“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ - Property News in Myanmar from iMyanmarHouse.com
18 Sep 2025 11:55 am တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒက်ရှ်ပြည်နယ်၊ ဂွါလီယာမြို့နေ စီးပွားရေးလုပ်ငန်းရှင် မိန်းကလေးတစ်ဦးဖြစ်သူ တန်ည မစ်တဲသည် မဟာကွမ်း (Mahakumbh) ပွဲတော်သို့ သွားရောက်ခဲ့ပုံ ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ကျော်ကြား ဂယက်ရိုက်ခဲ့သည်။

(မှတ်ချက်။ မဟာကွမ်း ပွဲတော်သည် အိန္ဒိယ၏ အထင်ရှားဆုံး ပွဲတော်တစ်ခုဖြစ်ပြီး ၁၂ နှစ်တစ်ကြိမ်သာ ကျင်းပသည်။ သန့်စင်သော ရေစင်တော်ဖြင့် ရေချိုးကာ မကောင်းသောကြမ္မာဆိုးတို့ကို ဆေးကြောလေ့ရှိသည်။ ဂင်္ဂါ၊ ယမုံနာမြစ်တို့ အပါအဝင် နေရာ ၄ နေရာတွင် ကျင်းပလေ့ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ကျရောက်သော မဟာကွမ်းပွဲတော်ကို ယခုနှစ် ဇန်နဝါရီ ၁၃ မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ ကျင်းပခဲ့သည်။)

တန်ည မစ်တဲသည် အိန္ဒိယ ရုပ်သံတို့မှ ထုတ်လွှင့်သော Bigg Boss အမည်ရှိ reality show ၏ season 19 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အရပ်ရှည်မှုအပေါ် troll ခံခဲ့ရသည်။

တန်ည မစ်တဲက ပြောသည်မှာ မိမိ၏ စံအိမ်မှာ စတုရန်းပေ ၂၆၀၀၀ ကျယ်ဝန်းပြီး ဝန်ထမ်းပေါင်း ၈၀၀ ကျော်ကို ကွပ်ကဲနေသူဖြစ်ကာ သက်တော်စောင့်များလည်း ခန့်ထားပြီး သန်းကြွယ်သူဌေးတစ်ဦးဖြစ်ကြောင်း ပြောသည်။

တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် တန်ညက ပြောခဲ့သည်မှာ မိမိအနေဖြင့် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ရန် အသင့်ရှိသည်ဟု ဆိုသည်။

NewScoop သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တန်ညက “ဒီကမ္ဘာကြီးမှာ ကိုယ်လိုချင်တဲ့ အမျိုးသားမျိုးရှိလားဆိုတာ မသိပါဘူး။ ဒါပေမယ့် အလုပ်လက်မဲ့ဘဲတစ်ယောက်ကို လက်ထပ်ရလို့လည်း ကိစ္စမရှိပါဘူး။ ခြေထောက်ကို နှိပ်နယ်ပေးရသည်ဖြစ်စေ၊ လူလယ်ခေါင်မှာ သူ့ခြေဖျားကို နဖူးနဲ့ တိုက်ရသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ အချစ်ရေးမှာ ရာထူးအဆင့်ဆိုတာ မရှိဘူးလို့ ကျွန်မ ယုံကြည်ထားပါတယ်” ဟု ပြောခဲ့ဖူးသည်။

ချစ်သူအမျိုးသားဟောင်းအပေါ် မိမိ လုပ်ဆောင်ပေးခဲ့သည်များကို တန်ညာက ပြန်ပြောင်းပြောပြသည်။

“ကျွန်မ ချစ်သူထားခဲ့ချိန်က ကျွန်မဟာ ဘာကိုမှ မျှော်လင့်ချက်မထားခဲ့တဲ့သူပါ။ သူ စားသောက်ပြီးချိန်မှာ ရေနွေးစိမ်ထားတဲ့ အဝတ်တစ်ခု လက်သုပ်ဖို့ ယူလာပေးတာမျိုးအထိ လုပ်ပေးပါတယ်။ ယောက်ျားရရင်လည်း ခင်ပွန်းကို ဒါမျိုးလုပ်ပေးမှာပါ။ ယောက်ျားဖြစ်သူအနေနဲ့ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးလို ခံစားစေချင်ပါတယ်” ဟု တန်ညက ပြောသည်။

လူချမ်းသာတစ်ဦးအား လက်ထပ်ရန် အဘယ်ကြောင့် စိတ်မဝင်စားသည့်အကြောင်းကို တန်ညက ရှင်းပြသည်မှာ “အခုအချိန်မှာ ကျွန်မ စက်ရုံ ၃ ခု ပိုင်ပါတယ်။ ငွေတွေ အလုံအလောက်ရှိပါတယ်။ ဒီလိုပြောလို့ ကျွန်မအတွက် ငွေရှာပေးမယ့်သူမျိုး အရေးတကြီး မလိုအပ်ပါဘူး။ အမျိုးသားတစ်ယောက်အနေနဲ့ စားစရာဝယ်လာဖို့အရေး သောကများမနေရတဲ့ ဘဝနဲ့ ထိုက်တန်တယ်လို့ ယူဆပါတယ်။ ကျွန်မဟာ ခင်ပွန်းအတွက် ငွေရှာပေးမယ့်အပြင် ကိုယ်တိုင် ချက်ပြုတ်ပေးမှာပါ။” ဟု ဆိုသည်။

“အမျိုးသမီးတွေဟာ အမျိုးသမီး တန်းတူအခွင့်အရေးလို့ ကြွေးကြော်ပြီး ခင်ပွန်းတွေအပေါ် လွှမ်းမိုးတာတွေ လုပ်စပြုနေကြပါပြီ။ ဒါက မှားယွင်းပါတယ်။ သီတာဒေဝီဟာ ရာမမင်းသားရဲ့ ခြေအစုံကို ဦးခိုက်ခဲ့သူပါ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: ‘Millionaire’ Tanya Mittal says she is ready to marry a jobless man and cook for him: ‘I own about 3 factories, have enough money’ (indianexpress)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service