တောင်ဥက္ကလာ စီမံကိန်းမြေနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လာ

တောင်ဥက္ကလာ စီမံကိန်းမြေနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
4 Jun 2014 10:45 am တွင် တင်ခဲ့သည်
1102 ကြိမ် ကြည့်ရှု့ပြီး
တောင်ဥက္ကလာပမြို့နယ် စီမံကိန်းရပ်ကွက်တွင် မြေဈေးများတစ်နှစ်အတွင်း ထက်ဝက်နီးပါးတက်သွားသော်လည်း မြို့နယ်အတွင်းအခြား နေရာများနှင့်ယှဉ်လျှင် မြေဈေးသက်သာသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များပိုမိုဝင်ရောက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ပထမကတော့ ဒီမှာဆောက်လုပ်ရေး လုပ်ငန်းတွေ လုံးဝမရှိဘူး။ အရင်တုန်းက စစ်သားမိသားစုတွေနေဖို့ ပေးထားတဲ့ နေရာလေ။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် တစ်ဆင့် ပြီးတစ်ဆင့်ရောင်းသွားကြတာ။ အဲဒီတော့ မြေပိုင်ဆိုင်မှု ပြဿနာတွေကလည်းရှိတော့ ဆောက်လုပ် ရေးတွေက မ၀င်တာများတယ်" ဟု အဆိုပါရပ်ကွက်နေ ကိုဇာနည်ကပြောသည်။

တောင်ဥက္ကလာပမြို့နယ် ပတ်ဝန်းကျင်ရှိ မြေနေရာများ ဈေးတက်လာသော်လည်း ၁၄ ရပ်ကွက် (စီမံကိန်း) မြေနေရာသည် ဈေးများမြင့်တက်ခြင်း မရှိပဲရှိခဲ့သော်လည်းယခုတစ်နှစ်အတွင်းတွငမြေဈေးများထက်ဝက်နီးပါးမြင့်တက်သွားသည်ဟု အိမ်ခြံမြေအကျိုးဆောင် ဒေါ်လှကပြောသည်။

"ဒီမှာက ကျူးကျော်မြေတွေလည်းရှိနေတာဆိုတော့ မြေပိုင်ဆိုင်မှုကိုတော့ သေချာစစ်ဆေးရတယ်။ကျွန်တော်တို့က ဂရန်ပါတဲ့မြေနေရာ မှာပဲဆောက်တာ။ စီမံကိန်း မြေနေရာက ဈေးတက်သွားတယ်ဆိုပေမယ့် တောင်ဥက္ကလာပ မြို့နယ်ထဲက တစ်ခြားမြေဈေးထက်သက်သာနေတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဝင်လာတာပါ" ဟု Golden Boat ဆောက်လုပ်ရေး မှ ကိုဝေယံကပြောသည်။

စီမံကိန်းမြေနေရာများသည် တစ်နှစ်အတွင်း မြေဈေးထက်ဝက်နီးပါးတက်သွားပြီး ပေ ၂၀ မြေကွက်ဆိုလျှင် ကျပ်သိန်း ၆၀ ၀န်းကျင်ရှိပြီး ပေ ၄၀ မြေကွက်မှာ ကျပ် သိန်း ၁၀၀ ၀န်းကျင် ရှိပြီးယခင်က ကျပ်သိန်း ၃၀ မှ ၅၀ ၀န်းကျင်သာရှိကြောင်း ဒေါ်လှကပြောသည်။

"တောင်ဥက္ကလာပက မြေဈေးကတော့ တက် နေမှာပဲ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ လည်းအဲဒီနေရာတွေကို အရမ်းသဘောကျ တယ်။ ဘာလို့လဲဆိုတော့ အထပ်မြင့် ဆောက် လို့ရလို့စိတ်ဝင်စားကြတာပါ။ အဲဒါကြောင့် မြေဈေးကအတက်ဘက်ကိုပဲ ဦးတည်နေတာပါ" ဟု ရွှေကံ မြေအိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောသည်။

အဆိုပါမြေနေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများသည် တစ်ခြမ်းပေးတစ်ခြမ်းယူ စနစ်ဖြင့်သာတည်ဆောက်ကြပြီး တိုက်ခန်းဝယ် ယူမှုများ၊ အငှားများနှင့် ကြိုပွိုင့် ၀ယ်ယူသည့်ဈေးကွက်မှာလည်းကောင်းမွန်ပြီး အရောင်းအ၀ယ်ဈေးကွက်လည်း ကောင်းမွန်ကြောင်း ကိုဝေယံက ပြောသည်။

Credit: MM Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service