ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ယခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် ကြောက်မက်ဖွယ် တောမီးကြီး လောင်ကျွမ်းခဲ့ရာ၌ လူ ၂၉ ဦး သေဆုံးခဲ့ပြီး ကန်ဒေါ်လာ ၃၈၅ ဘီလီယံဖိုးခန့် မီးလောင်ဆုံးရှုံး ခဲ့ရသည်။
ယခုအခါ ဟောလိဝုဒ် ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ Mel Gibson က သူ၏ မာလီဘူးအရပ်မှစံအိမ်ကို ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်လျက် ရှိသည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သော အော်စကာဆုရှင် Mel Gibson ၏ စံအိမ်ခြံဝန်းမှာ ၅ ဒသမ ၄ ဧကရှိပြီး ၂၀၀၈ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုဒေသတခွင်တွင် တောမီးကြောင့် အဆောက်အအုံပေါင်း ၁၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရာ Mel Gibson ၏ စံအိမ်ကြီးမှာလည်း မီးလောင်ပြာကျသွားခဲ့သည်။
တောင်ကုန်းထိပ်တွင် တည်ရှိသော ကျယ်ပြောသည့် စံအိမ်ကြီးတွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ကာ ပစိဖိတ်သမုဒ္ဒရာ၏ ရှုခင်းအလှများကို ပိုင်ဆိုင်ခဲ့ဖူးသည်။
တောမီးသင့်ခံရသော အိမ်ရှင်များစွာမှာ ၎င်းတို့၏ နေအိမ်များကို ပြန်လည်ဆောက်လုပ်တော့ခြင်းမပြုဘဲ မြေနေရာများကို ဈေးနည်းနည်းဖြင့် ရောင်းချသွားကြသည်။
သို့သော် Mel Gibson ကမူ မြေနေရာ ရောင်းမထုတ်ဘဲ ထိုနေရာတွင် စံအိမ်ပြန်လည်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ကောင်းကင်ဓာတ်ပုံများအရ Mel Gibson ၏ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်ကို တွေ့ရသည်။
(Mel Gibson သည် အဆိုပါစံအိမ်ကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-AMNESTY FOR BRASIL/BACKGRID)
(Mel Gibson ၏ စံအိမ် မီးသင့်ခဲ့ပုံကို ပြသခဲ့သည့် News Nation သတင်းဌာန၏ ဗွီဒီယိုမှတ်တမ်းကို တွေ့ရပုံ)
(ကောင်းကင်ဓာတ်ပုံများအရ ကန်ဒေါ်လာ ၄၂၅ သန်းကြွယ်ဝသူ Mel Gibson သည် သူ၏ ၅ ဒသမ ၄ ဧက ခြံဝန်းကြီးအတွင်း ဖောင်ဒေးရှင်းသစ်များ တူးဖော်နေကာ အဆောက်အအုံသစ်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပုံကို တွေ့ရသည်။ ဓာတ်ပုံ- Alex Lima / BACKGRID)
Mel Gibson သည် Joe Rogan နှင့် podcast အစီအစဉ်တစ်ခု အသံဖမ်းနေချိန်တွင် သူ၏စံအိမ် မီးလောင်နေသည့်သတင်းကို ကြားသိခဲ့သည်။
ထိုအခါ သားဖြစ်သူနှင့်အတူ အလောသုံးဆယ် ပြန်သွားခဲ့ရာ ပတ်စ်ပို့များနှင့် စာရွက်စာတမ်းအချို့သာ သိမ်းယူနိုင်ခဲ့သည်။
စံအိမ် မီးသင့်ခဲ့ရာတွင် အစားထိုးမရနိုင်သော ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၁၆ ရာစုက ထုတ်ဝေခဲ့သော စာအုပ်များနှင့် တန်ဖိုးကြီး အနုပညာပစ္စည်းများ ပါဝင်ကြောင်း Mel Gibson က Fox News သတင်းဌာနမှ တင်ဆက်သူ Laura Ingraham သို့ ပြောပြခဲ့ဖူးသည်။
(အိမ်နီးချင်းများစွာက မြေနေရာ ရောင်းချထွက်ခွာသွားကြသော်လည်း Mel Gibson က ထိုနေရာတွင် စံအိမ်ပြန်လည်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ-Alex Lima / BACKGRID)
(Mel Gibson သည် Joe Rogan နှင့် podcast အစီအစဉ်တစ်ခု အသံဖမ်းနေချိန်တွင် သူ၏စံအိမ် မီးလောင်နေသည့်သတင်းကို ကြားသိခဲ့သည်။ AMNESTY FOR BRASIL/BACKGRID)
(Mel Gibson ၏ စံအိမ်နှင့် ကားများ မီးသင့်ခံထားရပုံ။ ဓာတ်ပုံ-Alex Lima / BACKGRID)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mel Gibson is rebuilding the palatial Malibu estate that burned down in the LA wildfires
Photo Credit- Alex Lima / BACKGRID, AMNESTY FOR BRASIL/BACKGRID