အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ - Property News in Myanmar from iMyanmarHouse.com
18 Jul 2025 10:56 am တွင် တင်ခဲ့သည်
337 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ပညာရည်အမြင့်ဆုံး food delivery သမားဟု နာမည်ကြီးနေသော အမျိုးသားတစ်ဦးရှိသည်။

၎င်းသည် ကမ္ဘာတလွှားရှိ ဂုဏ်ရှိန်ကြီးသော တက္ကသိုလ်များမှ ဘွဲ့များရရှိထားရာ အောက်စ်ဖို့ဒ်တက္ကသိုလ်လည်း အပါအဝင်ဖြစ်သည်။

၎င်း၏အမည်မှာ တင်းယွမ်ကျောင်းဖြစ်ပြီး အသက် ၃၉ နှစ်အရွယ်ဖြစ်သည်။

တင်းယွမ်ကျောင်း၏ ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး အလုပ်အကိုင်ရှားပါးသော အခြေအနေတွင် အတန်းပညာ၏ တန်ဖိုးကျဆင်းလာမှုအပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးလျက်ရှိကြောင်း 163.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

တင်းယွမ်ကျောင်းသည် တရုတ်ပြည်အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ဇာတိဖြစ်ပြီး gaokao ဟုခေါ်သော တရုတ်ပြည်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ၂၀၀၄ ခုနှစ်တွင် ဖြေဆိုခဲ့သည်။

စာမေးပွဲတွင် အမှတ် ၇၅၀ ပေးသည့်အနက် အမှတ် ၇၀၀ နီးပါးရကာ အထင်ကရတက္ကသိုလ်ကြီးဖြစ်သော Tsinghua တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။

ထိုတက္ကသိုလ်မှ ဓာတုဗေဒဖြင့် ဘွဲ့ရခဲ့ပြီးနောက် ဒိတ်ဒိတ်ကြဲတက္ကသိုလ်ကြီးဖြစ်သော ပီကင်းတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ကာ energy engineering ဖြင့် မဟာဘွဲ့ရခဲ့ပြန်သည်။

ယင်းနောက် တင်းယွမ်ကျောင်းသည် စင်္ကာပူမှ ထိပ်သီးတက္ကသိုလ်ကြီဖြစ်သော Nanyang နည်းပညာတက္ကသိုလ်မှ ဇီဝဗေဒဖြင့် PhD ဘွဲ့ရခဲ့သည်။

ထို့အပြင် ဗြိတိန်ရှိ အောက်စ်ဖို့ဒ်တက္ကသိုလ်မှလည်း Biodiversity ဖြင့်လည်း မဟာဘွဲ့ရခဲ့သေးသည်။

(တင်းယွမ်ကျောင်းသည် စင်္ကာပူရှိ Nanyang နည်းပညာတက္ကသိုလ်မှ ဇီဝဗေဒ PhD ဘွဲ့ရခဲ့ပြီး အောက်စ်ဖို့တက္ကသိုလ်မှလည်း biodiversity ဖြင့် မဟာဘွဲ့ရထားသည်။ ဓာတ်ပုံ-Douyin)

Food delivery သမားဖြစ်မလာမီက တင်းယွမ်ကျောင်းသည် စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) တွင် ပါရဂူဘွဲ့လွန်သုတေသန ပြုလုပ်ခဲ့ပြီး ပြီးခဲ့သောနှစ် မတ်လက ပြီးဆုံးခဲ့သည်။

တင်းယွမ်ကျောင်းသည် အလုပ်ပေါင်းများစွာ လျှောက်ထားခဲ့ပြီး အင်တာဗျူးပေါင်း ၁၀ ခုကျော် ဖြေခဲ့သော်လည်း သင့်တော်သည့်အလုပ် ရှာမတွေ့ခဲ့ချေ။ သို့နှင့် နောက်ဆုံးတွင် တင်းယွမ်ကျောင်းက စင်္ကာပူတွင် food delivery သမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်ရက်လျှင် ၁၀ နာရီခန့် အလုပ်လုပ်ရပြီး ရက်သတ္တပတ်လျှင် စင်္ကာပူဒေါ်လာ ၇၀၀ (ကန်ဒေါ်လာ ၅၅၀) ခန့် ဝင်ငွေရသည်ဟု ဆိုသည်။

“ဒါက တည်ငြိမ်မှုရှိတဲ့ အလုပ်တစ်ခုပါ။ ဒီဝင်ငွေနဲ့ မိသားစုကို ကျွန်တော်ထောက်ပံ့နိုင်ပါတယ်။ ကြိုးကြိုးစားစားလုပ်ရင် ထိုက်သင့်အောင် နေလို့ရပါတယ်။ ဒီအလုပ်က မဆိုးပါဘူး” ဟု တင်းယွမ်ကျောင်းက လူမှုကွန်ရက်တွင် မျှဝေပြောပြသည်။

သူ၏ မိသားစုအကြောင်းကိုမူ မသိရချေ။

(▲ တင်းယွမ်ကျောင်းက delivery အလုပ်ကို သဘောကျသည်။ ကျန်းမာရေးဝါသနာပါသည့်မိမိအတွက် သင့်တော်ကြောင်း ၎င်းကပြောသည်။ ဓာတ်ပုံ-Douyin)

တင်းယွမ်ကျောင်းက ကျောင်းသားများကို ဝိုင်းကျူရှင် စာပြသည့်အလုပ် မလုပ်ခြင်းမှာ မိမိအနေဖြင့် ကျောင်းသားကိုယ်တိုင်ရှာရသည်ကို အလွန်ရှက်သောကြောင့်ဖြစ်ကြောင်း ပြောသည်။

စင်္ကာပူတွင် food delivery သမားအဖြစ် လုပ်ကိုင်ပြီး လအနည်းငယ်အကြာတွင် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။

တရုတ်ပြည်တွင်လည်း တင်းယွမ်ကျောင်းသည် ထိပ်သီး ဈေးဝယ် platform တစ်ခုဖြစ်သော Meituan အတွက် food delivery သမားတစ်ဦးအဖြစ် ပေကျင်းမြို့တွင် လုပ်ကိုင်နေသည်။

သူ၏ ဖြစ်ရပ်အပေါ် ပြည်မကြီးလူမှုကွန်ရက်တွင် အမျိုးမျိုး သုံးသပ်ဆွေးနွေးမှုများ ပေါ်ပေါက်နေသည်။

“ဒါဆိုရင် ပညာတွေ သင်နေရတဲ့ ရည်ရွယ်ချက်က ဘာလဲ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

“သူက ကျောင်းတွေ အများကြီးတက်၊ စာတွေ အများကြီးသင်ခဲ့ပြီး နောက်ဆုံးမှာ food delivery သမားဘဝနဲ့ အဆုံးသတ်ရတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပေးသည်။

(▲ တင်းယွမ်ကျောင်းကဲ့သို့ ပညာအရည်အချင်းအလွန်မြင့်မားသူပင် အလုပ်ရရန် ခက်ခဲနေသည်ဆိုလျှင် ပညာသင်ယူနေရခြင်းမှာ ထိုက်တန်ပါ၏လောဟု လူမှုကွန်ရက်သုံးစွဲသူများစွာက မေးခွန်းထုတ်နေကြသည်။ ဓာတ်ပုံ-Shutterstock)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China delivery rider graduated from top schools like Oxford inspires others to stay positive

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service