၊ ဒူးရင်းသီး၊ တညင်းသီး စသည့် ဒေသထွက်ကုန်များ ထွက်ရှိပြီး ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများတွင် ငါးဖမ်းလုပ်ငန်းနှင့် အအေးခန်းစက်ရုံများကို လုပ်ကိုင်ကြသည်။

"လက်ရှိအချိန်မှာ အိမ်ရာဆောက်လုပ် နေထိုင်ခွင့် ပုံစံ ၁၀၅/၁၀၆၊ မြေယာအခြားနည်း အသုံးပြုတဲ့ ယခင်အခေါ် လန ၃၉၊ ယခုအခေါ် မြေယာဥပဒေ ပုဒ်မ ၃၀ လျှောက်ထားရတာလည်း အရမ်းကို ခက်ခဲနေတယ်။ ဘာကြောင့်လည်းဆိုတာ စဉ်းစားစရာပါ" ဟု ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။ ဆက်လက် ဖြစ်ပေါ်လာမည့် အာဆီယံ အဝေးပြေးလမ်းမကြီး စီမံကိန်း၊ ကုလားကုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ပြင်ပ စီးပွားရေး လုပ်ငန်းရှင်များ မျက်စိကျလျက်ရှိသော မြို့နယ်တစ်ခုလည်း ဖြစ်သည်။

Credit: Hot News Weekly Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service