ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
15 Jan 2025 12:30 pm တွင် တင်ခဲ့သည်
569 ကြိမ် ကြည့်ရှု့ပြီး

အကယ်၍ သင်သည် ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ပေါင်းများစွာ အားပေးခဲ့သည့် အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများကို နှစ်သက်ခဲ့ခြင်းမှာ လီမင်ဟို၏ ဇာတ်လမ်းတွဲတစ်ခုကို ကြည့်ရှုမိခဲ့ခြင်းကြောင့်ဟုဆိုလျှင် ထိုအချက်မှာ အံ့အားသင့်ဖွယ် မရှိချေ။

လက်ရှိအားဖြင့် လီမင်ဟိုသည် ကမ္ဘာပေါ်တွင် လူသိအများဆုံး ကိုရီးယားသရုပ်ဆောင်ဖြစ်နေခြင်းမှာ မငြင်းနိုင်ချေ။

လီမင်ဟို၏ လူအများစွဲလမ်းခဲ့ရသော ဇာတ်လမ်းတွဲများတွင် Boys Over Flowers, The Heirs နှင့် The Legend of the Blue Sea တို့မှာ အထင်ရှားဆုံး ဖြစ်သည်။

မကြာသေးမီက ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ The King: Eternal Monarch နှင့် Pachinko တို့ ဖြစ်သည်။

လက်ရှိတွင် လီမင်ဟိုသည် အာကာသခရီးသည်တစ်ဦးနှင့် ကွန်မန်ဒါတစ်ဦးတို့ ကြားမှာ အချစ်ရေးကို ရိုက်ကူးထားသော When the Stars Gossip ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်နေသည်။

အဆိုပါဇာတ်လမ်းတွဲကို Netflix မှတဆင့် ကြည့်ရှုနိုင်သည်။

ရုပ်ရှင်နယ်တွင် ဖြတ်သန်းမှု ကြာမြင့်ခဲ့သည်နှင့်အမျှ အလွန် ချမ်းသာကြွယ်ဝလာခဲ့ပြီး အိမ်ခြံမြေပိုင်ဆိုင်မှုများလည်း များပြားလာသည်။

လီမင်ဟို၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၆ သန်းခန့်ရှိကြောင်း Lifestyle Asia က ဖော်ပြသည်။

လီမင်ဟိုသည် လက်ရှိအားဖြင့် ဆိုးလ်မြို့တော်တွင် အခြေချ နေထိုင်သည်။

ဆိုးလ်မြို့တော် Seongbuk-dong အရပ်တွင် ကြီးမားကျယ်ဝန်းသော စံအိမ်ကြီး ၂ လုံး ပိုင်ဆိုင်ထားသည်။

လီမင်ဟို၏ စံအိမ်မှာ တောင်တန်းများ၏ ခြေရင်း Seongbuk-dong အရပ်တွင် တည်ရှိပြီး ဆိုးလ်မြို့တော်၏ သာယာလှပသော ရှုမျှော်ခင်းများကို တွေ့မြင်ရသည့်နေရာ ဖြစ်သည်။

အစဉ်အလာဂုဏ်သတင်းကြီးခဲ့သည့်ဒေသဖြစ်ပြီး ချိုဆန်မင်းဆက်ခေတ် (Joseon Dynasty) က အိမ်တော်များစွာ တည်ရှိခဲ့သည့်နေရာ ဖြစ်သည်။

လီမင်ဟို၏ အိမ်နီးချင်းများအနေဖြင့် Cele Couple ဖြစ်သော Lee Seung Gi နှင့် Lee Da Hee တို့၏ စံအိမ်ရှိသည်။

ထို့အပြင် အဆိုပါဒေသတွင် နိုင်ငံရေးနယ်ပယ်မှ အကြီးအကဲများ၊ ကိုရီးယားထိပ်တန်းကုမ္ပဏီကြီးများမှ အကြီးအကဲများနှင့် သံအမတ်ကြီးများ၏ စံအိမ်များလည်း တည်ရှိသည်။

လီမင်ဟို၏ စံအိမ်အတွင်းပိုင်းဓာတ်ပုံသစ်များ ထွက်ပေါ်လာရာ လီမင်ဟိုမှာ minimalism ကို နှစ်သက်သူ ဖြစ်ကြောင်း သိလာရသည်။

Neutral colour ကို အဓိကအသုံးပြုထားပြီး ဧည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများ တပ်ဆင်ထားသောကြောင့် သဘာဝအလင်းကောင်းစွာရရှိသည်။

လီမင်ဟိုက မီးခိုးရောင်သန်းသော ကြီးမားလှသည့် အဝတ်ဗီရိုကြီးကိုလည်း ပရိသတ်များအား ချပြလာသည်။

အိပ်ခန်းတွင်လည်း အဖြူနှင့် မီးခိုးရောင်တို့ကိုသာ သုံးထားသည်။

လီမင်ဟိုသည် Seongbuk-dong အရပ်မှ စံအိမ်ကြီး ၂ လုံးအပြင် Gangnam ခရိုင်၊ Nonhyeon အရပ်တွင်လည်း ၉ ထပ်တိုက်တစ်လုံး ပိုင်ဆိုင်ထားသည်။

Tatler Asia ၏ ဖော်ပြချက်အရ ၉ ထပ်တိုက်တွင် အားကစားလေ့ကျင့်ခန်းမ၊ ရုပ်ရှင်ခန်း၊ ပါတီခန်းတို့ ပါဝင်ပြီး ကန်ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသည်ဟု ဆိုသည်။

ထို့အပြင် Mark Hills အရပ်တွင် တိုက်ခန်းတစ်ခန်း၊ Heukseok-dong တွင် ကွန်ဒိုခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။

Heukseok-dong အရပ်သည် ကိုရီးယားအကျော်အမော်များဖြစ်သော Krystal, Kim Yuna, Jang Dong Gun နှင့် Ko So Young တို့ အပါအဝင် ကိုရီးယား elite များစွာ နှစ်သက်သော နေရာဖြစ်သည်။

Hyun Bin သည်လည်း Mark Hills တွင် တိုက်ခန်းတစ်ခန်း ပိုင်ခဲ့ဖူးပြီး Son Ye Jin နှင့် လက်ထပ်ချိန်တွင် မင်္ဂလာဦးစံအိမ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

လီမင်ဟို (သို့မဟုတ်) ဂူဂျွန်ဖြိုး၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ်

https://www.imyanmarhouse.com/news/read/1058315

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Lee Min Ho's luxurious Seoul home worth Rs 37 crore: 16 photos and videos that give a tour of the When the Stars Gossip actor's gorgeous residence

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Infinity@111Condo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service