ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ

ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ - Property News in Myanmar from iMyanmarHouse.com
28 May 2025 11:46 am တွင် တင်ခဲ့သည်
483 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ တန်ဖိုးရှိသော တွင်းထွက်ပစ္စည်းသိုက်ကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့သည့် ဆောက်လုပ်ရေးလုပ်သားများမှာ ဆုငွေများစွာ ရရှိသွားကြသည်။

၎င်းတို့ တွေ့ရှိခဲ့သည်မှာ တန်ချိန်သန်းပေါင်းများစွာရှိသော ဂရက်ဖိုက်သိုက်ကြီးဖြစ်ပြီး ဥရောပ၏ အကြီးမားဆုံး ဂရက်ဖိုက်သိုက်ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုသည်။

(မှတ်ချက်။ ဂရက်ဖိုက်မှာ ခဲတံအပြင် ဘက်ထရီများတွင် အဓိက အသုံးပြုကြသည်။ ဂရက်ဖိုက်ကို အမငုတ်အဖြစ် အသုံးပြုပြီး အားသွင်းချိန်တွင် လီသီယမ်အိုင်းယွန်းများကို သိုလှောင်ပေးသည်။ လီသီယမ်ကို အဖိုငုတ်အဖြစ် သုံးကြသည်)

သဘာဝတွင်းထွက်သိုက်ကြီးတစ်ခု တွေ့ရှိပြီဆိုသည်နှင့် အစဉ်အလာမပျက်ပင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတို့နှင့် တွင်းထွက်ပစ္စည်းထုတ်ယူလိုသူတို့ကြား အငြင်းအခုံ ပေါ်ပေါက်လာသည်။

သင်သည် ထုံးစံအတိုင်း အလုပ်သို့သွားခဲ့ပြီး ရုတ်တရက် သင့်ဘဝပြောင်းလဲသွားစေမည့်ဖြစ်ရပ် လုပ်ငန်းခွင်တွင် ပေါ်ပေါက်လာသည်ဟု တွေးဆကြည့်ပါ။ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်သဖွယ်ပင်။

(ပုန်းကွယ်နေတဲ့ ရတနာသိုက်))

ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ရေးလုပ်သားများ တွေ့ရှိခဲ့သော ဂရက်ဖိုက်သည် ကမ္ဘာပေါ်တွင် အပူဒဏ်ကို အခံနိုင်ဆုံး တွင်းထွက်ပစ္စည်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လျှပ်ကူးပစ္စည်းလည်း ဖြစ်သည်။

လျှပ်စစ်ကားများနှင့် လျှပ်စစ်ပစ္စည်းများတွင် အသုံးပြုသော လီသီယမ်အိုင်းယွန်းဘက်ထရီကဲ့သို့ နည်းပညာ ထုတ်ကုန်များတွင် အသုံးပြုသည့် ပစ္စည်းဖြစ်သောကြောင့် ဂရက်ဖိုက်မှာ အလွန်တန်ဖိုးရှိသည်။

ထို့ကြောင့် ဂရက်ဖိုက်မှာ ဝယ်လိုအား အလွန်ကြီးမားသည်ကို မှန်းဆနိုင်သည်။

((ဂရက်ဖိုက်သိုက်ကြီး ရှာတွေ့ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အကျိုးကျေးဇူးခံစားရလား))

ဆောက်လုပ်ရေးလုပ်သားများကို ၎င်းတို့၏ ကုမ္ပဏီက ဆုချီးမြှင့်ခဲ့ရာ လုပ်သားတစ်ဦးလျှင် ဒေါ်လာ ၁၅၄၀၀ တန် ချက်လက်မှတ်တစ်စောင်စီ ရခဲ့ကြသည်။

ထိုငွေမှာ လုပ်သားများအတွက် တစုံတရာ အတိုင်းအတာအထိ ထိရောက်သော အထောက်အကူ ရစေမည့် ပမာဏ ဖြစ်သည်။

ထိုသို့ ဆုငွေရခဲ့မှုအပေါ် ဆောက်လုပ်ရေးလုပ်သားတို့မှာ များစွာ အံ့အားသင့်ခဲ့ကြသည်။ အများအားဖြင့် ထိုအလုပ်မျိုးတွင် လုပ်သားတို့မှာ မည်သည့်ဆုကြေးငွေမျိုးမှ ရလေ့မရှိကြ။

((ဒေသတွင်း စီးပွားရေးအတွက် ဂရက်ဖိုက်၏ အကျိုးသက်ရောက်မှု))

ယခုအခါ ထိုဒေသမှာ ဂရက်ဖိုက်ပေါကြွယ်ဝသော ဒေသဖြစ်ကြောင်း လူအများသိရှိသွားကြပြီး တူးဖော် ထုတ်လုပ်လိုသည့် ကုမ္ပဏီများစွာ ရှိလာနေသည်။

အဆိုပါဒေသရှိ ဂရက်ဖိုက်သိုက်ကြီးကို နှစ်ပေါင်း ၅၀ ကျော် တူးဖော်ရလိမ့်မည်ဟု ခန့်မှန်းထားရာ ဒေသခံတို့အတွက် နှစ်ပေါင်းများစွာ အလုပ်အကိုင်နေရာများ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

ထို့ကြောင့် ဒေသအာဏာပိုင်တို့က အခြေခံအဆောက်အအုံများ တိုးတက်လာစေရန် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Construction workers find hidden treasure on a construction site and receive thousands of dollars in rewards (unionrayo)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service