စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း

စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း - Property News in Myanmar from iMyanmarHouse.com
30 May 2025 11:00 am တွင် တင်ခဲ့သည်
410 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ရိုးရာ နဂါးလှေပွဲတော်ကို တရုတ်ပြက္ခဒိန် ၅ လပိုင်း ၊ ၅ ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

အနောက်တိုင်း ပြက္ခဒိန်အရ ကျရောက်သည့်နေ့မှာ အမျိုးမျိုးကွဲပြားသည်။ ယေဘုယျအားဖြင့်မူ ဇွန်လတွင် အများကြီး ကျရောက်လေ့ရှိပြီး ရံဖန်ရံခါတွင်မူ မေလတွင် ကျရောက်သည်။

ယခု ၂၀၂၅ ခုနှစ်အတွက်မူ မေလ ၃၁ ရက်သည် တရုတ်ပြက္ခဒိန်အားဖြင့် ၅ လပိုင်း၊ ၅ ရက်နေ့ဖြစ်သည်။

နဂါးလှေပွဲတော်အတွက် ရုံးပိတ်ရက် ၃ ရက်သတ်မှတ်ထားရာ ယခုနှစ်တွင် တရုတ်လူမျိုးတို့အတွက် မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိ ရုံးပိတ်ရက် ဖြစ်သည်။

တရုတ်ဘာသာအားဖြင့် တွမ်းဝူပွဲတော်ဟုခေါ်ပြီး တရုတ်ပြည်တွင် အဆိုပါပွဲတော်ကို ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီဖြစ်သည်။

အထင်ကရ ကဗျာစာဆို ကျူးယွမ် သေဆုံးမှုကို လွမ်းဆွတ်ဖွယ်အမှတ်တရအဖြစ် ကျင်းပခြင်းဖြစ်သည်။

(▲ ဟောင်ကောင်ရှိ Aberdeen ဆိပ်ကမ်းတွင် ကျင်းပခဲ့ဖူးသော နဂါးလှေပွဲတော်)

(▲ နဂါးလှေပွဲတော်တွင် အားသွန်ခွန်စိုက် လှေလှော်နေသူများကို တွေ့ရပုံ)

(▲ နှစ်ထောင်ချီကျင်းပခဲ့သော နဂါးလှေပွဲတော် ကျင်းပပြီးစီးချိန်တွင် ပါဝင်ခဲ့သော လှေလှော်သူတို့အား အမှတ်တရဆုများ ချီးမြှင့်သည်)

(▲ နဂါးလှေပွဲတော်ကို ထိုင်ဝမ်၊ မလေးရှားနှင့် စင်္ကာပူတို့တွင်လည်း နှစ်စဉ်ကျင်းပသည်)

((ကျူးယွမ်၏ ဇာတ်ကြောင်း))

ခရစ်တော်မပေါ်မီ BC 339 မှ BC 278 အကြား တရုတ်ပြည်တွင် ကျူးယွမ်ဟူသော ကဗျာစာဆိုကြီး ပေါ်ထွန်းခဲ့ဖူးသည်။

ကျူးယွမ်သည် ကဗျာများဖြင့် ကျော်ကြားသည်သာမက ဖြောင့်မတ်တည်ကြည်သူဖြစ်သောကြောင့် ပြည်သူတို့က ချစ်ခင်လေးစားကြသည်။

ကျူးယွမ်ကို မနာလိုမုန်းထားသူအချို့က ကျူးယွမ်မှာ တိုင်းပြည်အပေါ်သစ္စာဖောက်ကြောင်း စွပ်စွဲခဲ့ကြရာ ကျူးယွမ်မှာ အလွန်စိတ်ပျက်ကာ မီလိုအမည်ရှိ မြစ်ထဲသို့ ခုန်ချပြီး အဆုံးစီရင်သွားခဲ့သည်။ကျူးယွမ်ကို ချစ်ခင်လေးစားသူတို့က ၎င်း၏ အလောင်းကို ငါးများစားမည်စိုးရိမ်သောကြောင့် ငါးများကို ကောက်ညှင်းထုပ်များ ချကျွေးခဲ့ကြသည်။

ထို့အပြင် ပြည်သူတို့က နဂါးလှေများဖြင့် ရေပြင်ဆီသို့သွားကြကာ ကျူးယွမ်၏ အလောင်းကို ငါးများမစားစေရန် ရေပြင်ကို လှော်တက်ဖြင့် ရိုက်ကြ၏။

ထိုအဖြစ်ကို အမှတ်ရစေသောအားဖြင့် နှစ်စဉ် ငါးတို့ကို ကောက်ညှင်းထုပ်ကျွေးခြင်း၊ နဂါးလှေပွဲတော်ကျင်းပခြင်းဖြင့် နှစ်ထောင်ချီ အစဉ်အလာမပျက် လုပ်ဆောင်လာခဲ့ကြသည်။

(▲ ဒဏ္ဍာရီအရ ကျူးယွမ်၏ အလောင်းကို ငါးများ မစားစေရန် ရေပြင်ကို လှော်တက်ဖြင့် ရိုက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်)

(▲ ဟောင်ကောင်တွင် မိုးမျှော်တိုက်ကြီးများကို နောက်ခံထားပြီး Aberdeen ဆိပ်ကမ်း၌ နဂါးလှေပြိုင်ပွဲဝင်သူတို့ အားကြိုးမာန်တက် လှော်ခတ်ကြသည်)

(▲ နဂါးလှေလှော်သူတို့သည် ဘင်သံစည်းချက်နှင့်အညီ အပြိုင်အဆိုင်လှော်ခတ်ကြပြီး ပရိသတ်တို့မှာ ကမ်းလုံးညွှတ်မျှ လာရောက်အားပေးလေ့ရှိသည်)

(▲ နှစ်စဉ် တရုတ်ရိုးရာ ၅ လပိုင်းတွင် ကျင်းပလေ့ရှိသည်)

ထိုင်ဝမ်၊ မလေးရှားနှင့် စင်္ကာပူတို့တွင်လည်း နှစ်စဉ်ကျင်းပသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

The festival is also celebrated in Taiwan, Malaysia and Singapore Ref: Chinese Dragon Boat Festival Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service