လုပ်ငန်းမလုပ်သော စက်မှုဇုန်မြေကွက်များ ၀ယ်ဈေးအတိုင်းလျော်ကာ ပြန်သိမ်းမည်

လုပ်ငန်းမလုပ်သော စက်မှုဇုန်မြေကွက်များ ၀ယ်ဈေးအတိုင်းလျော်ကာ ပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
19 Jul 2014 11:40 am တွင် တင်ခဲ့သည်
1022 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ စက်မှုဇုန် များတွင် လုပ်ငန်းမလုပ်ဘဲ မြေ ကွက်ဝယ်ယူ ရင်းနှီးမြှုပ်နှံထား သော မြေကွက်လွတ်များကို အစိုးရ စတင်ချပေးစဉ်က နှုန်း ထားအတိုင်း ပြန်လည်ပေးလျော် ၍ သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒုသမ္မတ ဦးဆောင်ပြီး ဒီကိစ္စကို စီစဉ်နေတာပါ။ ငွေပြန် အမ်းမှာလည်း အစိုးရချဈေးအ တိုင်းပြန်ပေးမယ်လို့သိရတယ်’’ ဟု စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတစ်ဦးကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာစက်မှုဇုန်တွင် အသေး စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဇူလိုင် ၁၈ ရက်၌ အစည်းအဝေးကျင်းပပြီး အများစု ဆွေးနွေးခဲ့သည်မှာ မြေပြန်သိမ်းရေးနှင့် ပတ်သက် ကြောင်း အစည်းအဝေး တက် ရောက်ခဲ့သော စက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ တစ်ဦးက ပြောကြားသည်။

စက်မှုဇုန်မြေများကို သိမ်းယူရာတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် အမှန်တကယ်လုပ်ငန်းလုပ် မည့်သူကို အစိုးရပေါက်ဈေးဖြင့် ပြန်ရောင်းပေးမည်ဖြစ်သည်။ ၀ယ်ယူသူအနေဖြင့်လည်း သတ်မှတ်ချိန်အတိုင်း လုပ်ငန်းအကောင်အ ထည်မဖော်နိုင်ပါက ထပ်မံပြန် လည်သိမ်းယူမည်ဖြစ်ကြောင်း သိ ရသည်။ စက်မှုဇုန်မြေကွက်များ သည် လက်ရှိအချိန်တွင် ကျပ်သိန်းထောင်ဂဏန်းရှိသော်လည်း နိုင်ငံ တော်မှ စတင်ရောင်းချပေးချိန် ၂၀၀၀ပြည့်နှစ်ရှေ့ပိုင်းက စတင် ခဲ့သော စက်မှုဇုန်များတွင် တစ် ဧကလျှင် ကျပ်သိန်းဆယ်ဂဏန်း ၀န်းကျင်သာဈေးရှိခဲ့သည်။ စက်မှုဇုန်မြေကွက်များကို အကွက်ဖော် ရောင်းချရာတွင် အများအားဖြင့် ဧကကွက်များသာဖြစ်သည်။

စက်မှုဇုန်များတွင် လုပ်ငန်း မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၀ယ်ယူထားသည့် မြေကွက်အ လွတ် ၃၀၀၀ ရှိပြီး စက်မှုဇုန် အသေးတွင် ပိုများသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်း ရှိ စက်မှုဇုန်များတွင် မြေကွက် ဈေးသည် လက်ရှိပေါက်ဈေးမှာ တစ်ကွက်လျှင်ကျပ်သိန်း ၆၀၀၀ ထိရှိသည်။ ယင်းမှာ မြေကွက်လွတ် ပေါက်ဈေးသာဖြစ်ပြီး ခြံခတ်ပြီး အဆောက်အအုံပါလျှင် တစ်ဧက ကျပ်သိန်း တစ်သောင်းကျပ်ထိ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

ယခင်က စက်မှုဇုန်များတွင် မြေကွက်လွတ်များနှင့် ပတ်သက် ၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦး စီးဌာနမှသာစည်းကမ်းချက်များ ထုတ်ခဲ့သည်။ မြေကွက်ဝယ်ယူပြီး သုံးလအတွင်းခြံခတ်ခြင်း၊ ခြောက်လအတွင်း အဆောက်အအုံများဆောက်လုပ်ခြင်း စသည့် စည်း ကမ်းချက်များထုတ်ပြန်ခဲ့သည်။

‘‘တကယ်သိမ်းမယ်ဆိုရင် ဒီဂယက်ကြောင့် ဈေးပြန်ကျနိုင် တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်းဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကပြောကြားသည်။

စက်မှုဇုန်မြေကွက်များကို ၀ယ်ယူထားသူများမှာ ယခင် အစိုးရတွင် ရာထူးကြီးစွာ ရယူ ထားသူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ ငွေကြေးခ၀ါချလိုသူ များနှင့် မြန်မာနိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံသားလုပ်ငန်းရှင်များ ပါဝင်သည်။ ထိုကြောင့် လက်ရှိ အစိုးရ အနေဖြင့် မြေယာပြန် လည်သိမ်းယူမည့် အစီအစဉ်မှာ စောင့်ကြည့်စရာဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဝေဖန်ကြသည်။

‘‘ဒီလိုသိမ်းပြီး ပြန်ချပေးမယ် ဆိုရင် တကယ်အလုပ်လုပ်လိုသူ အတွက် ၀မ်းသာစရာပဲ။ အစိုးရ ရောင်းဈေးနဲ့ရရင် သက်သာတာ ပေါ့’’ ဟု လှိုင်သာယာစက်မှုဇုန် (၁) မှ ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု နှေးကွေးနေခြင်းမှာ မြေယာဈေး မြင့်မှုလည်း ပါဝင်ကြောင်း နိုင်ငံ တော်အစိုးရက ပြောကြားလာ သည်မှာ နှစ်ချီကြာမြင့်ခဲ့ပြီဖြစ် သည်။ သို့သော် မြေဈေးကစားမှု များ၊ ငွေကြေးခ၀ါချလိုသူများ၏ ကစားမှုများကြောင့် ရန်ကုန်မြေ ဈေးမှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အမြင့်ဆုံးဖြစ်သည်။

မြေဈေးနှုန်းများကျဆင်းရန် အတွက် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှာ ကဲ့သို့ပိုင်ဆိုင်မှုခွန်ကောက်ခံရန် စီးပွားရေးပညာရှင်များနှင့် လွှတ် တော်အမတ်အချို့က တိုက်တွန်း သော်လည်း လက်ရှိ အချိန်ထိ အကောင်အထည်ပေါ်မလာသေး ကြောင်း လုပ်ငန်းရှင်များက ပြော ကြားသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service