အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ - Property News in Myanmar from iMyanmarHouse.com
5 Mar 2025 10:06 am တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံတွင် Dukaan အမည်ရှိ e-Commerce ကုမ္ပဏီတစ်ခု၏ စီအီးအို Suumit Shah သည် အလိုအလျောက်စနစ်ကို အမြင့်ဆုံးအဆင့်အထိ အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နွေရာသီတွင် Shah က ဆုံးဖြတ်ချက်တစ်ခု ရဲဝံ့စွာချမှတ်ခဲ့ပြီး ဝန်ထမ်း ၉၀ ရာခိုင်နှုန်းနီးပါးကို အလုပ်ထုတ်လိုက်ကာ ၎င်းတို့၏နေရာတွငသ် AI-powered chatbot များဖြင့် အစားထိုးခဲ့သည်။

လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်လျှော့ချရန်နှင့် စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Shah ၏ လုပ်ဆောင်ချက်အပေါ် အပြင်းအထန် ဝေဖန်ဆွေးနွေးကြမှုများ ပေါ်ပေါက်လာလျက် ရှိနေသည်။

ထိုသို့လုပ်ဆောင်ခဲ့ပြီး တစ်နှစ်အကြာတွင် Shah က သူ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခဲ့ရာ အောင်မြင်မှု ရခဲ့သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

((AI နည်းပညာသုံး Customer ဝန်ဆောင်မှု))

Shah က ပြောပြသည်မှာ သူ၏ ကုမ္ပဏီတွင် AI နည်းပညာကို အကောင်အထည်ဖော်ခဲ့ရာတွင် Customer ဝန်ဆောင်မှုပိုင်း၌ ကြီးမားသည့် တိုးတက်မှုများ ရှိလာကြောင်း ပြောသည်။

Customer တို့ကို တုံ့ပြန်မှုအပိုင်းတွင် ယခင်က ၂ မိနစ်နီးပါး ကြာခဲ့ရာမှ ယခုအခါတွင် ချက်ချင်းတုံ့ပြန်မှု ပေးလာနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် customer တို့၏ ပြဿနာများကို ဖြေရှင်းပေးမှုအပိုင်းတွင် ယခင်က ၂ နာရီကျော် ကြာမြင့်ခဲ့ရာမှ ယခုအခါ မိနစ်အနည်းငယ်သာ ကြာတော့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ပိုမိုထိရောက်မှုနှင့် customer experience တို့ ပိုမိုကောင်းမွန်မှုရလာမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောသည်။

ဝေဖန်ထောက်ပြသူတို့ကမူ Customer ဝန်ဆောင်မှုအပိုင်းတွင် လူသားတို့၏ ရှုထောင့်ပုံစံကို အစားထိုး၍ မရနိုင်ကြောင်း၊ ဤမျှကြီးမားစွာ အလိုအလျောက်စနစ် အားကိုးလာခြင်းမှာ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းအတွက် ကြီးမားသည့် အန္တရာယ်ကြီးဖြစ်လာန်ိုင်ကြောင်း ဝေဖန်ကြသည်။

((AI က လူသားတို့၏ အလုပ်နေရာများတွင် အစားထိုးဝင်ရောက်လာမှု))

လူသားဝန်ထမ်းတို့၏ အလုပ်အကိုင်နေရာများတွင် AI က အစားထိုးဝင်ရောက်မှုနှင့် စပ်လျဉ်းပြီး နှစ်ပေါင်းများစွာ ဆွေးနွေးငြင်းခုံခဲ့ကြပြီး ဖြစ်သည်။

လူသားဝန်ထမ်းတို့နေရာတွင် စက်ယန္တရားများ ကြီးစိုးလာသည့် အနာဂတ်ကို သိပ္ပံဆန်းကြယ် ရုပ်ရှင်များပင် ရိုက်ကူးလာကြသည်။

ယနေ့အချိန်တွင် AI ၏ စွမ်းပကား ပိုမိုမြင့်မားလာသည်နှင့်အမျှ အဆိုပါအငြင်းအခုံမှာလည်း ဆက်လက်ကြီးထွားလာနေသည်။

အချို့ကမူ ထပ်တလဲလဲ လုပ်ရသော အချိန်ကုန်သည့်အလုပ်မျိုးကို AI ဖြင့် အစားထိုးခြင်းမှာ ထုတ်လုပ်နိုင်စွမ်း ပိုမိုမြင့်မားသောကြောင့် အပြုသဘောဆောင်သည့် ပြောင်းလဲမှုဖြစ်ကြောင်း ရှုမြင်ကြသည်။

အချို့ကမူ မကြာမီ ရင်ဆိုင်ရတော့မည့် ခြိမ်းခြောက်မှုကြီးတစ်ခုအဖြစ် ရှုမြင်ကြသည်။

အလိုအလျောက်စနစ်သုံးခြင်းများ အကျယ်တဝင့်ဖြစ်လာနေခြင်းကြောင့် အလုပ်လက်မဲ့များ အလွန်များပြားလာမည်ဟု သတိပေးလာကြသည်။

((AI နှင့် လုပ်ငန်းခွင် အနာဂတ်))

Dukaan ၏ AI သို့ ကူးပြောင်းမှုမှာ သာဓက တစ်ခုမျှသာ ဖြစ်သည်။

Amazon, Google နှင့် Tesla တို့ကဲ့သို့ ကမ္ဘာပေါ်ရှိ ထိပ်သီးကော်ပိုရေးရှင်းကြီးများမှာ အလိုအလျောက်စနစ်အတွက် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနေသည်။

လက်ရှိအချိန်တွင် မေးခွန်းပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

AI က လူသားတို့၏ အလုပ်များကို ဝင်ရောက်နေရာယူတော့မည်လားဟူသော မေးခွန်း မေးရတော့မည့်အချိန် မဟုတ်တော့။

မည်မျှ မြန်မြန်ဆန်ဆန်နှင့် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာမလဲဟု မေးခွန်းထုတ်ရန်သာ ကျန်တော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Year After Laying off Almost All His Staff and Replacing Them with an AI, This Indian Entrepreneur Shares an Unexpected Balance Sheet!

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service