ဟံသာဝတီလေဆိပ်ပရောဂျက် ရပ်နားထားတာကြောင့် စီမံကိန်း အ နီးဝန်းကျင်ရှိ အိမ်ခြံမြေဈေးတွေ ကျဆင်းလာတယ်လို့ သိရပါတယ်။
”ကိုရီးယားနဲ့ ခေတ္တရပ်ဆိုင်းပြီး စင်ကာပူနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်ဆို တာတွေကြောင့် အိမ်ခြံမြေဈေးတွေက တဖြည်းဖြည်းကျဆင်းလာတာ”လို့ မြန်မာ့ ရတနာမြေအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အမ်ဒီ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။
ဟံသာဝတီလေဆိပ်စီမံကိန်းအနီး ပတ်ဝန်းကျင်မှာရှိတဲ့ ဥဿာမြို့သစ်နဲ့ မြို့ ရှောင်လမ်းရှိ အိမ်ခြံမြေတွေ အရောင်းအဝယ် အေးနေသလို ဈေးလည်းကျဆင်းလာပါတယ်။ စီမံကိန်းအတွက် သေချာတဲ့ အဖြေတစ်ခုရမှသာ အရင်လို အခြေအနေ မျိုး ပြန်ရနိုင်မယ်လို့ အကျိုး ဆောင်တွေက သုံးသပ်ကြပါတယ်။
လက်ရှိ ဟံသာဝတီလေဆိပ်အနီး ဝန်း ကျင်ရှိ အိမ်ခြံမြေဈေးတွေကတော့ ပေ ၄၀ ¥ ပေ ၆၀ ကို ကျပ်သိန်း ၅၀ဝ ဝန်းကျင်၊ ပေ ၈၀ ¥ ပေ ၆၀ ကို ကျပ်သိန်း ၇၀ဝ ဝန်းကျင် နဲ့ ဆည်မြောင်းလမ်းမှာရှိတဲ့ ပေ ၁၂၀ ¥ ပေ ၁၅၀ ဗီအိုင်ပီကွက်တွေကတော့ ကျပ် သိန်း ၃၀ဝ၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
”စီမံကိန်းနားထားတော့ လူစိတ်ဝင်စားမှု နည်းသွားတာပေါ့၊ တချို့ရောင်းချင်တဲ့သူတွေကတော့ ဈေးနှုန်းကျနေပေမဲ့ ကြိုက်ရောင်းကြိုက်ဝယ် ရောင်းတာတွေ လဲရှိတယ်”လို့ ကိုဝင်းနိုင်ဦးက ဆို ပါတယ်။
ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထားရှိပေမဲ့ လေဆိပ်တည်ဆောက်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲတေကြောင့် သတ်မှတ်ချိန် အတွင်း မပြီးစီးနိုင်သေးဘူးလို့ သိရပါ တယ်။ အဆိုပါ ဟံသာဝတီလေဆိပ် စီမံ ကိန်းကို အကြောင်းပြုပြီး ပဲခူး ဥဿာမြို့သစ်ရှိ အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားလာကြပြီး ဈေးနှုန်းတွေလည်း ကြီးမြင့်လာခဲ့ပါတယ်။ ဟံသာဝတီ လေဆိပ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မိုင် ၄၀ အကွာမှာ တည်ရှိပါတယ်။
Credit : Kumudra