အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ - Property News in Myanmar from iMyanmarHouse.com
30 Apr 2025 1:49 pm တွင် တင်ခဲ့သည်
2070 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ကွန်နက်တီကပ် ပြည်နယ်တွင် အမျိုးသားတစ်ဦးက ရဲအရာရှိများထံ ပြောသည်မှာ မိမိကို ဖခင်နှင့် မိထွေးတို့က နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ထားပြီး မသေရုံတမယ်သာ ကျွေးမွေးထားခဲ့ကြောင်း ပြောသည်။

ထိုသို့ ဖမ်းဆီးခံထားရမှုမှ လွတ်မြောက်ပြီးနောက် ပထမဆုံး မွေးနေ့ပွဲကို ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကျင်းပပေးခဲ့သည်။

အသက် ၃၂ နှစ်ပြည့် မွေးနေ့ပွဲဖြစ်ပြီး ကျင်းပပေးသော ကျန်းမာရေးဝန်ထမ်းကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောသည်။

ယခုအခါ အမည်ပြောင်းရန် စီစဉ်ထားကြောင်းနှင့် မိမိဘဝကို မိမိပြန်လည်ပဲ့ကိုင်ထိန်းကျောင်းနိုင်ရန် ကြိုးစားနေကြောင်း၊ ကိုယ်စိတ်နှစ်ပါး ထိခိုက်ခဲ့ရမှုများမှ ပြန်လည်ရုန်းထနိုင်ရန် ကြိုးစားနေကြောင်းလည်း ၎င်းက ပြောသည်။

အကျိုးအမြတ်အတွက်မဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Survivors Say ၏ ထုတ်ပြန်ချက်တွင် ထိုအမျိုးသားမှာ နေအိမ်မှ လွတ်မြောက်ရန်အတွက် မီးရှို့ခဲ့ကြောင်း၊ ကွန်နက်တီကပ်ပြည်နယ်၊ ဝါးတားဘူရီ (Waterbury) မြို့ရှိ မီးလောင်နေသော နေအိမ်အတွင်းမှ ၎င်းအား မီးသတ်သမားတို့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆွဲထုတ်ကာ ကယ်တင်ခဲ့ရကြောင်း ဖော်ပြသည်။

Survivors Say အဖွဲ့မှတဆင့် ထိုအမျိုးသားက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ “ကျေးဇူးပြုပြီး ကျွန်တော့်ကို အက်စ် (S) လို့ ခေါ်ပါ။ ဒီနာမည်က ကျွန်တော့်မိဘတွေ ပေးထားတဲ့နာမည် မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ရွေးထားတဲ့ နာမည်သစ်ပါ။ ဒီနာမည်ကို အသုံးပြုသွားမှာပါ။ ကိုယ့်ဘဝနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပဲ့ကိုင်ခွင့် ရလာပြီးတဲ့နောက် အသုံးပြုသွားမယ့် နာမည်ပါ။ ကျွန်တော့်နာမည်ဟာ ကျွန်တော့်ရွေးချယ်မှုပါ။ ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေ အများကြီးထဲက ပထမဆုံးရွေးချယ်မှု ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

အက်စ်ကို မီးလောင်နေသောနေအိမ်အတွင်းမှ ကယ်တင်ခဲ့ပြီးနောက် ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးကာ ဆေးကုသမှု ခံယူစေခဲ့သည်။

ယင်းနောက်တွင် စောင့်ရှောက်ရေးစင်တာတစ်ခုသို့ ပို့ဆောင်ပေးထားသည်။

အက်စ်က ပြောသည်မှာ မိမိအား အခန်းငယ်တစ်ခုအတွင်း နေ့တိုင်းနီးပါး သော့ခတ်ချုပ်နှောင်ထားကြောင်း၊ အသက် ၁၁ နှစ်သား အရွယ်ကတည်းက ဝဝလင်လင် မစားခဲ့ရကြောင်း ဆိုသည်။

အက်စ်ကို ဆေးရုံသို့ ခေါ်ဆောင်သွားချိန်တွင် ကိုယ်အလေးချိန်မှာ ၆၉ ပေါင်သာ ရှိသည်။

ဆရာဝန်တို့က ရဲတပ်ဖွဲ့ကို ပြောသည်မှာ အက်စ်သည် အာဟာရ မပြည့်ဝမှု ပြင်းပြင်းထန်ထန် ခံစားနေရပြီး အခြားသော ကျန်းမာရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုပြဿနာများလည်း ရှိနေသည်ဟု ဆိုသည်။

မိထွေးဖြစ်သူ ကင်ဘာလေ ဆာလီဘန် (Kimberly Sullivan) ကို ပြန်ပေးဆွဲမှု၊ ကြီးလေးသော ကိုယ်ထိလက်ရောက်မှု၊ လူသားများအပေါ် ရက်စက်မှုအပြင် အခြားသော ရာဇဝတ်မှု ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ကင်ဘာလေနှင့် သူ၏ ရှေ့နေတို့ကမူ စွပ်စွဲချက်များကို ငြင်းပယ်ထားပြီး ၎င်းတွင် အပြစ်မရှိကြောင်း ပြောကြားထားသည်။

ကင်ဘာလေက ရဲတပ်ဖွဲ့ကို ပြောသည်မှာ အက်စ်ကို နေအိမ်အတွင်း ကြိုက်သလို သွားလာခွင့်ပေးထားကြောင်း ပြောသည်ဟု ဆိုသည်။

အက်စ်၏ ဖခင်ဖြစ်သူမှာ ပြီးခဲ့သောနှစ်အတွင်းက ဆုံးပါးသွားခဲ့သည်။

“ကျွန်တော်ဟာ အိပ်ခန်းထဲမှာ အကျဉ်းသားတစ်ယောက်လို ချုပ်နှောင်ခံထားခဲ့ရပါတယ်။ အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသားဘဝကတည်းက ချုပ်နှောင်ခံလိုက်ရပြီး အသက် ၃၁ နှစ်အရွယ်အထိ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ အချုပ်အနှောင်ဘဝကနေလွတ်ဖို့ စွန့်စားတဲ့အနေနဲ့ အိမ်ကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်” ဟု အက်စ်က ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော တုန်လှုပ်ဖွယ်ဗွီဒီယိုဖိုင်တွင် တွေ့ရမှုအရ မီးသတ်သမားတို့က အမျိုးသားတစ်ဦးကို မီးလောင်နေသော အိမ်တစ်လုံးအတွင်းမှ ကယ်ထုတ်ခဲ့ပုံကို တွေ့ရသည်။

မီးသတ်သမားတို့သည် ကွန်နက်တီကပ်ပြည်နယ်၊ ဝါးတားဘူရီ (Waterbury) မြို့ရှိ မီးလောင်နေသော အိမ်တစ်လုံးအတွင်းမှ ကင်ဘာလေ ဆာလီဘန် (အသက် ၅၆ နှစ်) နှင့် အက်စ် (အသက် ၃၂ နှစ်) တို့ကို ကယ်ထုတ်ပေးခဲ့သည်။

မီးသတ်သမားများ အချင်းချင်း စကားပြောဆိုသည်ကိုလည်း ဗွီဒီယိုဖိုင်ထဲတွင် ကြားရရာ “သူ…ရေမချိုးရတာ တစ်နှစ်ကျော်ရှိပြီလို့ ပြောတယ်” ဟု မီးသတ်သမားတစ်ဦးက ပြောသည်။

“သူ့တစ်ကိုယ်လုံးမှာ ချေး (ဂျီး) တွေချည်းပဲ”

အက်စ်မှာ နာဇီတို့၏ သေမင်းတမန် အကျဉ်းစခန်းဖြစ်သော အော့စ်ဝစ်ဇ်အကျဉ်းစခန်းမှ အသက်ရှင်သန် ကျန်ရစ်သူတစ်ဦးနှင့် အလားတူနေသည်။

(▲ မီးသတ်သမားတို့က အချုပ်အနှောင်လွတ်မြောက်ရေးအတွက် မီးတင်ရှို့ခဲ့သူ အက်စ်အား ကယ်တင်ခဲ့ကြပုံ)

 

 

(▲ အသက် ၅၆ နှစ်အရွယ်ရှိ ကင်ဘာလေ ဆာလီဘန်)

 

(▲ ရဲတပ်ဖွဲ့က ကင်ဘာလေ၏ အိမ်အတွင်းမြင်ကွင်း ဓာတ်ပုံများ ရာနှင့်ချီကာ ထုတ်ပြန်ခဲ့သည်။ မီးလောင်ပြာကျသွားသော ကြမ်းပြင်တနေရာ။)

 

(▲ ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ အိမ်ထဲရှိ အခန်းများစွာတွင် သော့များခတ်ထားသည်ကို တွေ့ရသည်)

 

(▲ ကင်ဘာလေ၏ ရှေ့နေက ပြောသည်မှာ အမျက်ထွက်ဖွယ် စွပ်စွဲချက်များကို ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောသည်။)

 

(▲ အိမ်နီးချင်းဖြစ်သူ Zeffney Guarneia က ပြောသည်မှာ သမီးဖြစ်သူက ကင်ဘာလေ၏ နေအိမ်အတွင်း တစ္ဆေသရဲတစ်ကောင်တွေ့သည်ဟု မိမိကို ပြောဖူးကြောင်း ပြောပြသည်။)

 

(▲ ရဲတပ်ဖွဲ့က ကင်ဘာလေ၏ နေအိမ်တွင်း တုန်လှုပ်ဖွယ်မြင်ကွင်း ဓာတ်ပုံများ ထုတ်ပြန်ခဲ့သည်။)

 

(▲ ကင်ဘာလေ၏ ရှေ့နေက ရဲတပ်ဖွဲ့ကို ဓာတ်ပုံများ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ပြီး ကျင့်ဝတ်အရ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပြောသည်)

 

(▲ ကင်ဘာလေက ၎င်းတွင် အပြစ်မရှိကြောင်း ပြောဆိုထားသည်)

ကင်ဘာလေကို ဒေါ်လာ ၂၀၀,၀၀၀ အာမခံဖြင့် ပြန်လွှတ်ပေးထားပြီး GPS ခြေရာခံစနစ် တပ်ဆင်ထားသည်။

နေအိမ်အကျယ်ချုပ် ထားရှိခြင်း မရှိချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Man who says he was held captive in Connecticut home for 20 years makes his first public comments

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service