ရေငတ် တစ္ဆေကို ရေသန့်ဘူးတွေ ဆက်ကပ်ရတဲ့ ဟိမဝန္တာ တောင်တန်းကြီးပေါ်က ထူးဆန်းသော နတ်ကွန်း

ရေငတ် တစ္ဆေကို ရေသန့်ဘူးတွေ ဆက်ကပ်ရတဲ့ ဟိမဝန္တာ တောင်တန်းကြီးပေါ်က ထူးဆန်းသော နတ်ကွန်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Dec 2024 9:44 am တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဟိမဝန္တာ တောင်တန်းကြီးပေါ်ရှိ တောင်ကိုရစ်ပတ်ကာ မြွေလိမ်မြွေကောက် ဖောက်လုပ်ထားသော တောင်ကြားလမ်းတစ်ခုတွင် ပလတ်စတစ် ရေသန့်ဘူးများ တောင်ပုံရာပုံဖြစ်နေသည့် နတ်ကွန်းငယ်လေးတစ်ခု ရှိနေသည်။

ရုတ်တရက်ကြည့်လျှင် ဘူးခွံများ ပြန့်ကျဲနေသော အမှိုက်ပုံကြီးတစ်ခုဟု ယူဆဖွယ်ရာရှိသည်။

သို့သော် အမှိုက်ပုံမဟုတ်ချေ။

ဗုဒ္ဓဘာသာ ကျောင်းသင်္ခမ်းများ ပြန့်ကျဲတည်ရှိနေသော လက်ဒေါက် (Ladakh) တောင်ပေါ်ဒေသမှ ရေငတ်တစ္ဆေကို ပူဇော်ပသထားခြင်း ဖြစ်သည်။

လက်ဒေါက်ကို ကူးပြောင်းခြင်း ပြောင်းလဲခြင်းတို့ရှိရာမြေ၊ မဆုံးသောအလှတရားတို့၏ မြေဟု ရည်ညွှန်းကြသည်။

ဓာတ်ပုံရှုမျှော်ခင်းရိုက်ရန် အလွန်ကောင်းမွန်သော တောတောင်ရှုခင်းများ၊ ပဉ္စလက်ဆန်သော မိုးကောင်းကင်၏ အလှ၊ မဆုံးနိုင်သော မြွေလိမ်မြွေကောက်လမ်းများ၊ ရိုးသားလှသော အပြုံးများနှင့် တောင်ပေါ်သားများရှိရာ လက်ဒေါက်ကို အချို့က ရှမ်ဘဲလား တည်ရှိသည့်နေရာဟု ဆိုကြပြီး ကောင်းကင်နှင့် မြေကြီးတို့ ဆုံစည်းရာ နေရာဟုလည်း ညွှန်းဆိုကြသည်။

ထိုသို့သော အလှတရားများရှိရာနေရာတွင် ပလတ်စတစ်ရေဘူးများ တပုံတပင်ဖြစ်နေသော နတ်ကွန်းငယ်မှာ အမှိုက်ပုံဖြစ်ကာ ရှုပ်ပွနေသည့်အပြင် တမျိုးတဖုံလည်း ခြောက်ခြားဖွယ်ရာ ဖြစ်နေသည်။

မြွေလိမ်မြွေကောက် တောင်ပေါ်လမ်းဆီသို့ တောင်တက်သမားများနှင့် နိုင်ငံခြားသား ဆိုင်ကယ်သမားများ မကြာခဏရောက်လာတတ်သည်။

ပလတ်စတစ်ရေဘူးများ တပုံကြီးရှိနေသည့် ယခုနေရာကို တွေ့လျှင် ၎င်းတို့မှာ များစွာခြောက်ခြားသွားလေ့ရှိသည်။

အချို့ကလည်း ဓာတ်ပုံများ ရိုက်ယူကြပြီး နိုင်ငံခြားသားတို့သည် ဟိမဝန္တာတောင်ပေါ်သို့ လာရောက် အမှိုက်ဖွနေကြကြောင်း လူမှုကွန်ရက်တွင် ရေးသားဝေဖန်ကြ၏။

လက်ဒေါက်၏မြို့တော် Leh နှင့် ဟိမဝန္တာတောင်ကြောမှ ဟိမာချယ်ပရာဒက်ရှ်ပြည်နယ်မှ မာနာလီ (Manali) တောင်ပေါ်အပန်းဖြေစခန်းမြို့တို့ကို ဆက်သွယ်ပေးထားသည့် ၂၆၆ မိုင် ရှည်လျားသော Leh-Manali အဝေးပြေးလမ်းမကြီးရှိသည်။

မာနာလီမှ Leh သို့ လာမည်ဆိုလျှင် လမ်းတွင် ဂငယ်ကွေ့ ၂၀ ခုရှိသော နေရာကို ဖြတ်သန်းပြီးလျှင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၀၀၀ တွင်ရှိသော Nakeela တောင်ကြားလမ်းသို့ ရောက်သည်။

ဂငယ်ကွေ့ရှိရာနေရာများတွင် လမ်းဘေးဝဲယာ သတိထားကြည့်မည်ဆိုလျှင် ရေဘူးများ တောင်ပုံရာပုံ ရှိနေကာ အခါအားလျော်စွာ ဘီစကွတ်မုန့်ထုပ်များ တွေ့ရနိုင်သော နတ်ကွန်းငယ်တစ်ခုကို တွေ့မည် ဖြစ်သည်။

အဆိုပါ ရေနှင့် ဘီစကွတ်တို့သည် ဂငယ်ကွေ့များရှိရာတွင် ခြောက်လှန့်နေသည့် တစ္ဆေတစ်ကောင် စားသောက်ရန် ထားရှိပေးခြင်းဖြစ်သည်ဟု ဆိုသည်။

((နတ်ကွန်းပေါ်ပေါက်လာပုံ))

လွန်ခဲ့သော နှစ်အတန်ကြာက ကုန်ကားမောင်းသူတစ်ဦးနှင့် စပယ်ယာတစ်ဦးတို့သည် Leh မြို့ဆီသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။

ဂငယ်ကွေ့များရှိရာသို့ ရောက်ရှိချိန်တွင် နှင်းများ ထူထပ်စွာကျနေကာ ကားပျက်သွားသည်။

ရာသီဥတု ဆိုးရွားနေသောကြောင့် တောင်ကြားလမ်းကို ပိတ်လိုက်ရာ အခြားကားများလည်း ရောက်ရှိလာခြင်း မရှိ။

ကားဆရာလည်း နာရီပေါင်းများစွာ ကားပြင်ရန် ကြိုးစားသော်လည်း မအောင်မြင်သောကြောင့် အနီးဆုံးရွာကို လမ်းလျှောက်သွားကာ အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့သည်။

စပယ်ယာမှာမူ ကားကို စောင့်ရှောက်ရင်း ကျန်ရစ်သည်။

ထိုနောက်ပိုင်း နှင်းမုန်တိုင်းများဖြင့် ရာသီဥတု ပိုမိုဆိုးရွားလာသောကြောင့် ကားဆရာမှာ ကားရှိရာသို့ ရက်အနည်းငယ်ကြာသည်အထိ ပြန်မသွားနိုင်ခဲ့။ ကားရှိရာသို့ ပြန်ရောက်ချိန်တွင် စပယ်ယာမှာ အအေးဒဏ်အပြင် အစာရေစာပြတ်ကာ သေဆုံးနေပြီ ဖြစ်သည်။

ရာသီဥတု ပြန်လည်ကောင်းမွန်သွားသောအခါ တောင်ကြားလမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ချိန်တွင် ဂငယ်ကွေ့များ ရှိသောနေရာ၌ အစာနှင့် ရေလိုက်တောင်းနေသော တစ္တေတစ်ကောင်ကို တွေ့လာရသည်။

ထိုသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီးနောက်ပိုင်း ဒေသခံတို့က သေဆုံးသွားသော စပယ်ယာ၏ အမည်ဖြင့် နတ်ကွန်းငယ်တစ်ခု ထိုနေရာတွင် ဆောက်လုပ်ခဲ့ပြီး စားစရာနှင့် ရေသန့်ဘူးများ အခါအားလျော်စွာ လာရောက် ထားရှိကြသည်။

(Manali-Leh အဝေးပြေးလမ်းမပေါ်မှ နတ်ကွန်း)

 

(GoMissing ခရီးသွားသတင်းဌာနမှ ဆိုင်ကယ်သမားများကို နတ်ကွန်းနေရာတွင် တွေ့ရပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ghost of Gata Loops & other mysteries of Leh & Ladakh (gomissing)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service