အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု - Property News in Myanmar from iMyanmarHouse.com
6 Jun 2025 10:51 am တွင် တင်ခဲ့သည်
398 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဂျွန် ရော့ဂျာစ် (John Rodgers) သည် သူ၏ ဇာတိမြို့ဖြစ်သော Glover မှ အများပြည်သူပိုင် မြေလမ်းလေးတစ်ခုကို ၎င်းအတွက် ကိုယ်ပိုင်လမ်းအဖြစ် သတ်မှတ်မပေးပါက မြို့အုပ်ချုပ်ရေးအဖွဲ့ကို တရားစွဲမည်ဟု ခြိမ်းခြောက်လာသည်။

ဗားမွန့်ပြည်နယ်တွင် တည်ရှိသော ရော့ဂျာစ်လမ်းမှာ အလျား ၂ မိုင်ခန့်ရှိသော ကျောက်စရစ်လမ်းတစ်ခုဖြစ်ပြီး ၎င်းပိုင်သော ခြံဝန်းအတွင်း ဖြတ်သန်းသွားသောလမ်း ဖြစ်သည်။ သို့သော် အများပြည်သူတို့ တစ်သက်တာလုံး ထိုလမ်းမှ ဖြတ်သန်းသွားလာနေကြခြင်း ဖြစ်သည်။

အဆိုပါလမ်းသည် အရေးပါသော လမ်းကွန်ရက်တွင် ပါဝင်သောလမ်းတစ်ခုကား မဟုတ်ချေ။

မြောက်ဘက်သို့ အနည်းငယ်သွားလိုက်လျှင် ထိုလမ်းကြောင်းအတိုင်း ပေါက်သော အခြားလမ်းတစ်ခုရှိသည်။

သို့သော် ထိုအချက်မှာ အဓိကကျသည့်အကြောင်းရပ်မဟုတ်။

ယခုလမ်း၏ လမ်းပိုင်းအများစုမှာ Class 3 အဖြစ် သတ်မှတ်ခံထားရပြီး လမ်းပိုင်းငယ်တစ်ခုမှာမူ Class 4 အဖြစ် သတ်မှတ်ခံရသည်။

Class 3 နှင့် Class 4 အကြား ကွာခြားချက်မှာ Class 3 လမ်းများကို မြို့ကောင်စီက တစ်နှစ်ပတ်လုံး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သည်။

Class 4 ကိုမူ တခါတရံ (သို့မဟုတ်) မည်သည့်အခါမှ မွမ်းမံထိန်းသိမ်းခြင်း မရှိချေ။

ဂျွန် ရော့ဂျာစ် အပိုင်ယူလိုသော လမ်းနေရာမှာ Class 4 လမ်းပိုင်း ဖြစ်ကြောင်း Glover မြို့လေး၏ ရွေးချယ်ခံ အုပ်ချုပ်ရေးအဖွဲ့၏ မေလ ၅ ရက် အစည်းအဝေးအရ သိရသည်။

အစည်းအဝေးမှတ်တမ်းဖော်ပြချက်အရ “ရော့ဂျာစ်က ရော့ဂျာစ်လမ်းရှိ Class 4 လမ်းပိုင်းကို လူသွားလမ်းအဖြစ် အဆင့်နှိမ့်ပေးရန် အဆိုပြု တောင်းဆိုလာသည်။ အကယ်၍ ထိုသို့ လုပ်ဆောင်ပေးပါက Glover မြို့ကို တရားစွဲဆိုခြင်း ပြုလုပ်မည် မဟုတ်ဟု ဆိုသည်။ လုပ်ဆောင်မပေးသောကြောင့် ၎င်းက တရားစွဲကာ အနိုင်ရသွားမည်ဆိုပါက ထိုလမ်းပိုင်းတွင် စက်တပ်ယာဉ်များ သွားလာခွင့် ပိတ်ပင်မည်ဟု ၎င်းက ပြောသည်” ဟု ဖော်ပြသည်။

ထိုလမ်း၏ အမည်မှာ အဘယ်ကြောင့် လက်ထောက်မြို့တော်ဝန်၏ အမည်ဖြစ်နေသည်ကိုမူ မသိရချေ။

ဖြစ်တန်ရာချေရှိသည်မှာ ၎င်း၏ ဘိုးဘေးဘီဘင်များက ထိုမြို့တွင် ဦးစွာ အခြေချခဲ့သောကြောင့် လမ်းအမည်မှာ ထိုသို့ မိသားစုအမည်ဖြစ်နေခြင်း ဖြစ်နိုင်သည်။

ရော့ဂျာစ်သည် ထိုလမ်းတွင် နေအိမ်ပိုင်ဆိုင်ထားခြင်း မရှိချေ။

အဆိုပါလမ်းပိုင်းတွင် နေအိမ် ၈ လုံးခန့်ရှိနေသည်။

“ဂျိမ်းစ်နှင့် ဟယ်လာကိုးတို့က အဆိုပါလမ်းမှ Class 4 လမ်းပိုင်းတွင် နေထိုင်သူများဖြစ်သောကြောင့် ၎င်းတို့၏ နေအိမ်သို့ ဝင်ထွက်သွားလာခွင့် ဆုံးရှုံးမည်ကို စိုးရိမ်နေသည်” ဟု The Newport Daily Express သတင်းဌာနက ဖော်ပြသည်။

Glover မြို့လေး၏ ရှေ့နေက မြို့ကောင်စီကို အကြံပြုခဲ့သည်မှာ စာရွက်စာတမ်း အထောက်အထား အားလုံးအရ Rodgers လမ်းသည် Class 4 အဆင့်ရှိ လမ်းတစ်ခုဖြစ်ကြောင်း ပြောသည်။

ရွေးချယ်ခံ အုပ်ချုပ်ရေးအဖွဲ့ကလည်း အဆိုပါလမ်းပိုင်းမှာ နေထိုင်သူတို့ ကာလကြာရှည် အသုံးပြုခဲ့သော လမ်းဖြစ်ကြောင်း ပြောသည်။

မေလ ၂၂ ရက်တွင် ပြုလုပ်ခဲ့သော မြို့အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ဒေသခံ ၂၀ နီးပါးက ၎င်းတို့အနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုလိုကြောင်း အသနားခံစာတင်ပြခဲ့ပြီး မြို့အုပ်ချုပ်ရေးအဖွဲ့မှ ထိုလမ်းကို ဆက်လက် ထိန်းချုပ်ထားပါရန် တောင်းဆိုကြောင်း CBS သတင်းဌာန၏ လက်အောက်ခံ WCAX သတင်းတစ်ရပ်တွင် ဖော်ပြသည်။

(▲ ရော့ဂျာစ် လမ်းပိုင်းတစ်နေရာကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လက Google’s Street View တွင် တွေ့ရပုံ။ ဓာတ်ပုံ-Google Street View screenshot)

(▲ ArcGIS မှ အချက်အလက်များတွင်လည်း Rodgers လမ်းမှ အငြင်းပွားသော လမ်းပိုင်းမှာ Class 4 အဆင့်ရှိ လမ်းပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဓာတ်ပုံ-Vermont Roads screenshot)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: One State’s Lt. Governor Is Trying to Seize a Public Road as His Own Private Driveway Photo Credit- Google Street View screenshot, Vermont Roads screenshot

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service