မန္တလေးမြို့ကို တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ တိုးချဲ့သွားမည်

မန္တလေးမြို့ကို တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ တိုးချဲ့သွားမည် - Property News in Myanmar from iMyanmarHouse.com
17 Jul 2014 2:50 pm တွင် တင်ခဲ့သည်
817 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော်ကို လက်ရှိမြို့၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ တဖြည်းဖြည်း တိုးချဲ့ သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်ဝန် ဦးအောင်မောင်းကပြောကြားသည်။

မန္တလေးမြို့၏တောင်ပိုင်း နှင့် အရှေ့တောင်ပိုင်းတို့အတွက် ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲထားကြောင်း၊ ယင်းနေရာများတွင် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများအပြင် သီးသန့်ထားမည့် မြေလွတ်ဧရိယာများလည်း ပါဝင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းကပြောသည်။

ဇူလိုင် ၁၄ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ကျူံးဘေးဝန်းကျင်အဆောက်အ အုံများစနစ်တကျရှိစေရေး အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြို့ပြအစီအမံများရေးဆွဲရာတွင် မြေနေရာများကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း မြို့တော်ဝန်ကပြောသည်။ မန္တလေးမြို့သည်တောင်ဘက်သို့ တဖြည်းဖြည်းချဲ့ထွင်လာပြီး မကြာမီ တောင်ဘက်စွန်းရှိ တံတားဦးမြို့နယ်အထိသို့ပါ ရောက်ရှိလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးအချို့က ခန့်မှန်းထားသည်။

ထို့အပြင် မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှစ်(၃၀)စီမံကိန်းတွင် မန္တလေးမြို့ပြချဲ့ထွင်မှုကို တောင်ဘက်သို့ ဦးစားပေးခဲ့သည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တိမ်မြုပ်ပျောက်ကွယ်ခြင်းမရှိ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းခြင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်သာယာလှပနိုင်ရေးနှင့် စိမ်းလန်းစိုပြည်သည့်မြို့တော်ဖြစ်စေရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းခုနစ်ခုတွင် မြေယာစီမံခန့်ခွဲမှုနှင့် မြို့မြေတိုးချဲ့ရေးလုပ်ငန်းများကို အထူးဦးစားပေးအဖြစ် သတ်မှတ်ထားသည်။

နှစ် ၃၀ စီမံကိန်းတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် မန္တလေးအနီးဝန်းကျင် မြို့နယ်များကို မန္တလေးမြို့တော်စည်ပင် နယ်နိမိတ်အောက်သို့ ထည့်သွင်း၍ ဧရိယာတိုးချဲ့စီမံထားပြီး ပထမငါးနှစ်တာကာလ (၂၀၁၁-၂၀၁၅)အတွင်း ပုသိမ်ကြီးမြို့နယ်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ထည့်သွင်းသွားမည်ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြည့်နှက်နေသော မြို့ဧရိယာအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများကို လွှမ်းမိုးမှုရှိနိုင်သော အထပ်မြင့်အ ဆောက်အအုံဆောက်လုပ်ခြင်းများကို စိစစ်ကန့်သတ်ထားမည်ဟုပါရှိသည်။ အရှေ့ဘက်မြို့ပတ်လမ်းနှင့် မန္တလေးတူးမြောင်းကြားရှိ လယ်မြေများကို မြို့မြေအဖြစ် လုံးဝအသုံးမပြုဘဲ စိုက်ပျိုးမြေအဖြစ်သာ အသုံးပြုသွားပါက Green Cityအဖြစ်အထောက်အကူပြု မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခု ဖော်ထုတ်ပြီး မြို့ကွက်သစ်အရှေ့ဘက်ခြမ်းကိုလည်း လူနေမြို့ပြဧရိယာအဖြစ် ဆက်လက်ဖော်ထုတ်ခြင်းမပြုတော့ဘဲ စိုက်ပျိုးမြေလယ်မြေများအဖြစ်သာ ထားရှိသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။မြို့တော် တောင်ဘက်ခြမ်း ထုံးဘို-မြစ်ငယ်ဖြတ်လမ်း ၀န်းကျင်ကိုလည်း စိမ်းလန်းစိုပြည်မှုကို မထိခိုက်စေနိုင်သည့် သင့်တင့်သောမြေအသုံးချမှုကိုသာ စိစစ်ပြောင်းလဲသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှစ်(၃၀)စီမံကိန်းတွင် ချမှတ်ထားသည်။

Credit :7day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service