မန္တလေးအိမ်ခြံမြေ ဈေးကွက် ပြန်ကောင်းလာ

မန္တလေးအိမ်ခြံမြေ ဈေးကွက် ပြန်ကောင်းလာ - Property News in Myanmar from iMyanmarHouse.com
24 Jul 2014 10:57 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ ပဋိပက္ခဖြစ်ပွားတဲ့ ကာလအတွင်းမှာ အရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားခဲ့ပြီး ယခုအချိန်မှာ အရောင်းအ၀ယ် ၅၀ ရာခိုင်နှုန်းခန့် ပြန်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အချို့ထံက သိရပါတယ်။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ ဧပြီလကစပြီး အရောင်းအ၀ယ်ကောင်းလာခဲ့ရာ ဇွန်လကုန်အထိ အိမ်ခြံမြေ အရောင်းအ၀ယ် ဆက်တိုက်ကောင်းလာခဲ့တယ်။ ဇူလိုင်လအစပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြံမြေအရောင်းအ၀ယ် လုံးဝရပ်ဆိုင်းသွားပြီး ယခုအချိန်မှာ အရောင်းအ၀ယ် ပြန်ဖြစ်လာပေမယ့် ပုံမှန် အနေအထားကို မရောက်သေးဘူးလို့ ဆိုပါတယ်။

'တစ်ချက်ကတော ပဋိပက္ခ္ခဖြစ်တဲ့အတွက် စီးပွားရေးသမား တော်တော်များများက ဘာ့ဖြစ်လာမှန်းမသိတဲ့အပေါ်မှာ စောင့်ကြည့်နေတာလည်း ပါတယ်၊ နောက်တစ်ချက်က ၅ လပိုင်းနဲ့ ၆ လပိုင်းတုန်းက အရောင်းအ၀ယ် အကောင်းဆုံး ဖြစ်ခဲ့တယ်၊ ဈေးကလည်း ကြိုတက်သလို ဖြစ်သွားတယ်၊ တစ်ချို့နေရာတွေမှာ တစ်နှစ်အတွင်းမှာ တက်ရမယ့်နှုန်းကို တက်သွားတာ၊ ရောက်သင့်တဲ့ ဈေးနှုန်းက နောက်သုံးလနေမှ ရောက်ရမယ့်ဈေးနှုန်း ချက်ချင်းရောက်သွားတာ၊ ကာလိုတိုတစ်ခုအတွင်းမှာ ဈေးနှုန်း အတက်မြန်သွားလို့ရှိရင် ဈေးကွက်တစ်ခုက ရပ်သွားတာ ထုံးစံပဲ' လို့ ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ မြို့တွင်း အိမ်ခြံမြေအရောင်းအ၀ယ်တွေ နှေးကွေးနေသေးပေမယ့် မြို့သစ် အိမ်ခြံမြေကတော့ အရောင်းအ၀ယ် စကောင်းနေပြီ ဖြစ်တယ်။

'အရောင်းအ၀ယ် သဘောအရ နှစ်စဉ် အရောင်းအ၀ယ်ကောင်းတဲ့ ကာလဖြစ်နေတော့ လက်ရှိအချိန်မှာလည်း လုံးဝကြီးတော့ ရပ်မသွားပါဘူး၊ ပဠိပက္ခဖြစ်တဲ့ အချိန်အတွင်းလေးပဲ ရပ်သွားတာပါ၊ အခုက အရင်လို အုတ်အော်သောင်းတင်း မဖြစ်တာ တစ်ခုပဲ၊ သိပ်မကြာခင်မှာပဲ အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်၊ ဈေးကတော့ မကျနိုင်သလို တက်ရင်လည်း တဖြည်းဖြည်းချင်းပဲ တက်တော့မှာ၊ နဂို အရောင်းအ၀ယ် ကောင်းနေသလို ခုန်ပြီးတက်စရာ အကြောင်းမရှိတော့ဘူး' ဟု ဦးတင်မောင်က ဆိုပါတယ်။

ဈေးမြင့်တဲ့ အိမ်ခြံမြေ အရောင်းအ၀ယ်တွေဟာ အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက် မြင့်တဲ့အတွက် အခွန်ပိုဆောင်ရမှာ ဖြစ်တာကြောင့် အရောင်းအ၀ယ်အေးတယ်။ လက်ရှိအချိန်မှာ မြို့သစ်ဘက်က ကျပ်သိန်း ၁၀၀၀ ၀န်းကျင် မြေကွက်တွေသာ အရောင်းအ၀ယ် အဖြစ်များတယ်။

မြို့သစ်ရှိ ထွန်းတုံးရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက်၊ မကြာခင်ကမှ ကွန်ကရစ်လမ်းခင်းလိုက်တဲ့ ၄၉ လမ်း လမ်းဘေးဝဲယာ၊ အောင်သာယာရပ်ကွက်တွေမှာ အရောင်းအ၀ယ် အဖြစ်များတယ်လို့ အိမ်ခြံမြေ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။

'လက်ရှိအချိန် ဈေးကွက်ထဲမှာက ၀ယ်လက်အကြီးတွေ မဆင်းဘူး၊ ကျပ်သိန်း ၁၀၀၀ ပတ်ချာလည်သုံးတဲ့ အလယ်အလတ်တန်းစား ၀ယ်လက် ဆင်းတာများတယ်၊ ကျပ်သိန်း ၁၀၀၀ အောက်တွေ အရောင်းအ၀ယ် အဖြစ်များတယ်၊ မြို့သစ်မှာ တချို့နေရာတွေက ဈေးတန်းအရ ကုန်သွားတဲ့နေရာတွေ ရှိတယ်၊ ၀ယ်လက်တွေအနေနဲ့က ဈေးတန်းကုန်သွားတဲ့နေရာတွေကို ရပ်ပြီး ဈေးကွက်ကျန်နေသေးတဲ့၊ ဈေးတက်ဖို့ အလားအလာရှိတဲ့ နေရာတွေကို ပြောင်းပြီး အရောင်းအ၀ယ်လုပ်လာကြတယ်' လို့ ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝဏ္ဏစိုးက ပြောပါတယ်။

အမြင့်ဆုံးနဲ့ အမြန်ဆုံး တက်ခဲ့တဲ့ စံချိန်နှစ် တစ်နှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်က ဈေးနှုန်းကို မီလာတဲ့နေရာ ရှိသလို မမီသေးတဲ့ နေရာတွေလည်း ရှိတယ်။ ၂၀၁၁ ခုနှစ်အတွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေ စံချိန်တင်အောင် မြင့်တက်ခဲ့ပေမယ့် အစိုးရရဲ့ မြေအပေါ်ထားတဲ့ မူဝါဒအပြောင်းအလဲကြောင့် မြေဈေးနှုန်းတွေ တဖြည်းဖြည်းကျဆင်းလာတာတွေ ရှိခဲ့တယ်လို့ မြေအကျိုးဆောင် အချို့က သုံးသပ်ပါတယ်။

'တချို့နေရာတွေမှာ ၂၀၁၁ ဈေးကို မမီသေးဘူး၊ ဥပမာ ရဲမွန်တောင်၊ မဟာမြိုင် တို့ဆိုရင် ၂၀၁၁ ဈေးထက် ပိုမြင့်သွားပြီ၊ လလ၊ ၀၀၊ စစ၊ တတ၊ ညည ဆိုရင် ၂၀၁၁ ဈေးထက် နိမ့်သေးတယ်၊ ၀ယ်ပျော်သေးတယ်၊ အဲဒါကြောင့် ဈေးကွက် ကျန်နေသေးတဲ့ အတွက် အခြေအနေ ငြိမ်သက်သွားရင် အရောင်းအ၀ယ် ပြန်ဖြစ်လာမှာပါ' လို့ ရွိုင်ရယ်ထွန်း သစ္စာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။

'မန္တလေးမြို့ဟာ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေ လာရောက်ပြီး စီးပွားရေး လုပ်ကိုင်ကြတယ်။ လက်ရှိအချိန်မှာ အစိုးရပိုင်းက နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံမှာ ငါးနှစ်အထိ နေထိုင်ခွင့်ပေးတော့မယ့် မူဝါဒအပြောင်းအလဲက အိမ်ခြံမြေဈေးကွက်ကို အကျိုးရှိလာနိုင်တယ်' လို့ အိမ်ခြံမြေ အကျိုးဆောင်အချို့က သုံးသပ်ပါတယ်။

'နိုင်ငံခြားသားတွေကို နှစ်ရှည်နေထိုင်ခွင့် ပေးမယ်ဆိုရင်တော့ တရုတ်လုပ်ငန်းတွေ ဒီမှာ အိမ်ငှားတဲ့သူ များလာမယ်၊ ၀ယ်တာမျိုးကတော့ နိုင်ငံခြားသားကို မြေယာပိုင်ဆိုင်ခွင့် ပေးမထားတဲ့အတွက် သူနွယ်ရာနွယ်ကြောင်း အမျိုးတွေ ရှိရင်တော့ ၀ယ်မှာပေါ့၊ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ အငှားပဲ ပိုဖြစ်နိုင်တယ်' လို့ ဦးတင်မောင်က သုံးသပ်ပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service