တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ

တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
7 Mar 2025 10:14 am တွင် တင်ခဲ့သည်
794 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အနောက်မြောက်ပိုင်း ရေခဲဖုံး တောင်တန်းများပေါ်တွင် ၁၀ ရက်ကြာ ပျောက်ဆုံးနေသော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို နောက်ဆုံးတွင် တွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့သည်။

သွေးပျက်ဖွယ်ထိုကာလအတွင်း ဆွန်လျန်းအမည်ရှိ လူငယ်သည် ရိက္ခာပြတ်သွားခဲ့ပြီး မြစ်ရေ၊ အရည်ပျော်သွားသော နှင်းခဲရေ၊ သွားတိုက်ဆေးတို့စားကာ အသက်ဆက်ခဲ့ကြောင်း Jimu News သတင်းဌာနက ဖော်ပြသည်။

ဆွန်လျန်းသည် ဖေဖော်ဝါရီလ ၈ ရက်တွင် တစ်ဦးတည်း တောင်တက်ခရီးစတင်ခဲ့ပြီး ရှန်ရှီးပြည်နယ်ရှိ အရှေ့-အနောက်သွယ်တန်းသော ချင်းလင်တောင်တန်း (Qinling mountain) သို့ တောင်တက်ခရီးစတင်ခဲ့သည်။

ချင်းလင်တောင်တန်းသည် ပျမ်းမျှအမြင့် မီတာ ၂၅၀၀ ရှိပြီး သစ်ပင်ပန်းမန်နှင့် သားရဲတိရ စ္ဆာန် စုံလင်သော တောင်တန်းအဖြစ် လူသိများသည်။

သူ၏ ခရီးစဉ် ၂ ရက်မြောက်တွင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဘက်ထရီအားကုန်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။

ယင်းနောက် တောကြီးမျက်မည်းထဲတွင် လမ်းပျောက်နေခဲ့ပြီး ချောင်းရိုးတစ်ခုဘေးတလျှောက် စုန်ဆင်း လမ်းလျှောက်သွားခဲ့သည်။

ထိုလမ်းတွင် အကြိမ်ကြိမ် ချော်လဲခဲ့ရာမှ ညာဘက်လက်မောင်း လက်ကျိုးသွားခဲ့သည်။

 

 

(▲ဆွန်လျန်းသည် ခရီးစဉ် ၂ ရက်မြောက်တွင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဘက်ထရီအားကုန် သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။ ဓာတ်ပုံ-QQ.com)

 

ပြင်းထန်သော တောင်ပေါ်လေမှ အကာအကွယ်ရရန် ဆွန်လျန်းသည် ကြီးမားသော ကျောက်ဆောင်ကြီးတစ်ခုနောက်တွင် ကွန်းခိုနေခဲ့ပြီး ကောက်ရိုးခြောက်၊ သစ်ရွက်ခြောက်တို့ဖြင့် အိပ်စက်ရန် နေရာတစ်ခု ဖန်တီးထားခဲ့ရသည်။

ထိုနေရာတွင်သာ ခိုနေခဲ့ပြီး ကယ်ဆယ်ရေးသမားများက ဖေဖော်ဝါရီလ ၁၇ ရက်တွင် တွေ့ရှိ ကယ်ဆယ်နိုင် ခဲ့ခြင်း ဖြစ်သည်။

သတင်းများအရ ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ခုသည် စိုးရိမ်ပူပန်နေသော မိသားစုဝင်တို့၏ တောင်းဆိုချက်ကြောင့် အဆိုပါတောင်တန်းကို စွန့်စားထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အဖွဲ့ မီးမွှေးစဉ် မီးခိုးနံ့ရသွားသော ဆွန်လျန်းက အော်ဟစ်ကာ အကူအညီတောင်းခံခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့က ဆွန်းလျန်း၏ အော်သံကို ကြားခဲ့ကြသည်။

ဆွန်လျန်း သွားခဲ့သော ၁၇၀ ကီလိုမီတာ ရှည်လျားသည့် Ao-Tai Line လမ်းကြောင်းမှာ Ao တောင်နှင့် Taibai တောင်တို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းဖြစ်ပြီး တရုတ်ပြည်ရှိ အကြမ်းတမ်းဆုံး လမ်းကြောင်း ၅ ခုတွင် တစ်ခု အပါအဝင်ဖြစ်ကာ ရာသီဥတု မခန့်မှန်းနိုင်ဘဲ အပြောင်းအလဲမြန်ဆန်မှုကြောင့် နာမည်ကြီးသည်။

ပြီးခဲ့သော ဆယ်စုနှစ် ၂ ခုတာကာလအတွင်း ရာသီဥတု ဆိုးရွားကြမ်းတမ်းလှသော အဆိုပါလမ်းကြောင်းတွင် ပျောက်ဆုံး (သို့မဟုတ်) သေဆုံးခဲ့ရသော တောင်တက်သမား ၅၀ ဦးကျော် ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဒေသအာဏာပိုင်တို့က အဆိုပါလမ်းကြောင်းသို့ သွားလာခွင့်မရှိကြောင်း တားမြစ်ပိတ်ပင်ခဲ့ပြီး တားမြစ်ချက် ချိုးဖောက်သူတို့ကို အရေးယူမည်ဟု အမိန့်ထုတ်ခဲ့ရသည်။

 

 

(၂၀၁၈ ခုနှစ်မှ စတင်ပြီး အဆိုပါလမ်းကြောကို အများပြည်သူတို့ သွားလာခွင့် ပိတ်ပင်ထားခဲ့သည်။ ဓာတ်ပုံ-QQ.com)

ထိုသို့ ပိတ်ပင်ထားသော်လည်း အချို့သော လူစွန့်စားတို့မှာ ထိုလမ်းကြောင်းသို့ သွားရောက်နေကြဆဲ ဖြစ်သည်။

ထုလမ်းကြောတွင် ပျောက်ဆုံးသွားသူများအနက် ဆွန်လျန်းမှာ မသေမပျောက် ပထမဆုံး ကယ်ဆယ်ခံရသူဖြစ်လာသည်။

 

 

(စိတ်ပူနေသော မိသားစုက ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ရာ ကန်ဒေါ်လာ ၁၁၀၀၀ ခန့် ကုန်ကျခဲ့သည်။ ဓာတ်ပုံ-QQ.com)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Young China hiker survives by eating toothpaste after lost in cold mountains for 10 days Photo Credit-QQ.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service