အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ

အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ - Property News in Myanmar from iMyanmarHouse.com
13 Nov 2024 11:29 am တွင် တင်ခဲ့သည်
1711 ကြိမ် ကြည့်ရှု့ပြီး

လျိုလန်းဟွာအမျိုးသမီးသည် ဟောင်ကောင်တွင် အခန်းကြည့်စဉ် ကျဉ်းမြောင်းလှသော အိမ်သာခန်းထဲတွင် မီးဖိုဆောင်အဖြစ် ချက်ပြုတ်ရမည်ကို တွေ့လိုက်ရချိန်၌ စိတ်ဓာတ်ကျ ပုံလဲကျမသွားစေရန် အားတင်းထားလိုက်ရသည်။

ဆီစစ် ဇကာခွက်များ၊ ဒယ်အိုးများနှင့် ဝက်မှင်ဘီးများမှာ အိမ်သာနေရာအပေါ်ဆီတွင် တွဲလောင်းချိတ်ဆွဲ ထားသည်။

ငရုတ်ဆီဘူးများမှာ အိမ်သာရေပိုက်များပေါ်တွင် တဲတဲလေး တင်ထားရာ ပြုတ်ကျလုလု ဖြစ်နေသည်။

ကြက်တောင်ပံနှင့် သစ်အယ်သီးပြုတ်ကြော်အိုးကို နွှေးထားသော မီးဖိုမှာ ရေချိုးသော ရေပန်းခေါင်းမှ ပေအနည်းငယ်မျှသာ ကွာသည်။

ဟောင်ကောင်တွင် အခန်းများစွာ ကန့်ထားသော အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀၀၀၀ ခန့် ရှိသည့်အနက် လျိုလန်းဟွာနှင့် သူ၏ ၁၂ နှစ်အရွယ်သမီးငယ်တို့လည်း အပါအဝင် ဖြစ်သည်။

ဟောင်ကောင်၏ ဝင်ငွေမညီမျှမှုကို ပြသနေသည့် အထင်ရှားဆုံး သာဓကတစ်ခုလည်း ဖြစ်သည်။

ထိုမျှကျဉ်းမြောင်းသော အခန်းလေးတွင် နေထိုင်ရသော်လည်း နေစရာရှိသေး၍ ဖြေသာသေးသည်ဟု ဆိုနိုင်သော်လည်း ယခုအခါ ထိုအခန်းငယ်လေးများမှာ အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။

ဟောင်ကောင်အကြီးအကဲ ဂျွန်လီ (John Lee) က ပြီးခဲ့သောလအတွင်း ကြေညာခဲ့သည်မှာ ထိုသို့သော လူနေခန်းများတွင် ရှိရမည့် အကျယ်အဝန်းနှင့် အနိမ့်ဆုံးစံနှုန်းများကို သတ်မှတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုမူဝါဒကြောင့် အခန်းကန့်ထားသော အကျဉ်းမြောင်းဆုံးအခန်းပေါင်း ၃၀၀၀၀ ကျော်မှာ ဖျက်သိမ်းခံရဖွယ် ရှိနေသည်။

လျိုလန်းဟွာ၏ အခန်းတွင် လက်ဆေးကန်အတွက် နေရာမရှိ။

အိမ်မွေးတိရ စ္ဆာန်အဖြစ် မွေးမြူထားသော လိပ် ၂ ကောင်မှာ ရေခဲသေတ္တာအောက် ဇလုံတစ်ခုထဲတွင် နေရသည်။

“ကျွန်မမှာသာ ငွေရှိရင် ဒါတွေက သူ့အခန်းနဲ့သူ ဖြစ်ရမှာ” ဟု လျိုလန်းဟွာက ရှုပ်ပွနေသော မီးဖိုဆောင်အိမ်သာခန်းကို ငေးစိုက်ကြည့်ရင်း ပြောသည်။

အခန်းကန့်ထားသော အခန်းများနှင့် အခြားသော အခန်းကျဉ်းလေးများကို ၂၀၄၉ ခုနှစ်သို့ရောက်လျှင် အပြီးတိုင် ဖျက်သိမ်းရန် ပေကျင်းအစိုးရက ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားထားသည်။

အဆိုပါ ကျဉ်းမြောင်းလှသော အခန်းကျဉ်းလေးများကြောင့် ၂၀၁၉ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

သို့သော် ကျွမ်းကျင်ပညာရှင်များနှင့် ပြည်သူ့အိမ်ရာများ ပိုမိုအကောင်အထည်ဖော်ရေး ဆော်သြသူများအကြား ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ၏ အစီအစဉ်အပေါ် ရတက်မအေး ဖြစ်နေကြသည်။

ထိုသို့လုပ်ဆောင်ပါက ဆင်းရဲသောမိသားစုများအတွက် အကျပ်ရိုက်စေကာ ပိုမိုမြင့်မားသော အိမ်လခများနှင့် ရင်ဆိုင်ရမည့်အပြင် ပြန်လည်နေရာချထားရေး အစီအစဉ်များမရှိဘဲ နေအိမ်မှ နှင်ထုတ်ခံရမှုများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဟောင်ကောင်တွင် လူနေမှုဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြစ်သော အိပ်ရာနေရာ ငှားရမ်းမှု စနစ်ကိုလည်း ဖြေရှင်းပေးနိုင်မည်မဟုတ်ချေ။

အဆိုပါ အငှားအိပ်ရာနေရာများမှာ အလွန်ကျဉ်းမြောင်းလှပြီး အခေါင်း (သို့မဟုတ်) အုတ်ဂူဟု လူသိများကြသည်။

ဟောင်ကောင်တွင် လူနေတိုက်ခန်းများကို ၂ ခန်း (သို့မဟုတ်) ထို့ထက်ပိုမို အခန်းကန့်ကာ အခန်းငယ်လေးများ ပြုလုပ်ငှားရမ်းမှုမှတဆင့် ကျဉ်းမြောင်းလှသော အခန်းကျဉ်းလေးများ စတင်ပေါ်ပေါက် လာခဲ့သည်။

အထူးသဖြင့် လူနေသိပ်သည်းကာ အလုပ်သမားလူတန်းစားများသော ရပ်ကွက်များရှိ အဆောက်အအုံဟောင်း များတွင် ထိုသို့သော အခန်းကျဉ်းများကို တွေ့ရနိုင်သည်။

အဆောက်အအုံများမှာ ဟောင်းနွမ်းယိုယွင်းနေကာ အခန်းလေးများမှာ အလွန်ကျဉ်းမြောင်းလှသော်လည်း အခြားသော တန်ဖိုးနည်းနေအိမ်ခန်း ရှားပါးမှုကြောင့် ငှားရမ်းလိုသူ အလွန်များပြားသည်။

ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံး၊ အိမ်လခ ဈေးအကြီးဆုံးဒေသများတွင် ထိပ်ဆုံးတန်းမှ ပါဝင်သည်။

လူတစ်ဦးလျှင် ပျမ်းမျှ နေထိုင်မှုကြမ်းခင်းဧရိယာ ၆၄ ဒသမ ၆ စတုရန်းပေသာရှိပြီး နယူးယောက်မြို့မှ ကားပါကင်နေရာ၏ ထက်ဝက်ခန့်ပင် မကျယ်ဝန်းချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tiny homes face the axe in Hong Kong, leaving many families worried (businesstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service