အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ - Property News in Myanmar from iMyanmarHouse.com
19 Sep 2025 11:25 am တွင် တင်ခဲ့သည်
381 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်တွင် ယခုနှစ်အတွင်း ဦးနှောက်စား အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာကြောင်း India Today သတင်းဌာနက ဖော်ပြသည်။

ကျန်းမာရေးဝန်ကြီး ဗီနာ ဂျော့ချ် (Veena George) က ရေပြင်များ ဘေးကင်းရေးနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများ အဆောတလျင် ဆောင်ရွက်လျက်ရှိနေသည်။

(ဆက်စပ်သတင်း)

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

https://www.imyanmarhouse.com/news/read/1157220

Amoebic meningoencephalitis ဟုခေါ်သော ရှားပါးသည့် ဦးနှောက်စား အမီးဘား ကူးစက်ခံရမှု နောက်ဆုံးဖြစ်ရပ်အနေဖြင့် ကီရာလာပြည်နယ်၏ မြို့တော် သီရူဗာနန်သာပူရမ်မြို့မှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ကူးစက်ခံရမှု ဖြစ်သည်။

ထိုလူငယ်ကို ရောဂါရှာဖွေစစ်ဆေးမှု ပြုလုပ်ပြီးနောက်ပိုင်း ကျန်းမာရေးဌာနက Akkulam ကမ္ဘာလှည့်ခရီးသွား ကျေးရွာရှိ ရေကူးကန်ကို ပိတ်သိမ်းလိုက်ပြီး ရေနမူနာ ရယူကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေသည်။

ထိုလူငယ်သည် ရောဂါကူးစက်မခံရမီတစ်ရက်က ဤရေကန်တွင် သူငယ်ချင်းများနှင့်အတူ ရေကူးခဲ့ကြောင်း အာဏာပိုင်တို့က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ရှိ Integrated Disease Surveillance Programme တွင် စက်တင်ဘာ ၁၄ ရက်က ဖော်ပြခဲ့သော အချက်အလက်များအရ ကီရာလာပြည်နယ်တွင် ယခုနှစ်အတွင်း amoebic meningoencephalitis ကူးစက်ခံရသူ ၆၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၈ ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ကီရာလာပြည်နယ် ကျန်းမာရေးဝန်ကြီး ဗီနာ ဂျော့ချ်က amoebic meningoencephalitis ကို ထိန်းချုပ်ရန်အတွက် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ရန် အဆောတလျင် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားထားပြီး ရေကူးမည်ဆိုပါက သတိရှိရန် ပြည်သူတို့ကို အကြံပေးထားသည်။

ကျန်းမာရေးဝန်ကြီး ဗီနာက “ကျွန်မတို့အနေနဲ့ amoebic meningoencephalitis ကို ကာကွယ်ဖို့အတွက် ခိုင်မာတဲ့ အကာအကွယ်တစ်ခုခု ဖန်တီးရမှာ ဖြစ်ပါတယ်။ ကျွဲနွားတွေ ရေစိမ်ကြတဲ့ နေရာတွေ အပါအဝင် ရေသေ (ဒါမှမဟုတ်) ညစ်ညမ်းတဲ့ ရေထဲမှာ မျက်နှာမသစ်ကြဖို့၊ ရေမကူးကြဖို့ ကျွန်မတို့ ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။”

ရေတွင်းများကိုလည်း ကလိုရင်းဖြင့် ပိုးသတ်သင့်ကြောင်း၊ water theme park များရှိ ရေကူးကန်များကိုလည်း ကောင်းစွာ ကလိုရင်းခတ်ထားသင့်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

“အိမ်တွေမှာ ရေလှောင်ထားတဲ့နေရာတွေကို သန့်ရှင်းအောင် ထားသင့်တယ်။ ဒီ အမီးဘားက နှာခေါင်းက တဆင့် ဦးနှောက်ထဲကို ဝင်တာဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းထဲကို ရေမဝင်အောင် ဂရုစိုက်ကြပါ” ဟု ဝန်ကြီးက ပြောသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ကီရာလာပြည်နယ်တွင် amoebic meningoencephalitis ကြောင့် လူတစ်ဦး သေဆုံးခဲ့ရာ တစ်လတာအတွင်း ၅ ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံး သေဆုံးခဲ့ရသူမှာ မာလာပူရမ်ခရိုင်၊ Vandoor မြို့မှ ရှိုဘာနာ အမည်ရှိ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကြီးဖြစ်ပြီး Kozhikode Medical College ဆေးရုံတွင် ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားခြင်း ဖြစ်သည်။

ရာဟေ့ရှ်အမည်ရှိ အသက် ၄၅ နှစ်အရွယ် အခြားလူနာတစ်ဦးမှာလည်း ဦးနှောက်စား အမီးဘား ကူးစက်ခံရကာ ထိုဆေးရုံတွင်ပင် သေဆုံးသွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Kerala confirms 67 brain-eating amoeba cases, 18 deaths so far this year (indiatoday)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service