မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအနီး မြေဈေးတွေ သိန်းရာချီပြီး ဈေးတက်လာ

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအနီး မြေဈေးတွေ သိန်းရာချီပြီး ဈေးတက်လာ - Property News in Myanmar from iMyanmarHouse.com
13 Aug 2014 3:20 pm တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအစိုးရအဖွဲ့ကမြရည်န္ဒာတန်ဖိုးနည်းအိမ်ရာတွေကိုမကြာခင်ရောင်းချတော့မယ်ဆိုတဲ့ သတင်းကြောင့် အဲသည်အိမ်ရာစီမံကိန်းအနီး ဝန်းကျင်က အိမ်ခြံမြေဈေးနှုန်းတွေ တစ်ပတ်အတွင်းမှာ ကျပ်သိန်း၂၀၀ခန့်ြှမှင့်တက်လာတယ်လို့ ဒေသခံအိမ်ခြံမြေ အကျိုးဆောင်တွေထံက သိရပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေနဲ့ အနီးကမမ(၆)၊မမ(၇)၊မမ(၈)နဲ့ဗဗ(၁)၊(၂)၊(၃)၊(၅)၊(၆)ရပ်ကွက်တွေမှာ ပိုမိုအရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတွေမြှင့်တက်လာတယ်လို့အိမ်ခြံမြေအကျိုးဆောင်ဦးစောသက်နိုင်ကပြောပါတယ်။
အဲသည်ရပ်ကွက်တွေမှာလက်ရှိအရောင်းဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေက၄၉လမ်းမ(အရှေ့ဘက်လှည့်)ကျပ်သိန်း၃၀၀၀၊(အနောက်ဘက်လှည့်)ကျပ်သိန်း၂၅၀၀နဲ့၂၇၀၀ ဝန်းကျင် လမ်းသွယ်(ကြားလမ်း)တွေမှာတော့ကျပ်သိန်း၅၀၀ နဲ့ ၇၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ရှိနေပါတယ်။

' တန်ဖိုးနည်းအိမ်ရာနဲ့ ဒီဘက်မှာ မြရည်နန္ဒာဈေးရှိတာရော၊ လမ်းတွေခင်းတာတွေ လုပ်လာတော့ ဈေးကပိုမြင့်လာတယ်၊ တစ်ပတ်နဲ့တစ်ပတ်ကို မတူဘူး' လို့အိမ်ခြံမြေအကျိုးဆောင် ဦးဇော်နိုင်ဝင်းကပြောပါတယ်။

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအနီးက အိမ်ခြံမြေဈေးနှုန်းတွေက အရောင်းအဝယ် အေးတက်တဲ့ ဝါတွင်းကာလဖြစ်ပေမဲ့ အရောင်းအဝယ်ရှိနေပါတယ်။' ဝါတွင်းကာလပေမဲ့ နိုင်ငံခြားသား ရင်းနှီးမြှုတ်နှံသူတွေက ဒီဘက်မှာရင်းနှီးမြှုတ်နှံတာတွေ ရှိလာတယ်၊ တစ်ပတ်ကိုနှစ်ပွဲ၊ သုံးပွဲလောက်တော့ဖြစ်တယ်' လို့အိမ်ခြံမြေအကျိုးဆောင် ဦးစောသက်နိုင်ကပြော
ပါတယ်။မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှာ အခန်းပေါင်း၁၃၀၀ ကျော်ပါဝင်ပြီး စက်တင်ဘာလ(သီတင်းကျွတ်) မှာ စတင်ရောင်းချ မှာဖြစ်တယ်လို့ မန္တလေးစည်ပင်သာယာ ရေးကော်မတီမှ သိရပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service