ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ - Property News in Myanmar from iMyanmarHouse.com
24 Jul 2025 11:42 am တွင် တင်ခဲ့သည်
535 ကြိမ် ကြည့်ရှု့ပြီး

ရော့ခ်ဂီတသမိုင်းတွင် ရှေ့ဆုံးတန်းမှ ရှိနေသူများတွင် ပါဝင်သော အော်ဇီ အော့စ်ဘွန်း (မွေး-၁၉၄၈) သည် ဇူလိုင် ၂၂ ရက်က အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်သည်။

ဟဲဗီးမက်တယ်အဖွဲ့ကြီး Black Sabbath နှင့်အတူ တေးအယ်လ်ဘမ် ၃ ခု ထုတ်လုပ်ခဲ့ပြီးနောက် solo အဖြစ် ဖြတ်သန်းခဲ့သည်။ Solo အဖြစ် တေးအယ်လ်ဘမ် ၁၃ ခု ထုတ်လုပ်ခဲ့ပြီး ထိုသို့ဖြတ်သန်းချိန်မှ ပိုမိုအောင်မြင်လာသည်ဟု ဆိုရမည်။

အော်ဇီအော့စ်ဘွန်းကို Black Sabbath အဖွဲ့ကြီး၏ အဆိုတော်အဖြစ် ၁၉၇၀ ပြည့်နှစ်က တွေ့ရပုံ

ကမ္ဘာတဝန်းတွင် အော်ဇီအော့ဘွန်း၏ တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရသည်။

Black Sabbath ၏ ဂစ်တာသမား တိုနီ အိုင်အိုမီနှင့် အော်ဇီအော့စ်ဘွန်းတို့ ၁၉၇၈ ခုနှစ်က လန်ဒန်မြို့တွင် ဖျော်ဖြေခဲ့ကြပုံ

((ပုရွတ်ဆိတ်၊ ချီး၊ သေးများနှင့် အော်ဂလီဆန်စရာ အလုပ်နိုင်ဆုံးသူ ပြိုင်ပွဲကြီး))

ရော့ခ်ဂီတ ရွှေခေတ်ဟုဆိုနိုင်သော ၁၉၈၀ ပြည့်လွန်ကာလများတွင် ဂန္ထဝင်ကြယ်ပွင့်ကြီးများ၏ အသောက်အစား အပျော်အပါးတို့ကြားမှ ထူးထူးဆန်းဆန်းဖြစ်ရပ်များလည်း ရှိခဲ့သည်။

၁၉၈၄ ခုနှစ်အတွင်း အော်ဇီ အော့စ်ဘွန်းနှင့် Mötley Crüe တို့ ပူးပေါင်းကာ ဂီတဖျော်ဖြေပွဲ ခရီးစဉ် ထွက်ခဲ့ချိန်အတွင်း ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။

အော်ဇီအော့စ်ဘွန်းနှင့် Motley Crue တို့ ပူးပေါင်းကာ ဂီတဖျော်ဖြေပွဲ ထွက်ခဲ့စဉ်က။

အဆိုပါ အဖြစ်အပျက်ကို Mötley Crüe ၏ ဒရမ်သမားဖြစ်သူ တွမ်မီလီ (Tommy Lee) က အင်တာဗျူးတစ်ခုတွင် ပြောပြခဲ့ခြင်းဖြစ်သည်။

အော်ဇီနှင့် Mötley Crüe တို့သည် အတူဖျော်ဖြေကြသည့်အပြင် Luxury ဟိုတယ်များတွင်လည်း အတူတကွ တည်းခိုခဲ့ကြခြင်းဖြစ်ရာ ဒါးလက်စ်မြို့မှ Four Seasons ဟိုတယ်လည်း အပါအဝင် ဖြစ်သည်။

Drummer တွမ်မီလီ ပြောပြချက်အရ အော်ဇီနှင့် Mötley Crüe အဖွဲ့သားများအကြား မည်သူက အော်ဂလီဆန်စရာ အကောင်းဆုံး လုပ်နိုင်မလဲဟူသော ထူးဆန်းသည့် ပြိုင်ပွဲတစ်ခု လုပ်ခဲ့ကြသည်ဟု ဆိုသည်။

((ပွဲစဉ် ၁= အော်ဇီက ပုရွက်ဆိတ်များ ရှူသွင်းခြင်း))

ထိုအခါ အလွန် “မူးပြဲကွဲ” နေပြီဖြစ်သော အော်ဇီက မြေကြီးပေါ်တွင် ကလေးတစ်ဦးချထားခဲ့သည့် ရေခဲချောင်းတစ်ခုဆီသို့ ပုရွက်ဆိတ်များ အတန်းလိုက်လာနေသည်ကို သတိပြုလိုက်မိသည်။

Hollywood Walk of Fame တွင် ဖော်ပြခံရချိန်က အော်ဇီအော့စ်ဘွန်းကို မိသားစုနှင့်အတူ တွေ့ရပုံ

အော်ဇီက ချက်ချင်းပင် လေးဘက်ထောက်လိုက်ပြီး ကိုကင်းရှူသကဲ့သို့ ပုရွက်ဆိတ် အတန်းလိုက်ကို နှာခေါင်းထဲသို့ ရှူသွင်းတော့သည်။

Mötley Crüe ၏ ဘေ့စ်ဂစ်တာသမား Nikki Sixx က အော်ဇီကဲ့သို့ လိုက်လုပ်ရန် ငြင်းခဲ့သည်။

အော်ဇီအော့စ်ဘွန်းနှင့် ဇနီးဖြစ်သူ ရှာရွန်

ပုရွက်ဆိတ် မရှူရဲသောကြောင့် အစားထိုးသည့်အနေဖြင့် ၎င်းလုပ်ဆောင်ပြခဲ့သည်မှာ ဟိုတယ် ရေကူးကန်ထဲတွင် ဘောင်းဘီချွတ်ပြခဲ့သည်။

ထိုအချိန်တွင် မိသားစုအားလုံးနှင့် ကလေးများ အစုံအလင်ရှိနေကြသည်။

ထို့အပြင် ပုရွက်ဆိတ်အတန်းလိုက်ကို နှာခေါင်းထဲ ရှူသွင်းပြထားနိုင်သူ အော်ဇီကို အနိုင်ယူရန်အတွက် မြေပေါ်တွင် သေးပေါက်ချကာ လျှာဖြင့်လျက်ရန် စီစဉ်ခဲ့သည်။

သို့သော် Nikki ထက် အော်ဇီက လက်သွက်သည်။

အော်ဇီက လေးဘက်ထောက်ကာ သေးများကို လျှာဖြင့်လျက်လိုက်ပြီး ပြိုင်ပွဲတွင် မိမိနိုင်ကြောင်း ကြေညာလေသည်။

((ပွဲစဉ် ၂။ အော်ဇီတစ်ယောက် ပိုကြမ်းပြီ))

ထိုနေ့က ညပိုင်းသို့ရောက်ချိန်တွင် အော်ဇီမှာ မဟန်နိုင်အောင် အမူးလွန်နေပြီ ဖြစ်၏။ တွမ်မီလီက အော်ဇီကို တွဲကာ ဟိုတယ်ခန်းထဲသို့ ပြန်ပို့ပေးရသည်။

ဓာတ်လှေကားထဲမှာ ဖြစ်ပုံ= အော်ဇီ၏ အခန်းသို့သွားရန် ဓာတ်လှေကားထဲသို့ ရောက်ချိန်တွင် ဓာတ်လှေကားထဲ၌ အခြားသူ အများအပြားလည်းရှိနေသည်။ အော်ဇီက လူပုံအလယ်တွင် ဘောင်းဘီချွတ်ချလိုက်ကာ ဓာတ်လှေကားထဲ အီးထိုင်ပါရန် ဟန်ပြင်တော့သည်။

“အော်ဇီ..ဘဲကြီး။ မလုပ်နဲ့ဟ။ လခွမ်း။ ဘဲကြီး…မလုပ်ပါနဲ့” ဟုဆိုကာ တွမ်မီလီက ဘောင်းဘီပြန်ဆွဲတင်ပေးကာ အတင်း တားထားရသည်။

((ဟိုတယ်ခန်းထဲမှာ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ဖြစ်သွား))

အော်ဇီသည် ၎င်း၏ ဟိုတယ်ခန်းထဲသို့ ရောက်ချိန်တွင် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ မစင်စွန့်တော့သည်။

ထို့နောက် မစင်များကို လက်ဖြင့်ကိုင်ပြီး နံရံတွင် သင်္ဘောဆေးသုတ်သည့်သဖွယ် လိုက်သုတ်နေရာ တွမ်မီလီလည်း အံ့သြရွံရှာစိတ်ဖြင့် “ဘဲကြီးရေ ကျုပ်တော့ လစ်ပြီ” ဟုဆိုကာ အော်ဇီ၏ အခန်းထဲမှ ထွက်ပြေးသွားခဲ့သည်။

သီဆိုခဲ့သော တေးအယ်လ်ဘမ်များ

ထိုညက အော်ဂလီဆန်စရာ အလုပ်နိုင်ဆုံးသူအဖြစ် အော်ဇီမှာ ပြိုင်ဘက်ကင်းသွားသည်။

((အော်ဇီရဲ့ ဇနီး ရှယ်ရွန် အော့စ်ဘွန်းက ဘာပြောလဲ))

ထိုညက မိမိရှိမနေခဲ့သည်မှာ ဘုရားမ,ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပျက်ခဲ့မှုများကို မိမိ မသိကြောင်း ရှယ်ရွန်က ပြောသည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

မြန်မာနိုင်ငံတွင် အော့ဇီ အော့စ်ဘွန်းမှာ လူကြိုက်များပြီး ၎င်း၏တေးသီချင်းများကိုလည်း မြန်မာအဆိုတော်များ က ပြန်လည်သီဆိုမှုများ ရှိသည်။ အချို့ကို ဖော်ပြရလျှင်….

((အငဲ၏ ပြန်လည်သီဆိုမှုများ))

Old L.A Tonight -ပြန်ဆုံကြဖို့ / Mama I'm coming home- အစွန့်ပစ်ခံ/ Facing Hell -အသိစိတ်မဲ့ရေစီး

((လေးဖြူ၏ ပြန်လည်သီဆိုမှုများ))

Fire in the sky -စုန်းမ/ You're no different -အလွမ်းရဲ့နတ်သမီး/ Perry Mason -တို့ပြန်တွေ့မယ့်အချိန်/ I just want you လတစ်စင်းလိုချစ်တယ် ရာစုသစ်စီးရီး

((ဇော်ဝင်းထွဋ်၏ ပြန်လည်သီဆိုမှုများ))

Shot in the dark -နယူတန်ရဲ့တရား/ Ultimate Sin -ပထမဆု/ Goodbye to romance - ပုံရိပ်များ/ Paranoid -မောဟများနဲ့လူ

((ဆက်စပ်သတင်း))

ရော့ခ်ဘိုးအေကြီး အော့ဇီ အော့စ်ဘွန်း၏ စံအိမ်များ

https://www.imyanmarhouse.com/news/read/1005235

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: "He just starts sh***ing in the middle of the room...then bends down, picks it up and starts painting the walls": Tommy Lee on the outrageous prank Ozzy Osbourne pulled next after he snorted ants whilst on tour with Motley Crue

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service