ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ

ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ - Property News in Myanmar from iMyanmarHouse.com
7 Apr 2025 12:45 pm တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံ၊ Cannes မြို့တွင် Ma Femme Sests Une Cochonne (My wife is a sow. ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ။) ဟု အမည်ပေးထားသော delicatessen ဆိုင်တစ်ဆိုင်မှာ လူပြောများ သတင်းကြီး နေသည်။ (မှတ်ချက်။ delicatessen shop ဟူသည်မှာ ချက်ပြုတ်စီမံထားပြီးဖြစ်သော အေးခဲထားသည့် အသားလွှာများနှင့် ဆင်းဒဝစ်ချ်များ ရောင်းချပေးသည့် ဆိုင်မျိုးဖြစ်သည်။) အင်္ဂလိပ်ဘာသာအားဖြင့် ဆိုင်နာမည်မှာ My wife is a sow. ဟု ဖြစ်သည်။ Sow ဟူသော အင်္ဂလိပ်စာလုံးမှာ ဝက်မတစ်ကောင်ကို ဆိုလိုခြင်းဖြစ်သော်လည်း အမျိုးသမီးတစ်ဦးကို ရည်ညွှန်းလျှင် မကောင်းသော အနက်အဓိပ္ပာယ်မျိုးရှိပြီး လူတကာနှင့် လိင်ဆက်ဆံတတ်သည့် ဝါသနာရှိသော အမျိုးသမီးဟုလည်း အဓိပ္ပာယ်ထွက်သည်။ အဆိုပါဆိုင်ကို ယခုနှစ် ဇန်နဝါရီ လလယ်ပိုင်းတွင် အစားအသောက် ဝါသနာအိုး ၂ ဦးက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆိုင်တွင် ချက်ပြုတ်ထားပြီးဖြစ်သည့် အေးခဲထားသော အသားလွှာများ၊ အရက်သေစာများ အပါအဝင် ထူးကဲသော စားသောက်ဖွယ်ရာများ ရောင်းချပေးသည်။ My wife is a sow. ဟူသော အမည်မှာ ထိုးနှက်တိုက်ခိုက်သည့် အဓိပ္ပာယ်မျိုးထွက်သော်လည်း ဆိုင်တည်ထောင်သူ အမျိုးသား ၂ ဦးက အခိုင်အမာပြောသည်မှာမူ မိမိတို့၏ အိမ်ထောင်ဘက်များနှင့် မည်သည့်ပြဿနာမှ မရှိကြောင်း ပြောသည်။ ယခုအမည်ကို အပျော်သဘောဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ နှစ်ဦးက ပြောသည်။ လူစိတ်ဝင်စားစေရန် ယခုအမည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ ရည်ရွယ်သည့်အတိုင်း လူစိတ်ဝင်စားမှုရခဲ့သော်လည်း မလိုလားအပ်သည့် စိတ်ဝင်စားခံရမှုများပါ ရှိလာသည်။ ဆိုင်ဖွင့်ပြီး တစ်လမကြာမီတွင်ပင် My wife is a sow ဆိုင်ကို ဒေသအာဏာပိုင်တို့က သတိပေးမှုများ ပြုလုပ်ခဲ့သည်။ ဝေဖန်စရာဖြစ်နေသော ဆိုင်နာမည်ဆိုင်းဘုတ်ကို ဖြုတ်ချရန် မြို့အာဏာပိုင်တို့က ညွှန်ကြားခဲ့သည်။ ဆိုင်းဘုတ်တွင် ပုဆိန်ကိုင်ထားသည့် ဝက်မ ၂ ကောင်၏ ပုံလည်း ပါဝင်နေသည်။ ဆိုင်းဘုတ် မဖြုတ်သေးသမျှ ကာလပတ်လုံး တစ်ရက်လျှင် ယူရို ၂၄၃ (၂၆၂ ဒေါ်လာ) နှုန်း နေ့စဉ်ဒဏ်ငွေ ပေးဆောင်ရမည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့က အမိန့်ပေးထားသည်။ ယခုကဲ့သို့ အရေးယူခြင်းမှာ ဆိုင်နာမည်ကြောင့် ဟုတ်၊ မဟုတ်ကို ဆက်သွယ်မေးမြန်းရာတွင် ကိန်းမြို့ အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဖြေကြားသည်မှာ ဆိုင်းဘုတ်တပ်ရန် ခွင့်ပြုချက် တောင်းခံခြင်း မရှိသောကြောင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုချက်မတောင်းခြင်းမှာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ပိုင်ရှင် ၂ ဦးကမူ အဆိုပါပြောကြားချက်ကို လက်မခံချေ။ “ဆိုင်းဘုတ်တင်လိုက်ပြီး နောက်ပိုင်းကတည်းက အမျိုးမျိုး ဝေဖန်ခံ၊ တိုက်ခိုက်ခံရတော့တာပါပဲ။” ဟု ဆိုင်ပိုင်ရှင် ၂ ဦးအနက်မှ တစ်ဦးဖြစ်သူ ဒေးဗစ် ပရင့်စ်က ပြောသည်။ “ဒီကိစ္စကို တိုင်တန်းတဲ့သူရဲ့ တိုင်ကြားစာမှာ ဆိုင်နာမည်က အဓိကအကြောင်းရင်းဖြစ်တယ်လို့ ပြောထား ပါတယ်။ လူအများအပြားဟာ ဆိုင်းဘုတ်တင်ဖို့ ဘယ်သူမှ ခွင့်ပြုချက် မတောင်းကြပါဘူး” ဆိုင်ပိုင်ရှင်တို့က မြို့အုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ကို လိုက်နာသည့်အနေဖြင့် ဆိုင်းဘုတ်ကို ဆိုင်ထဲသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ဆိုင်ပြင်မှကြည့်လျှင် ပြတင်းမှတဆင့် ဆိုင်းဘုတ်ကို မြင်နေရဆဲ ဖြစ်သည်။ ယခုကဲ့သို့ ဆိုင်ကို လူသိစေရန် ထိုးဖောက်ခြင်းတွင် မည်သူ့အတွက်မှ အန္တရာယ်မရှိကြောင်း ဆိုင်ပိုင်ရှင် ၂ ဦးက ပြောသည်။ ဒေသခံတို့က ဆိုင်နာမည်အပေါ် နှစ်သက်သဘောကျကြကြောင်းလည်း ၎င်းတို့က ပြောသည်။ My wife is a sow ဆိုင်မှာ အဆိုပါအမည်ဖြင့်ပင် ဆက်လက်ဖွင့်လှစ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cannes Shop Faces Criticism Over “My Wife Is a Sow” Branding

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service