(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန် - Property News in Myanmar from iMyanmarHouse.com
20 Aug 2025 1:59 pm တွင် တင်ခဲ့သည်
277 ကြိမ် ကြည့်ရှု့ပြီး

ဒေးဗစ် ဟမ့်ပ်ဆန်ဆိုသည့် အမျိုးသားသည် ဗြိတိန်၏ ပု စ္ဆာအဆန်ဆုံး လူသားဖြစ်နေသည်။

ဟမ့်ပ်ဆန်သည် ဆွမ်ဆီးမြို့ရှိ မီးပွိုင့်တစ်နေရာတည်းတွင် ၁၀ နှစ်ကျော် လမ်းအလယ်ခေါင် မတ်တပ်ရပ် နေခဲ့သူ ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ပြုလုပ်ရသည်ကို ယနေ့တိုင် မည်သူမှ မသိကြချေ။

ဒေးဗစ် ဟမ့်ပ်ဆန်အကြောင်း သတင်းများမှာ လွန်ခဲ့သော ၄ နှစ်ခန့်ကလည်း သတင်းမီဒီယာများတွင် ပေါ်ပေါက်ခဲ့ဖူးသည်။

ထိုစဉ်ကမူ လမ်းလယ်တွင် နှစ်ရှည်လများ မတ်တပ်ရပ် ပိတ်ဆို့ထားသော ဟမ့်ပ်ဆန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသောကြောင့် သတင်းများတွင် ပါလာခဲ့ခြင်း ဖြစ်သည်။

ဟမ့်ပ်ဆန်က ရဲတပ်ဖွဲ့အပါအဝင် မည်သူ့ကိုမှ သူ၏ ရည်ရွယ်ချက် အကြောင်းရင်းကို ပြောမပြခဲ့။ ထောင်သာ အကျခံခဲ့သည်။

(ဒေးဗစ် ဟမ့်ပ်ဆန်မှာ ဆွံ့အနေသူမဟုတ်သော်လည်း ရဲတပ်ဖွဲ့၊ ဆရာဝန်များ၊ ရှေ့နေများကို စကားတစ်ခွန်းမှ မဟခဲ့ချေ။)

(ယခုနှစ် ဇွန်လ ၁၉ ရက်က ဟမ့်ပ်ဆန်သည် ဆွမ်ဆီးမြို့ De La Beche လမ်းရှိ ရဲစခန်းရှေ့ လမ်းလယ်တွင် မတ်တပ်ရပ်ကာ ယာဉ်ကြောကို ပိတ်ဆို့ထားရာ နောက်ဆုံး၌ ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးသွားခဲ့သည်)

အဖမ်းခံရမှုမှ ပြန်လွတ်လာချိန်တွင်လည်း လမ်းလယ်တွင် မတ်တပ်ရပ်ကာ လမ်းပိတ်ထားပြန်သည်။

၄ နှစ်ဟူသော အချိန်ကာလမှာ အရာရာ ပြောင်းလဲသွားစေနိုင်သော်လည်း ဟမ့်ပ်ဆန်၏ လမ်းလယ်တွင် မတ်တပ်ရပ်နေမှုကား မပြောင်းလဲ။

၂၀၁၄ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့်နေရာတွင်ပင် မတ်တပ်ရပ်နေမြဲ။

ယခုနောက်ဆုံးဖြစ်ရပ်တွင် ဆွမ်ဆီး ရာဇဝတ်တရားရုံးက ဟမ့်ပ်ဆန်၏ အမှုကို ကြားနာစစ်ဆေးခဲ့ရာ ရှေးယခင် အမှုများတွင် လုပ်ဆောင်ခဲ့သည့်နည်းတူ ဟမ့်ပ်ဆန်က ရဲ၊ ရှေ့နေ၊ တရားသူကြီး၊ ဆရာဝန် အစရှိသည့် မည်သူ့ကိုမှ စကားတစ်ခွန်း မဟဘဲ ကျောက်ရုပ်သဖွယ် တုံဏှိဘာဝေ ဆိတ်ဆိတ်နေ နေခဲ့သည်။

နှစ်ပေါင်းများစွာကာလအတွင်း ၎င်းကို စစ်ဆေးခဲ့ရသည့် တရားရုံးတို့က ဟမ့်ပ်ဆန်မှာ ကိုယ်စိတ်နှစ်ပါး ခံစားရမှု အခြေအနေတစ်ရပ်ရပ်ကြောင့် စကားမပြောနိုင်ခြင်းကြောင့်လော၊ ရုံးတော်ကို မထီမဲ့မြင်လုပ်ခြင်းလော ဟူသည်ကို အကြိမ်ကြိမ် အဖြေရှာရန် ကြိုးစားခဲ့ဖူးသည်။

အကျဉ်းထောင်အရာရှိတို့၏ ထွက်ဆိုချက်အရမူ ဟမ့်ပ်ဆန်သည် ထောင်ထဲတွင် ရှိနေစဉ်က မိမိတို့ကို စကားပြောကြောင်း ထွက်ဆိုကြသည်။

ထို့ကြောင့် ဟမ့်ပ်ဆန်မှာ စကားမပြောလိုသောကြောင့် မပြောခြင်းဖြစ်ကြောင်း တရားသူကြီးတို့က ကောက်ချက်ဆွဲခဲ့သည်။

လမ်းလယ်ခေါင်တွင် အမြဲမတ်တပ်ရပ်နေသည့် ထူးဆန်းသော အပြုအမူအတွက် စိတ်ကျန်းမာရေး စစ်ဆေးရန် တရားရုံးက အမိန့်ထုတ်ခဲ့သော်လည်း ဒေးဗစ် ဟမ့်ပ်ဆန်က တရားရုံးက တာဝန်ပေးထားသော ဆရာဝန်တို့ကိုလည်း စကားတစ်ခွန်းမှ မဟခဲ့။

ထို့ကြောင့် ၎င်း၏ စိတ်ကျန်းမာရေးကို စစ်ဆေးမေးမြန်းနိုင်ခြင်း မရှိခဲ့ချေ။

(ဟမ့်ပ်ဆန်သည် ဆွမ်ဆီးတွင် လမ်းပိတ်ဆို့သည့်အမှုဖြင့် ၁၀ နှစ်တာအတွင်း ၁၂ ကြိမ် ဖမ်းဆီးခံခဲ့ရသည်။ ပုံတွင် တွေ့ရသည်မှာ ဆွမ်ဆီး ရာဇဝတ် တရားရုံး ဖြစ်သည်။)

ယနေ့တိုင် ဒေးဗစ် ဟမ့်ပ်ဆန်တစ်ယောက် လမ်းလယ်တွင် မတ်တပ်ရပ်နေသည့် ကိစ္စမှာ ဗြိတိန်၏ ဆန်းကြယ်သော ပုစ္ဆာတစ်ရပ်ဖြစ်နေဆဲဖြစ်ပြီး မည်သူမှ အဖြေမရှာနိုင်သေးချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: The mystery of Britain's most annoying man: Meet the silent repeat offender who constantly blocks traffic... but WHY does he do it?

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service