ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ် - Property News in Myanmar from iMyanmarHouse.com
9 Jun 2025 12:20 pm တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

လူမှုကွန်ရက်တွင် မိန်းကလေးငယ်တစ်ဦးက ၎င်းတို့မိသားစု၏ ဘဝကို ပြောင်းလဲစေခဲ့သော Mark Six ထီ (ဟောင်ကောင်တွင် နာမည်ကြီးသော ထီ) ကံထူးခဲ့ခြင်းနှင့် ဘဝအထွေထွေအကြောင်းကို စာလုံးရေ ၄၀၀၀ ခန့်ဖြင့် ရေးသားဖွင့်ဟခဲ့မှုမှာ ဂယက်ရိုက် ပျံ့နှံ့ကျော်ကြားနေသည်။

ချို့ချို့တဲ့တဲ့ ဘဝမှ ရုတ်တရက် ချမ်းသာသွားသော်လည်း အောက်ခြေလွတ်မသွားသည့် နှိမ့်ချတတ်သော ဟောင်ကောင်မိသားစုလေးအကြောင်း တစွန်းတစ စေ့ငုခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

Threads လူမှုကွန်ရက်တွင် ဇွန်လ ၁ ရက်နေ့က anonymous အနေဖြင့် ရေးသားဖော်ပြခဲ့သော အဆိုပါပို့စ်တွင် မိမိ၏ မိဘများမှာ ပြည်သူ့အိမ်ရာ တိုက်ခန်းငယ်လေးတစ်ခုတွင် ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ရင်း စားရေးသောက်ရေးအတွက်ပင် အနိုင်နိုင် ရုန်းကန်နေရသူများဖြစ်ကြောင်း၊ ထီကံထူးကာ ရုတ်တရက် စိုင်ကော်၍ ခြုံပေါ်ရောက်သွားသည့်အကြောင်းကို ဆွေမျိုးရင်းများအား မပြောဘဲ လျှို့ဝှက်ထားခဲ့ကြောင်း ဖော်ပြထားသည်။

((ဘဝအလှည့်အပြောင်း))

ထီကံမထူးမီက ၎င်းတို့၏ ဘဝမှာ အလွန်ခက်ခဲကြမ်းတမ်းခဲ့သည်။

အစိုးရက ပြည်သူများ အိမ်ပိုင်ဆိုင်ရေးအစီအစဉ် (HOS) မှတဆင့် ကာလပေါက်ဈေးအောက် များစွာသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးထားသော အိမ်ကို လောင်းကစားသမား အဒေါ်ဖြစ်သူ၏ အကြွေးများ ဆပ်ပေးရန်အတွက် ရောင်းချလိုက်ရချိန်တွင် ၎င်းတို့၏ ဘဝအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ဖခင်ဖြစ်သူမှာလည်း အလုပ်တွင် နိုင့်ထက်စီးနင်း အလုပ်ခံရမှုကြောင့် အလုပ်ထွက်ခဲ့သည်။

စတုရန်းပေ ၂၀၀ သာ ကျယ်ဝန်းသော ငှားရမ်းနေထိုင်သည့်အခန်းကျဉ်းလေးတွင် လူ ၆ ဦး နေထိုင်ရပြီး ဝင်ငွေဟူ၍ မိခင်၏ အဝတ်လျှော်သည့်အလုပ်မှ လစာ ဟောင်ကောင်ဒေါ်လာ ၁၀၀၀၀ နှင့် အဘိုးဖြစ်သူ၏ ပင်စင်လစာတို့သာ ရှိသည်။

ဖခင်ကြီးမှာ နိုင့်ထက်စီးနင်းအလုပ်ခံနေရသော အလုပ်မှ ထွက်ခဲ့ပြီးနောက် အလုပ်သစ်တစ်ခု ရလာချိန်တွင် ဆင်းရဲသောကြောင့် ညစာထွက်မစားနိုင်သော မိသားစုလေးအတွက် ဆူရှီ (ဟောင်ကောင်တွင် နာမည်ကြီးသော တန်ဖိုးနည်း Genki Sushi) ရှားရှားပါးပါး ထွက်စားခွင့်ရခဲ့သည်။

ထိုသို့ ဆူရှီထွက်စားရင်း ဟောင်ကောင်မှ နာမည်ကြီးထီဖြစ်သော Mark Six ထီလက်မှတ်များ ဝယ်ယူကံစမ်း ကြည့်ရန် ဖခင်ကြီးက တိုက်တွန်းခဲ့၏။

၎င်းတို့မိသားစု ၆ ဦးသည် စိတ်ကြိုက်ထီနံပါတ်များ ရွေးချယ်ထီထိုးခဲ့ကြ၏။

သမီးဖြစ်သူက ထိုအခိုက်အတန့်လေးမှာ မိမိတို့ဘဝတွင် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ဖြစ်ပြီး အလွန်စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောသည်။

((ဘဝပြောင်းစေမည့် အခိုက်အတန့်))

ထီဖွင့်သောနေ့တွင် မိသားစုအားလုံး စုဝေးကာ ထီပေါက်စဉ် နံပါတ်များကို စောင့်ကြည့်ခဲ့ကြသည်။

ထီပေါက်စဉ်ဂဏန်းတစ်ခုမှာ ဂဏန်းတစ်လုံးပြီး တစ်လုံးတူလာနေချိန်တွင် ဖခင်ဖြစ်သူမှာ မယုံနိုင်အောင်အံ့အားသင့်ခဲ့ပြီး မီးဖိုဆောင်ထဲသို့ ရုတ်တရက် ထွက်သွားခဲ့သည်။ ကနဦးတွင် မိမိတို့ ကံထူးသည်မှာ ဟောင်ကောင်ဒေါ်လာ ၁၀၀၀ သာဖြစ်သည်ဟု သတင်းလွှင့်ထားခဲ့သည်။

သို့သော် ပို့စ်တင်သူ မိန်းကလေး၏ ညီမဖြစ်သူကို ကိုယ်ပိုင်ကျောင်းသို့ ပို့ကာ ကျောင်းတက်စေခြင်း၊ ဘဏ်ကတ်များစွာ ကိုင်သုံးလာခြင်း၊ အိမ် ၃ လုံးဝယ်ယူလိုက်ခြင်းတို့ကို ကြည့်လျှင် ၎င်းတို့ကံထူးသည်မှာ ဒေါ်လာ ၁၀၀၀ မျှမဟုတ်ကြောင်း သိသာလာသည်။

((ပြည့်စုံကြွယ်ဝလာသော်လည်း နှိမ့်ချစွာပင် နေထိုင်ကြ))

ယခုဖြစ်ရပ်တွင် ထူးခြားသည့်အချက်မှာ မိဘများ မည်သို့ဆက်လက်နေထိုင်ခဲ့ပုံ ဖြစ်သည်။

ရုတ်တရက် ချမ်းသာသွားသော်လည်း ၎င်းတို့သည် ကာယအလုပ်များ (မိခင်၏ မီးပူတိုက်သော အလုပ်မျိုး) ဆက်လက်လုပ်ကိုင်ခြင်း၊ တိရ စ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များသို့ အမြဲလှူဒါန်းခြင်း၊ ဆေးရုံများသို့ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

နေထိုင်သည်မှာလည်း သာမန် လူနေအိမ်ရာတိုက်ခန်းတစ်ခုတွင်သာ ဖြစ်သည်။

“အဖေတို့က အသက် ၆၅ လောက်ရောက်မှ အလုပ်တွေကနေ အနားယူဖို့ စီစဉ်ထားကြပါတယ်။” ဟု သမီးဖြစ်သူက ရေးသားဖော်ပြသည်။

ငွေကြောင့် ဘဝင်မြင့်မသွားမှုကို လေးစားမိကြောင်းလည်း သမီးဖြစ်သူက ပြောသည်။ သို့သော် ရုတ်တရက်ချမ်းသာလာမှုကြောင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများလည်း ရှိသည်။

မိဘများမှာ ရုတ်တရက်ရရှိလာသည့် ဓနဥစ္စာတို့ကို မည်သို့မည်ပုံ စီမံခန့်ခွဲရမည့် အရေးနှင့် စပ်လျဉ်းပြီး စိတ်ဖိစီးနေသောကြောင့် အိပ်မပျော်သည့်ဝေဒနာ ခံစားနေရသည်။ ထီကံထူးခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ အကျင့်စရိုက်များလည်း ကြီးမားစွာ ပြောင်းလဲသွားသည်။

တချိန်က စည်းကမ်းတင်းကျပ်ခဲ့သော ဖခင်မှာ ယဉ်ကျေးသိမ်မွေ့ကာ စကားပြောချိုသာလာသည်။

တချိန်က လူအများနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းခဲ့သော မိခင်မှာ တစ်ယောက်တည်းနေတတ်လာသည်။

((ထီပေါက်ခြင်းကို လျှို့ဝှက်ထားခြင်း))

၎င်းတို့ မိသားစုသည် ထီပေါက်ခြင်းကို နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့သည်။

အထူးသဖြင့် အဘွားဖြစ်သူ မသိစေရန် လျှို့ဝှက်ထားခြင်းဖြစ်သည်။ အဘွားက ပို့စ်တင်သူမိန်းကလေး၏ လောင်းကစားစွဲလမ်းနေသောအဒေါ်ဖြစ်သူကို ပိုက်ဆံပေးရန် အတင်းအကြပ်ပြောဆိုလာနိုင်သောကြောင့် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: From rags to riches: HK family keeps humble after win  (thestandard)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service