ငွေကြေးခဝါချလိုသူများက ငွေဖြူပြောင်းလိုသဖြင့် အိမ်ခြံမြေဈေးကွက် အသုံးချခံနေရ

ငွေကြေးခဝါချလိုသူများက ငွေဖြူပြောင်းလိုသဖြင့် အိမ်ခြံမြေဈေးကွက် အသုံးချခံနေရ - Property News in Myanmar from iMyanmarHouse.com
13 Jun 2014 4:58 pm တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး
တရားမဝင် ငွေမည်းများကို ငွေဖြူအဖြစ် ပြောင်းလဲနိုင်ရန်အတွက်အိမ်ခြံမြေဈေးကွက်မှာ အသုံးချခံ နေရာတစ်ခုဖြစ်လာခြင်း၊ မြန်မာနိုင်ငံတွင် ငွေရပေါက်ရလမ်းမပြနိုင်သည့်သူများက ယင်းတို့ပိုင်ဆိုင်မှုများကို ငွေဖြူအဖြစ်ပြနိုင်ရန် အိမ်ခြံမြေများဝယ်ယူလာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မတန်တဆ မြင့်တက်လာ ခြင်းဖြစ်သဖြင့် ပြန်လည်ထိန်းချုပ်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တရားလွှတ်တော် ရှေ့နေများထံမှ သိရသည်။

” Black money တွေ အိမ်ခြံမြေဈေးကွက်ထဲဝင်နေတာကို ထိန်းချုပ်ဖို့က မလွယ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဘိန်းစိုက်တာတို့၊ မူးယစ်ဆေးဝါးတို့က ရနေတဲ့ ပိုက်ဆံတွေနဲ့အိမ်ဝယ်လိုက်ပြီး အခွန်ဆောင်လိုက် ရင်ကို ရနေတယ်။ ဒီပြဿနာတွေချုပ်ငြိမ်းအောင်က ငြိမ်းချမ်းရေး ရဖို့လိုတယ်။ Black က ရတဲ့ ငွေတွေတော် တော်များနေတယ်” ဟု သီပေါမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

အိမ်နီးချင်း တရုတ်နိုင်ငံတွင်အစိုးရက အိမ်ခြံမြေဈေးနှုန်းများကိုအခွန်စနစ်ဖြင့် ထိန်းချုပ်ခြင်း၊ ပိုလျှံ ပိုင်ဆိုင်သည့် အိမ်ရာများအတွက်အခွန်နှုန်းထား မြင့်မားစွာ ကောက်ခံခြင်း၊ ဈေးကစားခြင်း မပြုနိုင်စေရန် အခွန်နှုန်းတိုးမြှင့်ခြင်း အစရှိသည့်နည်းလမ်းများဖြင့် ထိန်းချုပ်မှုများပြုလုပ်လျက်ရှိသည်။

”ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ငွေတွေကို ဒီမှာက အခွန်ပေးလိုက်ရင်ကို ရနေတယ်။ တိုးပွားလာတဲ့ လူဦးရေနဲ့ စီးပွားရေးအခြေအနေတွေအရ မြေဈေးတွေက ထပ်တက်နေဦးမယ်။ သူတို့ထိန်းဖို့ဆိုတာမလွယ် ဘူး”ဟု ၎င်းက ပြောသည်။

တရားမဝင်ငွေကြေးများ ပြည်တွင်း အိမ်ခြံမြေဈေးကွက်သို့ မဝင်ရောက်စေရန်အတွက် နယ်စပ်ဒေသ တစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်မှသာလျှင် မူးယစ်ဆေးဝါးမှ ရရှိနေသည့် ငွေကြေးများကို အထိုက်အလျောက်ထိန်းချုပ်သွားနိုင်မည် ဖြစ်သော်လည်း ယနေ့ တိုက်ပွဲများဖြစ်ပွားနေသည့် အချိန်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဓိက ငွေရပေါက်ဖြစ်နေသည့် ဘိန်းစိုက်ပျိုးမှုနှင့်မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ထိန်းချုပ်ရန်မှာ အင်မတန် အလွန်ခက်ခဲသည့်အခြေအနေ တစ်ရပ် ဖြစ်ကြောင်းအဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

”အိမ်ခြံမြေဈေးကွက် အနေအထားက ငွေမည်းသမားတွေ၊ ငွေဖြူပြချင်တဲ့ လူတွေ အကြိုက်ပဲ၊ အိမ်ဝယ်မယ်။ အဲဒီအတွက် သူတို့အခွန်ပေးမယ်။ ဒါဆိုသူတို့ပိုက်ဆံကဖြူသွားပြီ။ ပြန်ရောင်းရင်လည်း သူတို့က ရောင်းခွန်ပေးဦးမယ်ဆိုတော့သူတို့ပိုက်ဆံက ငွေဖြူဖြစ်သလိုအိမ်ခြံမြေဈေးကလည်း တက်သွားတယ်” ဟု တရားလွှတ်တော်ရှေ့နေဦးထွန်းအေးက ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမည့်အစား အမြတ်အစွန်း သေချာသည့် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက်၍ဈေးကစားခြင်း၊ ပြည်ပမှ ငွေကြေးအင်အား တောင့်တင်းသည့် အဖွဲ့အစည်းများက နာမည်မျိုးစုံဖြင့်ဝင်ရောက်ကာ အိမ်ခြံမြေဈေးကွက်၌ဝင်ရောက်ဈေးက စားခဲ့ပြီး ယင်းတို့အမြတ်ရရှိသည်နှင့် ဈေးကွက်မှပြန်လည်ထွက်ခွာသွားခြင်း စသည်တို့ကြောင့် အိမ်ခြံမြေဈေး နှုန်းများအမြင့်ဈေးတွင် ရပ်တည်နေသော်လည်း ဝယ်လက်ပျောက်သွားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

”အရင်ခေတ်တုန်းကတော့ ငွေဘယ်ကရလဲဆိုတာ မေးခဲ့ဖူးတယ်။ မပြနိုင်ရင် အခွန် ၄ဝ ရာခိုင်နှုန်း ဆောင်ရတယ်။ ဒီဘက်ခေတ်ကျတော့ ဘယ်ကရတယ်ဆိုတာ ပြစရာမလိုတော့ဘူး။ အခွန်ပေးလိုက်ရင်အဆင် ပြေပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service