တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး

တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး - Property News in Myanmar from iMyanmarHouse.com
17 Mar 2025 12:13 pm တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး

ဘရာဇီးနိုင်ငံရှိ အမေဇုန်တောကြီး၏ အရှေ့မြောက်ဖျားပိုင်းတွင် တည်ရှိသော ဘူရီတီကူးပူ အမည်ရှိ မြို့ကလေးမှာ တဖြေးဖြေးချင်း မြေမြိုခံလာနေရသည်။

လူဦးရေ ၅၅၀၀၀ ခန့်နေထိုင်သော ဘူရီတီကူးပူမြို့လေးတွင် မီတာပေါင်းများစွာ နက်ရှိုင်းသော မြေကျွံချောက်ကြီးများမှာ ပြီးခဲ့သောလအနည်းငယ်အတွင်း မြေပြိုကျမှုများ တစထက်တစ ကြီးထွားလာနေရာ တစ်မြို့လုံး မြေအောက်ရောက်တော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရသည်။

အန္တရာယ်အကြီးဆုံးနေရာများတွင် နေထိုင်သူပေါင်း ၁၂၀၀ ကို မြို့အာဏာပိုင်တို့က နေရာရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သို့သော် တစ်မြို့လုံးရင်ဆိုင်နေရသည့် ယခုပြဿနာကြီးကို မည်သို့ မည်ပုံဖြေရှင်းရမည်ဟူသော အဖြေတစ်ခု မရှိသေး။

ဘူရီတီကူးပူမြို့လေးတွင် မြေကျွံချောက်ကြီးများ၏ ပြဿနာ စတင်ခဲ့သည်မှာ ဆယ်စုနှစ် ၃ ခုခန့် ရှိခဲ့ပြီ ဖြစ်သည်။

မြေပြိုလွယ်သော သဲဆန်သည့်မြေဖြစ်နေခြင်း၊ မြို့ပြစီမံကိန်းချမှတ်မှု အားနည်းခြင်းနှင့် သစ်တောပြုန်းတီးခြင်း အစရှိသည့် အချက်များကြောင့် ဖြစ်သည်။

သို့သော် မကြာသေးမီကာလများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေကျွံချောက်ကြီးများ၏ ပြိုကျမှုများမှာ အလွန်မြန်ဆန်လာသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ဘူရီတီကူးပူမြို့လေးသို့ ဦးတည်နေသည့် မြေကျွံချောက်ကြီး ၂၆ ခုရှိခဲ့သည်။

အချို့ချောက်ကြီးများမှာ ၆၅ ပေခန့် နက်ရှိုင်းလာသည်။

အဆိုပါ အခြေအနေများကြောင့် ဘူရီတီကူးပူတွင် အရေးပေါ်အခြေအနေ ကြေညာလာရသည်။

“ပြီးခဲ့သော လအနည်းငယ်အတွင်း မြေကျွံချောက်ကြီးများ၏ ပြိုကျမှုမှာ လျင်မြန်စွာ ကြီးထွားလာနေပြီး လူနေအိမ်များရှိရာသို့ တဟုန်ထိုးချဉ်းကပ်လာလျက်ရှိသည်” ဟု ဘူရီတီကူးပူတွင် အရေးပေါ်အခြေအနေ ကြေညာကြောင်း ထုတ်ပြန်ခဲ့သည့် အမိန့်စာတွင် ဖော်ပြသည်။

ယခုကဲ့သို့ မြေပြိုမှုကြီးများကို ဘရာဇီးတွင် ဗိုကိုရိုကာဟု ခေါ်ကြသည်။ တိုင်းရင်းသားမျိုးနွှယ်စုတစ်ခု၏ စကားဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းဟု အဓိပ္ပာယ်ရသည်။

“အတော်ကြောက်စရာကောင်းပါတယ်။ မိုးအများကြီးမရွာအောင် တခါတခါ ဘုရားမှာ ကျွန်တော်ဆုတောင်း ပါတယ်။ အပြစ်တွေရှိရင် ခွင့်လွှတ်ပေးပါလို့လည်း ဘုရားဆီမှာ တောင်းပန်ပါတယ်” ဟု မြေကျွံချောက်ကြီး တစ်ခုအနီးနေထိုင်သော ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာရှင်တစ်ဦးဖြစ်သူ Nazare Feitosa က ဘရာဇီးအခြေစိုက် Globo သတင်းဌာနသို့ ပြောသည်။

 

“မိုးရွာပြီဆိုရင် ဒီမှာရှိတဲ့လူတွေ အကုန်ခြောက်ခြားနေရပြီး ဘယ်သူမှ မအိပ်ရဲဘူး။ တစ်ညလုံး ငုတ်တုတ်ထိုင် ရင်း မြေပြိုသံတွေကို နားစွင့်နေရပါတယ်” ဟု ဘူရီတီကူးပူမြို့သားတစ်ဦးက ပြောသည်။

“မြေပြိုသံတွေကြားရင် ကိုယ့်အိမ်နဲ့ နီးလားဆိုတာ ထကြည့်ရပါတယ်။ တကယ်လို့ အိမ်နားမှာဆိုရင် ပြောင်းကြ ရွှေ့ကြရပါတယ်”

ပြီးခဲ့သော ဆယ်နှစ်တာအတွင်း မြေကျွံချောက်ကြီးတစ်ခု ပြိုကျမှုကြောင့် ဘူရီတီကူးပူမြို့လေးရှိ လမ်း ၃ လမ်း နှင့် နေအိမ် အလုံး ၅၀ ကျော် ဆုံးရှုံးခဲ့ရသည်။

အချို့လမ်းများမှာ တစိတ်တပိုင်း မြေပြိုကာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Giant Sinkholes Threaten to Swallow Entire Brazilian Town (odditycentral) 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service