လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ - Property News in Myanmar from iMyanmarHouse.com
19 Feb 2025 10:48 am တွင် တင်ခဲ့သည်
779 ကြိမ် ကြည့်ရှု့ပြီး

လွန်ခဲ့သော ၁၂ နှစ်က လန်ဒန်မြို့ရှိ Bishops Avenue သည် လန်ဒန်၏ ဈေးအကြီးဆုံးလမ်းဖြစ်ခဲ့ပြီး ခမ်းနားသော ရွှေရောင်နေ့ရက်များ ပိုင်ဆိုင်ခဲ့ဖူးသည်။

ထိုလမ်းသည် အေးချမ်းဆိတ်ငြိမ်သော နေရာဖြစ်ပြီး အကျော်အမော်များ၊ တော်ဝင်များနှင့် ကျိကျိတက် ချမ်းသာသော ထိပ်တန်းလွှာ ၁ ရာခိုင်နှုန်းတို့၏ နန်းတော်တမျှ ခမ်းနားလှသော စံအိမ်ကြီးများ၊ ကောင်းစွာ မွမ်းမံထိန်းသိမ်းထားသော ပန်းဥယျာဉ်များဖြင့် အတိပြီးခဲ့သည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက် အရာရာ ပြောင်းလဲသွားခဲ့သည်။

တချိန်က ကြီးကျယ်ခမ်းနားခဲ့သော Bishops Avenue လမ်းသည် ယခုအခါ စွန့်ပစ်ခံ ဖုန်းဆိုးတောကြီး ဖြစ်နေသည်။

ဒေသခံတို့က ပြောသည်မှာ အဆိုပါလမ်းသည် နေထိုင်ရအလွန်ကောင်းသော နေရာဖြစ်ခဲ့ကြောင်း ပြောသည်။

စံအိမ်၏ ကျောက်စရစ်လမ်းများပေါ်တွင် တချိန်က ပြိုင်ကားများ ရပ်နားထားခဲ့ကြသော နေရာများ၌ ယခုအခါ ခြုံတောကြီးများနှင့် ချိုင့်ကျင်းများသာ ကြီးစိုးနေပြီး မြေကွက်များစွာမှာ စွန့်ပစ်ခံထားရသည်။

အလွန်ခမ်းနား သိုက်မြိုက်ခဲ့သောလမ်းမှာ အဘယ်ကြောင့် လူသူကင်းမဲ့သွားသည်ကို ဒေသခံတို့ နှစ်ပေါင်းများစွာ အဖြေရှာမရ ဖြစ်နေခဲ့ကြသည်။

MailOnline သတင်းဌာန၏ လေ့လာ စုံစမ်းမှုအရ Bishops Avenue လမ်း ဖုန်းဆိုးတောဖြစ်သွားခြင်း၏ နောက်ကွယ်တွင် ဒူဘိုင်း၌ နေထိုင်သော ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အမည်ခံ ကုမ္ပဏီတစ်ခုနှင့် ဆက်စပ်နေသည်ကို တွေ့လာရသည်။

အခွန်မဆောင်ရသော Isle of Man နိုင်ငံတွင် အခြေစိုက်သည့် Birch Ventures Limited (BVL) ဟူသော ကုမ္ပဏီက ၂၀၁၃ ခုနှစ်အတွင်း Bishops Avenue လမ်းရှိ မြေကွက် ၁၁ ခုကို ပေါင် ၇၃ သန်း (ကန်ဒေါ်လာ ၉၁ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းမှာ ခမ်းနားသိုက်မြိုက်သော လမ်းတစ်ခု နိဂုံးချုပ်စေမည့် အကြောင်းရင်း ဖြစ်လာသည်။

အဆိုပါ ကုမ္ပဏီက ဝယ်ယူလိုက်သော စံအိမ်များတွင် llkley House စံအိမ်၊ Redcroft စံအိမ်၊ The Georgians စံအိမ်၊ The Towers ဟု လူသိများသော Bishops Avenue အမှတ် ၅၃ စံအိမ်၊ White Lodge Close စံအိမ်၊ White Lodge Close စံအိမ်နောက်ဘက်ရှိ မြေကွက်နှင့် Arden Court Gardens စံအိမ် (ခြံအမှတ် ၁ မှ ၅ အထိ)တို့ ပါဝင်သည်။

 

 

(The Towers စံအိမ်မှာ မီးသင့်သွားခဲ့သည်။)

 

 

(White Lodge Close စံအိမ်နှင့် White Lodge Close စံအိမ် နောက်မှ မြေကွက်လွတ် စွန့်ပစ်ခံထားရပုံ။)

 

 

 

(White Lodge Close စံအိမ်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ။)

 

 

(llkley House စံအိမ်၊ Redcroft စံအိမ်၊ The Georgians စံအိမ်သို့ ရှိခဲ့ဖူးသောနေရာမှာ ယခုအခါ မြေကွက်လွတ် ဖြစ်နေသည်။)

 

 

(llkley House စံအိမ်၊ Redcroft စံအိမ်၊ The Georgians စံအိမ်များ ရှိခဲ့သော နေရာ၏ ကောင်းကင် ဓာတ်ပုံ။)

 

 

(တချိန်က ခမ်းနားသိုက်မြိုက်ခဲ့ဖူးသော နေရာ)

 

 

(The Georgians စံအိမ်ကို ဖြိုချခဲ့ပြီး ပြန်လည် ဆောက်လုပ်ခြင်း မရှိတော့ချေ။)

 

 

(ဝယ်ယူခဲ့သော ပိုင်ရှင်တို့က Luxury လူနေခန်းများ ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့။)

 

 

(The Towers စံအိမ်မှာ ယခုအခါ ကျူးကျော်နေထိုင်သူတို့ စတည်းချရာ နေရာ ဖြစ်လာသည်။)

 

 

(ပျက်စီးယိုယွင်းနေသည့် စွန့်ပစ်ခံအခြေအနေကြောင့် သူဌေးများမှာ ရွှေ့ပြောင်းနေထိုင်ရန် စိတ်မဝင်စား ကြချေ။)

 

 

(တချိန်က လူကုံထံတို့ နေထိုင်ခဲ့သောလမ်းမှာ ယခုအခါ စီးကရက်အစီခံများနှင့် အရက်ပုလင်းခွံများ ပျံ့ကြဲနေသည်။)

 

 

(လက်ရှိတွေ့ရသော မြင်ကွင်း။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE -Why ELEVEN empty plots worth £73m have been left to rot on London's billionaire's wasteland Photo Credit-dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service