သြစတေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သော နေအိမ်များ လေလံတင်ရောင်းချရန် စီစဉ်နေ

သြစတေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သော နေအိမ်များ လေလံတင်ရောင်းချရန် စီစဉ်နေ - Property Knowledge in Myanmar from iMyanmarHouse.com
14 Feb 2025 9:38 am တွင် တင်ခဲ့သည်
597 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့လယ် စီးပွားရေးရပ်ကွက်အနီး မြေလွတ်ဟူသည်မှာ ပုဇွန်သွေးနှင့် လိပ်မွှေးသဖွယ်ပင်။

ယခုအခါ ထိုသို့သောနေရာတွင် မြေ ၁၇ ကွက်တန်းတစ်ခု လေလံတင်ရောင်းချရန်ရှိနေရာ ကြုံရခဲသည့် ဒုလ္လဘတရား တစ်ခု ဖြစ်သည်။

ဆစ်ဒနီမြို့လယ် Haberfield အရပ်ရှိ အဆိုပါနေအိမ်မြေနေရာများကို ရောင်းချရန်အတွက် သြစတေးလျ ကာကွယ်ရေးဝန်ကြီးဌာနက McGrath Estate Agents အိမ်ခြံမြေကုမ္ပဏီထံ အပ်နှံထားသည်။

McGrath ၏ စီအီးအို John McGrath က ပြောသည်မှာ “Haberfield စစ်ဘက်အရန်သိုလှောင်ရုံ အဆောက်အအုံ” အဖြစ် အသုံးပြုခဲ့သော နေရာမှာ ဆစ်ဒနီမြို့လယ်အိမ်ခြံမြေဈေးကွက်သို့ လတ်တလောကာလအတွင်း ဈေးကွက်ဝင်လာသည်များအနက် အထင်ကရအရှိဆုံးများထဲတွင် ပါဝင်ကြောင်း ပြောသည်။

 

(မိမိကြုံဖူးသမျှ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အိမ်ခြံမြေများတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း McGrath က ပြောသည်။ ဓာတ်ပုံ-Julian Andrews)

“ကျွန်တော် အိမ်ခြံမြေလောကမှာ ကျင်လည်နေတာ နှစ်ပေါင်း ၄၀ ကျော်ရှိပါပြီ။ ဒါက အထူးခြားဆုံးနဲ့ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးတွေထဲမှာ ပါပါတယ်။ ဈေးကွက်ကို ပို့ပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု McGrath က ပြောသည်။

ဆစ်ဒနီမြို့ Hawthorne Parade အရပ်တွင်တည်ရှိပြီး ရောင်းချမည့် မြေကွက် ၁၇ ကွက်ဖြစ်ကာ အကျယ်အဝန်း စတုရန်း မီတာ ၅၀၀ မှ ၁၀၄၄ မီတာအထိ အမျိုးမျိုးရှိသည်။ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၀၇၆၀ ဖြစ်သည်။

McGrath ကုမ္ပဏီ၏ အရောင်းနှင့် လေလံဆိုင်ရာ အထွေထွေမန်နေဂျာ Troy Malcolm က တာဝန်ယူ ဈေးကွက်တင်ပေးမည် ဖြစ်သည်။

မြေကွက်များမှာ ဒေါ်လာ ၁ ဒသမ ၆ သန်းမှ ၂ ဒသမ ၈၅ သန်းကြား ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး လာမည့် မတ်လ ၂၇ ရက် ညနေပိုင်းတွင် လေလံတင်ရန် စီစဉ်ထားသည်။

 

 

(လေလံတင်ရောင်းချမည့် မြေကွက် ၁၇ ခုမှာ အကျယ်အဝန်း စတုရန်းမီတာ ၅၀၀ မှ ၁၀၄၄ စတုရန်းမီတာ အထိ ရှိပြီး ဈေးနှုန်း ဒေါ်လာ ၁ ဒသမ ၆ သန်းမှ ၂ ဒသမ ၈၅ သန်းကြား ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။)

 

“Haberfield ဟာ သြစတေးလျရဲ့ ဂုဏ်ယူစရာအကောင်းဆုံးနေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဝိတိုရိယနဲ့ ဖက်ဒရေးရှင်းဗိသုကာလက်ရာ စံအိမ်ကြီးတွေ အားလုံးနီးပါးဟာ ပြောင်းလဲမွမ်းမံမှုတွေမရှိဘဲ မူရင်းအတိုင်း တွေ့ရနိုင်ပါတယ်။ ဒီလိုစံအိမ်ကြီးတွေကို သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ဥပဒေနဲ့ ဂရုတစိုက် ထိန်းသိမ်းထားပါတယ်” ဟု မစ္စတာ McGrath က ပြောသည်။

Haberfield အရပ်ကို ပန်းဥယျာဉ်ရပ်ကွက်ဟု ကာလကြာရှည် ရည်ညွှန်းခဲ့ကြသည်။

လူဦးရေထူထပ်သော မြို့ပြလူနေမှုဘဝမှ ရုန်းထွက်အပန်းဖြေနိုင်ရန် ၁၉၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rare Dept of Defence house blocks to go under the hammer Photo Credit- Julian Andrews

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service