နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံငယ်လေး

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံငယ်လေး - Property News in Myanmar from iMyanmarHouse.com
12 Dec 2024 10:54 am တွင် တင်ခဲ့သည်
711 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဟုဆိုလျှင် လူတို့၏ စိတ်ထဲတွင် အမေရိကန်၊ တရုတ်၊ မိုနာကို အစရှိသော နိုင်ငံများ စိတ်အာရုံတွင် ဦးစွာပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော် ထိုနိုင်ငံတို့၏ ကြွယ်ဝမှုမှာ ဥရောပတိုက်အလယ်မှ နိုင်ငံငယ်လေးကို ဖြတ်ကျော်နိုင်ခြင်း မရှိချေ။

လပ်ဇမ်ဘာ့ဂ် (လူဇင်ဘတ်) နိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်ပြီး ပြည်သူများကိုသာမက ကမ္ဘာလှည့် ခရီးသွားများကိုပါ လူနေမှုအဆင့် မြင့်မားမှုပေးစွမ်းနိုင်ခြင်းအပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ကို အခမဲ့ အသုံးပြုခွင့်ပေးထားသည်။

လူဇင်ဘတ်၏ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေ GDP per capita မှာ အမေရိကန်နှင့် တရုတ်ပြည်တို့ထက် မြင့်မားသည်။

နိုင်ငံတစ်ခု၏ ချမ်းသာမှုကို GDP per capita ဖြင့် တိုင်းတာခြင်း ဖြစ်သည်။

(မှတ်ချက်။ GDP ကို လူဦးရေဖြင့် စားလျှင် GDP per capita ရသည်)

ဥရောပမှ နိုင်ငံငယ်လေးဖြစ်သော လူဇင်ဘတ်မှာ ကမ္ဘာ့ကြွယ်ဝမှုညွှန်းကိန်းတွင် ထိပ်တန်းမှ အမြဲရပ်တည် လေ့ရှိသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သော်လည်း တစ်ဦးချင်းဝင်ငွေတွင်မူ ကမ္ဘာ့အဆင့် နံပါတ် ၉ နေရာတွင်သာ ရှိသည်။

တိုင်းပြည်တစ်ခု၏ စုစုပေါင်းစီးပွားရေးအင်အားမှာ လူတစ်ဦးချင်းကြွယ်ဝမှုကို ကိုယ်စားပြုခြင်းမရှိကြောင်း ထိုအချက်က ပြသနေသည်။

လူဇင်ဘတ်သည် ဥရောပတိုက်၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး လက်နက်နိုင်ငံကြီးများဖြစ်သော ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ လူဦးရေမှာ ၇၀၀,၀၀၀ အောက်သာ ရှိသည်။

(လူဇင်ဘတ်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံဖြစ်သည်။ ဓာတ်ပုံ-Getty)

လူဇင်ဘတ်၏ ကြွယ်ဝမှုကို အဓိကမောင်းနှင်ပေးသည်မှာ ဘဏ္ဍာရေးဝန်ဆောင်မှုများ အလွန်အားကောင်းခြင်းကြောင့်ဖြစ်ပြီး မကြာသေးမီ ဆယ်စုနှစ်များအတွင်း တိုင်းပြည်စီးပွားရေးကို နယ်ပယ်စုံ ဖြန့်ကျက်နိုင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ စီမံခန့်ခွှဲမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သံမဏိထုတ်လုပ်ရေးတို့မှာ လူဇင်ဘတ်၏ GDP တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

လူဇင်ဘတ်၏ အထူးခြားဆုံးအချက်များကို ပြောပါဆိုလျှင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာ အခမဲ့ ဖြစ်နေခြင်းလည်း ပါဝင်သည်။

လူဇင်ဘတ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး ဘတ်စ်ကား၊ ရထားနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အားလုံးမှာ ပြည်သူများသာမက ကမ္ဘာလှည့်ခရီးသည်များအတွက်ပါ အခမဲ့ ဝန်ဆောင်မှု ပေးခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်နှင့် ရေရှည်ရပ်တည်နိုင်ရေးကို ကူညီသည့်အနေဖြင့် ထိုစနစ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ လူဇင်ဘတ်တွင် ခရီးသွားလာမှု ကုန်ကျစရိတ် သက်သာစေသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှ ပထမတန်း လက်မှတ်များမှာ အခကြေးငွေ ပေးရသော်လည်း အများစုကိုမူ အခမဲ့ ဝန်ဆောင်မှုပေးသည်။

လူဇင်ဘတ်၏ သယ်ယူပို့ဆောင်ရေးစနစ်သည် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ကောင်းစွာချိတ်ဆက်ထားသည်။

လူဇင်ဘတ်သည် အိမ်နီးချင်း ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီတို့နှင့် တိုက်ရိုက်ပို့ဆောင်ရေးကွန်ရက်များရှိသည်။

ဂျာမနီမှ ICE နှင့် ပြင်သစ်မှ TGV တို့ကဲ့သို့ မြန်နှုန်းမြင့် ရထားများနှင့် ချိတ်ဆက်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The tiny European country that's the world's richest with free public transport (express)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service