ထပ်ဆင့်အော်စကာဆုရှင် ရောဘတ်ဒီနီရိုနှင့် ဇနီးဟောင်း ဂရေ့စ်တို့၏ မင်္ဂလာဦးစံအိမ်ကြီး ဝယ်လက်ရှာတွေ့

ထပ်ဆင့်အော်စကာဆုရှင် ရောဘတ်ဒီနီရိုနှင့် ဇနီးဟောင်း ဂရေ့စ်တို့၏ မင်္ဂလာဦးစံအိမ်ကြီး ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
12 Dec 2024 10:21 am တွင် တင်ခဲ့သည်
490 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ရောဘတ်ဒီနီရိုသည် The Godfather Part II နှင့် Goodfellas တို့ကဲ့သို့ ဇာတ်ကြမ်းကားများဖြင့် ကမ္ဘာကျော်ခဲ့သူဖြစ်ကာ အခြားသောနာမည်ကြီးဇာတ်ကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆု ရခဲ့သော ရုပ်ရှင်များမှာ The Godfather Part II (၁၉၇၄ ခုနှစ်) နှင့် Raging Bull (၁၉၈၀ ခုနှစ်) တို့ ဖြစ်သည်။

ထပ်ဆင့်အော်စကာဆုရှင် ရောဘတ်ဒီနီရို၏ အခြားနာမည်ကြီးဇာတ်ကားများမှာ Raging Bull, Taxi Driver, Cape Fear Silver Linings Playbook နှင့် the Meet The Parents ဇာတ်လမ်းတွဲများဖြစ်၏။ ယင်းမှာ သူ၏ နာမည်ကြီးဇာတ်ကားများမှ အချို့ကိုသာ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

အမေရိကနှ်ရုပ်ရှင်အင်စတီကျုက ရွေးချယ်သော “သမိုင်းတလျှောက် အကြီးမြတ်ဆုံး အမေရိကန် ရုပ်ရှင် ၁၀၀” စာရင်းတွင် ရောဘတ် ဒီနီရို၏ ရုပ်ရှင် ၅ ခု ပါဝင်သည်။

((ရောဘတ် ဒီနီရို၏ မင်္ဂလာဦးစံအိမ်))

ရောဘတ်ဒီနီရို၏ ဇနီးဟောင်း ရုပ်ရှင်မင်းသမီး ဂရေ့စ် ဟိုက်ချ်တာဝါသည် ဘဝစာမျက်နှာသစ်ကို စတင်ရန် အသင့်ဖြစ်နေသည်။

ရောဘတ်ဒီနီရိုနှင့် ဂရေ့စ်တို့ လူသိရှင်ကြား ကွာရှင်းပြတ်စဲပြီးနောက် နှစ်ဦးအတူနေထိုင်ခဲ့သော နယူးယောက်မှ နေအိမ်ကို ဂရေ့စ်က အရောင်းဈေးကွက်တင်ခဲ့ရာ ယခုအခါ ဝယ်လက်ရှာတွေ့သွားပြီ ဖြစ်သည်။

နယူးယောက်၏ နာမည်ကျော် Central Park ပန်းခြံကြီးကို မျက်နှာမူထားသော အိမ်ဖြစ်ပြီး Clive Davis နှင့် အဆိုတော် Sting တို့ကဲ့သို့ အကျော်အမော်များ နေထိုင်သည့်ဝန်းကျင်ဖြစ်သည်။

အကျယ်အဝန်း စတုရန်းပေ ၅၈၀၀ ရှိသော အခန်းကို ဂရေ့စ်က ယခုနွေရာသီတွင် ဒေါ်လာ သန်း ၂၀ ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့သည်။

၂၀၀၆ ခုနှစ်အတွင်း ၎င်းတိို့ဇနီးမောင်နှံ ဝယ်ယူခဲ့ချိန်က ကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းပေးခဲ့ရရာ ဝယ်ဈေးအောက် အရှုံးခံကာ ဈေးခေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအားဖြင့် ဝယ်လက်နှင့် အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်အပြီးမသတ်သေးချေ။

မည်သူက ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူသွားသည်ကိုမူ မသိရ။

ဂရေ့စ်က မိမိအနေဖြင့် ဘဝစာမျက်နှာသစ်ကို စတင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နေအိမ်ကို ဈေးကွက်တင်ချိန်က Wall Street ဂျာနယ်သို့ ပြောခဲ့သည်။

(နယူးယောက်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၀ ရက်က ကျင်းပခဲ့သည့် ၇၂ ကြိမ်မြောက် Tony Awards ၌ ရောဘတ်ဒီနီရိုနှင့် ဂရေ့စ်တို့ စုံတွဲကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Getty Images)

ဝယ်လက်များကို ဆွဲဆောင်နိုင်ရန်အတွက် ဝယ်ဈေးအောက် တမင်ဈေးလျှော့ရောင်းချခြင်းဖြစ်ကြောင်း ဂရေ့စ်က ရှင်းပြသည်။

အခန်းတည်နေရာမှာ အနောက် ၆၉ လမ်းအနီးတွင် ဖြစ်သည်။

ယခုအခန်းကို ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

၂၀၁၂ ခုနှစ်တွင် မီးသင့်ခဲ့ဖူးပြီး အကြီးစားပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ရသည်။

ဂရေ့စ်က ဗိသုကာပညာရှင် အလက်ဇန်းဒါး အန်တိုနယ်လီနှင့် အိမ်တွင်းဒီဇိုင်နာ Buzz Kelly တို့ကို ခေါ်ယူကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

(ဂရေ့စ်ကို ယခုအခန်းတွင် တွေ့ရပုံ။ ဓာတ်ပုံ-Compass/ Joel Pitra for DD Reps)

(နယူးယောက်၏ နာမည်ကျော် Central Park ကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရသည်။ ဓာတ်ပုံ- Compass/ Joel Pitra for DD Reps)

(မီးဖိုဆောင်။ ဓာတ်ပုံ- Compass/ Joel Pitra for DD Reps)

(ဆက်စပ်သတင်း) ထပ်ဆင့် အော်စကာဆုရှင် ရောဘတ်ဒီနီရို၏ နယူးယောက်ကျေးလက်မှ ၉၈ ဧက စံအိမ်

https://www.imyanmarhouse.com/news/read/1041390

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Grace Hightower, ex-wife of Robert De Niro, finds a buyer for their Central Park-facing marital home (nypost)

Photo Credit- Compass/ Joel Pitra for DD Reps

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
အဆုပ်ကင်ဆာ ခံစားနေရသော အမျိုးသားမှာ ဝက်သံချဆေးများ သောက်သုံးရာ ကင်ဆာကျိတ်များ ပျောက်ကွယ်သွားပြီး ကင်ဆာလုံးလုံးပျောက်ကင်းသွားမှုအပေါ် သိပ္ပံပညာရှင်တို့ အံ့အားသင့်၊ ဝက်သံချဆေးဖြင့် ကင်ဆာကုသနိုင်မှု အလားအလာကို လေ့လာမှုများ ပ...

ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service