ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ လျှောက်လွှာတစ်သိန်းကျော်ပြီဟုဆို

ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ လျှောက်လွှာတစ်သိန်းကျော်ပြီဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Aug 2014 11:18 am တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာမြို့နယ် ရွှေ လင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံ ကိန်းမှ အခန်းများ ၀ယ်ယူရန် လာရောက် လျှောက်ထားသူ တစ် သိန်းကျော်ရှိကြောင်း သတင်းရရှိ သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ရောင်းချ သည့် ဗိုလ်ဗထူးနှင့် ဗိုလ်မင်း ရောင်အိမ်ရာစီမံကိန်းပြီးနောက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန မှ ရောင်းချသည့် အဆိုပါရွှေလင် ပန်းအိမ်ရာစီမံကိန်းမှာ လျှောက် ထားသူ အများဆုံး ဖြစ်လာနိုင် သည်။

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းတွင် လျှောက်ထားသူ သောင်းဂဏန်းသာရှိသော်လည်း ယခုရွှေလင်ပန်းအိမ်ရာစီမံကိန်းမှာ လျှောက်ထားသူ တစ်သိန်းကျော်နေပြီဖြစ်သောကြောင့်၁၀ ဆကျော်လျှောက်ထားမှု မြင့်တက်လာခြင်းဖြစ်သည်။

ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် လျှောက်ထားသူ များပြားနေခြင်းမှာ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်ထက် အခန်းတန်ဖိုး နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအိမ်ရာစီမံကိန်းများ မဲဖောက်ပေးရန် စီစဉ်နေသူ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

ယခုလာရောက်လျှောက် ထားသည့် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းတွင် ပြင်ပက လက်လုပ်လက်စားများထက် အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားအရာရှိများက အများဆုံးဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။

စုစုပေါင်း တိုက် ၂၄ လုံး အခန်းပေါင်း ၅၇၆ ခန်းကို မဲနှိုက်သည့် စနစ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး မဲနှိုက်ခြင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ကျင်းပမည်ဖြစ်ကာ ကျင်းပမည့်ရက်ကို နိုင်ငံပိုင်သတင်းစာများ ၌ ထုတ်ပြန်ကြေညာပေးသွားမည်ဟု သိရသည်။

မဲပေါက်သူအား ရောင်းချမှုစနစ်ကို အရစ်ကျစနစ်နှင့် ဘဏ်ချေးငွေစနစ်ဟူ၍ နှစ်မျိုးနှစ် စားရောင်းချပေးမည်ဖြစ်ပြီး မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန နှင့် စာချုပ်ချုပ်ဆိုသွားရမည်ဖြစ် သည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service