အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်

အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
18 Aug 2025 12:30 pm တွင် တင်ခဲ့သည်
343 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ နယူးယောက်မြို့တွင် ၁၅ ပိဿာကျော် (၁၅ ဒသမ ၃ ပိဿာ) အလေးချိန်ရှိသည့် အင်္ဂါဂြိုဟ်မှ ဥက္ကာခဲတစ်ခုကို လေလံပွဲ၌ ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် ရောင်းထွက်သွားသည်။

အဆိုပါ ဥက္ကာခဲကို တွေ့ရှိခဲ့သည့်နေရာမှာ နိုင်ဂျာနိုင်ငံပိုင်နက်အတွင်းရှိ ဆာဟာရ သဲကန္တာရအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ရာ နိုင်ဂျာအစိုးရက ထိုဥက္ကာခဲ မည်သို့မည်ပုံ နယူးယောက်သို့ ရောက်ရှိသွားသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်။

လေလံတင်ပေးသည့် ကုမ္ပဏီမှာ Sotheby’s ဖြစ်သည်။

ဥက္ကာခဲ ရှာဖွေတွေ့ရှိပုံနှင့် မည်သို့မည်ပုံ သယ်ယူရောင်းချခဲ့ကြသည်ကို တရားဝင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နိုင်ဂျာအစိုးရက ပြောသည်။

((ဥက္ကာခဲ ဘယ်လိုတွေ့ခဲ့လဲ))

Sotheby’s ၏ ပြောကြားချက်အရ အင်္ဂါဂြိုဟ်ကို ကြီးမားသည့် ဂြိုဟ်သိမ်တစ်ခုက ဝင်တိုက်မိရာ အင်္ဂါဂြိုဟ်မှ အပိုင်းအစများက မိုင်ပေါင်း သန်း ၁၄၀ အထိ လွင့်မြောကာ ကမ္ဘာမြေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး နယူးယောက်တွင် ရောင်းချခဲ့သည့် ဥက္ကာခဲကို NWA 16788 ဟု အမည်ပေးထားကြောင်း ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နိုင်ဂျာနိုင်ငံ အနောက်မြောက်ပိုင်း ဆာဟာရသဲကန္တာရအတွင်း ဥက္ကာခဲမုဆိုးတို့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Sotheby’s က ပြောသည်။

ရောင်းချသူနှင့် ဝယ်ယူသွားသူ မည်သူဖြစ်သည်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိချေ။

(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က လေလံမတင်မီတွင် အင်္ဂါဂြိုဟ်မှ ဥက္ကာခဲကို ပြသထားပုံ။ ဓာတ်ပုံ-Selcuk Acar/Anadolu via Getty Images)

နိုင်ဂျာကဲ့သို့ ဆာဟာရ သဲကန္တာရနိုင်ငံများတွင် ဥက္ကာခဲရှာဖွေသူများ များပြားလာနေသည်။

ဥက္ကာခဲများသည် ကမ္ဘာပေါ်တွင် မည်သည့်နေရာ၌ မဆို ကျရောက်နိုင်သော်လည်း ဆာဟာရသဲကန္တာရတွင် အဓိက ရှာဖွေတွေ့ရှိနေခြင်းမှာ ဥက္ကာခဲတို့ ကြာရှည်တည်ရှိနေရန် ကိုက်ညီသည့် ရာသီဥတု အခြေအနေကြောင့် ဖြစ်သည်။

ဥက္ကာခဲမုဆိုးတို့ ရှာဖွေတွေ့ရှိသော ဥက္ကာခဲများကို ဝါသနာအရစုဆောင်းသူများနှင့် သိပ္ပံပညာရှင်တို့က ဝယ်ယူလေ့ရှိသည်။

Heritage ဂျာနယ်၏ ဖော်ပြချက်အရ ယခုဥက္ကာခဲမှာ နိုင်ငံတကာ အရောင်းအဝယ်သမားတစ်ဦးထံမှတဆင့် အီတလီရှိ ပုဂ္ဂလိက ပြခန်းတစ်ခုသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဖလောရင့်စ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ယခုဥက္ကာခဲ၏ ဖွဲ့စည်းပုံကို လေ့လာခဲ့ကြပြီး ကမ္ဘာမြေသို့ ကျဆင်းမလာမီက မည်သည့်နေရာမှ လာခဲ့သည်ကို လေ့လာခဲ့ကြသည်ဟု ဆိုသည်။

ရောမမြို့တွင်လည်း ခေတ္တပြသခဲ့သေးပြီး ယင်းနောက်တွင်မှ နယူးယောက်သို့ ရောက်ကာ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

ယခု ဥက္ကာခဲသည် အင်္ဂါဂြိုဟ်မှ ဥက္ကာခဲများအနက် အကြီးမားဆုံးလည်းဖြစ်သည်။

သို့သော် နာဆာ၏ ဖော်ပြချက်အရမူ နမီးဘီးယားနိုင်ငံသို့ ကျရောက်ခဲ့ဖူးသော ဥက္ကာခဲမှာ တန်ချိန် ၁၀၀ ကျော် အလေးချိန်ရှိသည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Niger wants answers after largest piece of Mars sold at auction for more than $5 million

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service