ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ်ဝယ်ယူရာတွင် နာမည်ရင်းဖြင့် ဝယ်ယူမှုအပေါ် အိမ်နီးချင်းတို့ အမျက်ထွက်လျက်ရှိ

ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ်ဝယ်ယူရာတွင် နာမည်ရင်းဖြင့် ဝယ်ယူမှုအပေါ် အိမ်နီးချင်းတို့ အမျက်ထွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Oct 2024 2:11 pm တွင် တင်ခဲ့သည်
7691 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ စံအိမ်ကြီးကို ဒေါ်လာသန်း ၈၀ နီးပါးပေးကာ ဝယ်ယူလိုက်ခြင်းမှာ စံချိန်တင်ဈေးနှုန်း ဖြစ်နေသည်။

ဒေးဗစ်ဘက်ခမ်းဝယ်ယူလိုက်သော စံအိမ်ကြီး၏ အတွင်းပိုင်းမြင်ကွင်းများကို ဗြိတိန်အခြေစိုက် DailyMail သတင်းဌာနမှ Exclusive ရရှိကာ ဖော်ပြလာသည်။

ဒေါ်လာသန်း ၈၀ နီးပါးပေးရသော စံအိမ်ကြီးတွင် အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် infinity pool တို့ ပါဝင်သည်။

ထွက်ပေါ်လာသော ဓာတ်ပုံသစ်များအရ open plan ဧည့်ခန်း၊ rooftop နားနေ နေရာ၊ အနှိပ်ခန်းပါသော spa ၊ ရေစပ်ရှိ deck နေရာ ၊ အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၃ ခန်း ပါဝင်သည်။

 

(ဒေးဗစ်ဘက်ခမ်းတို့စုံတွဲသည် ယခုစံအိမ်ကို ဒေါ်လာ သန်း ၈၀ နီးပါးဖြင့် ဝယ်ယူရာတွင် ငွေသားဖြင့် ပေးချေဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်)

 

(ကမ်းစပ် deck နှင့် infinity pool)

 

(ဘက်ခမ်း၏ ကြီးမားလှသောစံအိမ်သစ်ကြီးတွင် မုတ်သုန်တောအသွင် အိုအေစစ်တစ်ခုလည်း ရှိသည်)

 

(စံအိမ်တည်ရှိရာ North Bay လမ်းသည် ယခင်ကနှင့် လက်ရှိကာလများတွင် အကျော်အမော်များ နေထိုင်ကြရာ နေရာ ဖြစ်သည်)

 

(ရေချိုးခန်း ၁၃ ခန်းအနက်တစ်ခန်းတွင် ကြီးမားသော ဘဲဥပုံ ရေစိမ်ကန်တစ်ခုလည်း တွေ့ရသည်)

 

(နေဝင်ဖျိုးဖျအချိန်တွင် တွေ့ရပုံ)

 

(ဘက်ခမ်းသည် အိမ်ခြံမြေအများအပြားပိုင်ဆိုင်ပြီးဖြစ်သည့်အနက် မိုင်အမ်မီစံအိမ်သစ်မှာ အကြီးမားဆုံး ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်သည်)

 

(ဧည့်ခန်းမှတဆင့် ခမ်းနားသော waterfront deck ဆီသို့ ပေါက်သည်)

 

(စံအိမ်ရှေ့တွင် ကားဂိုဒေါင်များနှင့် ကျယ်ဝန်းသော ယာဉ်မောင်းလမ်းတို့ ရှိသည်)

 

ဒေးဗစ်ဘက်ခမ်းသည် ၂၀၂၂ ခုနှစ်အတွင်းက အလျား ပေ ၁၀၀ ရှိ ပေါင် ၁၆ သန်းတန် ရွက်လှေတစ်စင်း ဝယ်ယူပိုင်ဆိုင်ထားရာ ယခုစံအိမ်တွင် ထိုရွက်လှေဆိုက်ကပ်ရန် လှေဆိပ်တစ်ခုလည်း ပါဝင်သည်။

ယခုစံအိမ်ကို ဝယ်ယူလိုက်သော ဈေးနှုန်းမှာ ထိုဒေသတွင် စံချိန်တင် ဈေးနှုန်းဖြစ်ခဲ့သည်။

((အိမ်နီးချင်းများ စိတ်ပျက်နေကြခြင်း))

ပုံမှန်အားဖြင့်ဆိုလျှင် အကျော်အမော်များနှင့် အလွန်ချမ်းသာကြွယ်ဝသူများသည် အိမ်ခြံမြေများ ဝယ်ယူရန် သက်သက်အတွက် LLC ကုမ္ပဏီတစ်ခု တည်ထောင်ထားလေ့ရှိသည်။

အဓိကရည်ရွယ်ချက်မှာ နေအိမ်လိပ်စာကို လျှို့ဝှက်ထားလိုသောကြောင့်ဖြစ်၏။

ဥပမာ အကျော်အမော်တစ်ဦးသည် LLC တစ်ခုကို နယူးယောက်မြို့၊ ဆဌမ ရိပ်သာလမ်းရှိ ရှေ့နေရုံးတစ်ခု လိပ်စာဖြင့် တည်ထောင်ထားသည်ဆိုပါစို့။

ထိုကုမ္ပဏီက မိုင်အမ်မီရှိ စံအိမ်တစ်လုံးကို ဝယ်ယူမည်ဆိုလျှင် အများပြည်သူတို့ သိရှိနိုင်သော တရားဝင် မှတ်တမ်းမှတ်ရာများတွင် မိုင်အမ်မီစံအိမ်၏ လိပ်စာကို သိရမည်မဟုတ်ဘဲ LLC ၏ နယူးယောက်လိပ်စာကိုသာ သိရမည် ဖြစ်သည်။

ယခုအခါ ဘက်ခမ်းက မိုင်အမ်မီစံအိမ်ကို ဝယ်ယူရာတွင် LLC ဖြင့်မဟုတ်ဘဲ ၎င်း၏ အမည်ရင်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ဖုန်းစာအုပ်တွင် ရှာလျှင်ပင် နေအိမ်လိပ်စာကို လူတိုင်းသိနိုင်သဖြင့် အိမ်နီးချင်းတို့ စိတ်ပျက်ဒေါသထွက်နေခြင်း ဖြစ်သည်။

ဘက်ခမ်း၏ ကျော်ကြားမှုမှာ ကြီးမားရာ သူ၏ပရိသတ်များ၊ သတင်းမုဆိုးများ ခြေချင်းလိမ်ကြတော့မည်ကို စိတ်အနှောင့်အယှက်ဖြစ်နေခြင်း ဖြစ်သည်။

မိုင်အမ်မီသည် ကမ္ဘာကျော်ကြယ်ပွင့်တို့ စုဝေးရာ Beverly Hills နှင့်မတူ။ အများအားဖြင့် သိုသိုသိပ်သိပ် နေကြသော ဒေသဖြစ်၏။ အများပြည်သူတို့ အာရုံစိုက်မှုကို မလိုလားချေ။

 

(စကျင်ကျောက် စားပွဲမျက်နှာပြင်များ၊ နောက်ဆုံးပေါ် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသော မီးဖိုဆောင်)

 

(အပြောကျယ်လှသော open plan ဧည့်ခန်း)

 

(ဒေါ်လာ ၇၇ သန်းတန် စံအိမ်ကြီးကို ဝယ်ယူလိုက်ပြီးနောက် အိမ်အတွင်း ဘက်ခမ်းလှည့်လည်ကြည့်ရှုခဲ့ပုံ)

 

(အသစ်ဝယ်ယူလိုက်သော ဒေါ်လာ ၇၇ သန်းတန် မိုင်အမ်မီစံအိမ်ကို ကြည့်ရှုရန် ရောက်ရှိလာသည့် ဘက်ခမ်းကို ပြုံးရွှင်စွာ တွေ့ရပုံ)

(ဘက်ခမ်းဝယ်ယူထားသော အလျား ပေ ၁၀၀ ရှိ ပေါင် ၁၆ သန်းတန် ရွက်လှေဆိုက်ကပ်ရန် နေရာရှိသည်။)

 

(မိုင်အမ်မီစံအိမ်တွင် စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်၊ ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ခန်းမ၊ spa နှင့် ရေကူးကန်တို့ ပါဝင်သည်)

 

(ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ကို Netflix မှ ထုတ်လွှင့်မည့် Beckham ရုပ်သံစီးရီး မိတ်ဆက်ပွဲတွင် တွေ့ရပုံ)

 

(ဖလော်ရီဒါတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ဘောလုံးပွဲတစ်ခု၌ ဘက်ခမ်းတို့ စုံတွဲကို တွေ့ရပုံ)

 

 

(မိုင်အမ်မီစံအိမ်၏ ကောင်းကင်ဓာတ်ပုံ)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE Inside the Beckhams' record-breaking £60m Miami mansion with nine palatial bedrooms, rooftop lounge, spa and mooring for their luxury 100ft yacht (dailymail)

 

[Zawgyi]

ေဒးဗစ္ဘက္ခမ္းက မိုင္အမ္မီရွိ ေဒၚလာသန္း ၈၀ နီးပါးတန္ စံအိမ္ၾကီးကုိ ေငြသားျဖင့္ ေပးေခ်ဝယ္ယူ၊ ဘက္ခမ္းတို႔ စံုတြဲက ထိုစံအိမ္ဝယ္ယူရာတြင္ နာမည္ရင္းျဖင့္ ဝယ္ယူမႈအေပၚ အိမ္နီးခ်င္းတို႔ အမ်က္ထြက္လ်က္ရွိ

ေဒးဗစ္ဘက္ခမ္းက မိုင္အမ္မီရွိ စံအိမ္ၾကီးကို ေဒၚလာသန္း ၈၀ နီးပါးေပးကာ ဝယ္ယူလိုက္ျခင္းမွာ စံခ်ိန္တင္ေစ်းႏႈန္း ျဖစ္ေနသည္။

ေဒးဗစ္ဘက္ခမ္းဝယ္ယူလုိက္ေသာ စံအိမ္ၾကီး၏ အတြင္းပိုင္းျမင္ကြင္းမ်ားကို ျဗိတိန္အေျခစိုက္ DailyMail သတင္းဌာနမွ Exclusive ရရွိကာ ေဖာ္ျပလာသည္။

ေဒၚလာသန္း ၈၀ နီးပါးေပးရေသာ စံအိမ္ၾကီးတြင္ အားကစားေလ့က်င့္ခန္းမ၊ အိမ္တြင္းရုပ္ရွင္ရံုႏွင့္ infinity pool တို႔ ပါဝင္သည္။

ထြက္ေပၚလာေသာ ဓာတ္ပံုသစ္မ်ားအရ open plan ဧည့္ခန္း၊ rooftop နားေန ေနရာ၊ အႏွိပ္ခန္းပါေသာ spa ၊ ေရစပ္ရွိ deck ေနရာ ၊ အိပ္ခန္း ၉ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၃ ခန္း ပါဝင္သည္။

(ေဒးဗစ္ဘက္ခမ္းတို႔စံုတြဲသည္ ယခုစံအိမ္ကို ေဒၚလာ သန္း ၈၀ နီးပါးျဖင့္ ဝယ္ယူရာတြင္ ေငြသားျဖင့္ ေပးေခ်ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္)

(ကမ္းစပ္ deck ႏွင့္ infinity pool)

(ဘက္ခမ္း၏ ၾကီးမားလွေသာစံအိမ္သစ္ၾကီးတြင္ မုတ္သုန္ေတာအသြင္ အိုေအစစ္တစ္ခုလည္း ရွိသည္)

(စံအိမ္တည္ရွိရာ North Bay လမ္းသည္ ယခင္ကႏွင့္ လက္ရွိကာလမ်ားတြင္ အေက်ာ္အေမာ္မ်ား ေနထိုင္ၾကရာ ေနရာ ျဖစ္သည္)

(ေရခ်ဳိးခန္း ၁၃ ခန္းအနက္တစ္ခန္းတြင္ ၾကီးမားေသာ ဘဲဥပံု ေရစိမ္ကန္တစ္ခုလည္း ေတြ႔ရသည္)

(ေနဝင္ဖ်ဳိးဖ်အခ်ိန္တြင္ ေတြ႔ရပံု)

(ဘက္ခမ္းသည္ အိမ္ျခံေျမအမ်ားအျပားပိုင္ဆိုင္ျပီးျဖစ္သည့္အနက္ မိုင္အမ္မီစံအိမ္သစ္မွာ အၾကီးမားဆံုး ပိုင္ဆိုင္မႈ ျဖစ္လာမည္ျဖစ္သည္)

(ဧည့္ခန္းမွတဆင့္ ခမ္းနားေသာ waterfront deck ဆီသို႔ ေပါက္သည္)

(စံအိမ္ေရွ႕တြင္ ကားဂိုေဒါင္မ်ားႏွင့္ က်ယ္ဝန္းေသာ ယာဥ္ေမာင္းလမ္းတို႔ ရွိသည္)

ေဒးဗစ္ဘက္ခမ္းသည္ ၂၀၂၂ ခုႏွစ္အတြင္းက အလ်ား ေပ ၁၀၀ ရွိ ေပါင္ ၁၆ သန္းတန္ ရြက္ေလွတစ္စင္း ဝယ္ယူပိုင္ဆိုင္ထားရာ ယခုစံအိမ္တြင္ ထိုရြက္ေလွဆိုက္ကပ္ရန္ ေလွဆိပ္တစ္ခုလည္း ပါဝင္သည္။

ယခုစံအိမ္ကို ဝယ္ယူလုိက္ေသာ ေစ်းႏႈန္းမွာ ထိုေဒသတြင္ စံခ်ိန္တင္ ေစ်းႏႈန္းျဖစ္ခဲ့သည္။

((အိမ္နီးခ်င္းမ်ား စိတ္ပ်က္ေနၾကျခင္း))

ပံုမွန္အားျဖင့္ဆိုလွ်င္ အေက်ာ္အေမာ္မ်ားႏွင့္ အလြန္ခ်မ္းသာၾကြယ္ဝသူမ်ားသည္ အိမ္ျခံေျမမ်ား ဝယ္ယူရန္ သက္သက္အတြက္ LLC ကုမၸဏီတစ္ခု တည္ေထာင္ထားေလ့ရွိသည္။

အဓိကရည္ရြယ္ခ်က္မွာ ေနအိမ္လိပ္စာကို လွ်ိဳ႕ဝွက္ထားလိုေသာေၾကာင့္ျဖစ္၏။

ဥပမာ အေက်ာ္အေမာ္တစ္ဦးသည္ LLC တစ္ခုကို နယူးေယာက္ျမိဳ႕၊ ဆဌမ ရိပ္သာလမ္းရွိ ေရွ႕ေနရံုးတစ္ခု လိပ္စာျဖင့္ တည္ေထာင္ထားသည္ဆိုပါစို႔။

ထိုကုမၸဏီက မိုင္အမ္မီရွိ စံအိမ္တစ္လံုးကို ဝယ္ယူမည္ဆိုလွ်င္ အမ်ားျပည္သူတို႔ သိရွိႏိုင္ေသာ တရားဝင္ မွတ္တမ္းမွတ္ရာမ်ားတြင္ မိုင္အမ္မီစံအိမ္၏ လိပ္စာကို သိရမည္မဟုတ္ဘဲ LLC ၏ နယူးေယာက္လိပ္စာကိုသာ သိရမည္ ျဖစ္သည္။

ယခုအခါ ဘက္ခမ္းက မိုင္အမ္မီစံအိမ္ကို ဝယ္ယူရာတြင္ LLC ျဖင့္မဟုတ္ဘဲ ၎၏ အမည္ရင္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ဖုန္းစာအုပ္တြင္ ရွာလွ်င္ပင္ ေနအိမ္လိပ္စာကို လူတိုင္းသိႏိုင္သျဖင့္ အိမ္နီးခ်င္းတို႔ စိတ္ပ်က္ေဒါသထြက္ေနျခင္း ျဖစ္သည္။

ဘက္ခမ္း၏ ေက်ာ္ၾကားမႈမွာ ၾကီးမားရာ သူ၏ပရိသတ္မ်ား၊ သတင္းမုဆိုးမ်ား ေျခခ်င္းလိမ္ၾကေတာ့မည္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေနျခင္း ျဖစ္သည္။

မိုင္အမ္မီသည္ ကမၻာေက်ာ္ၾကယ္ပြင့္တို႔ စုေဝးရာ Beverly Hills ႏွင့္မတူ။ အမ်ားအားျဖင့္ သိုသိုသိပ္သိပ္ ေနၾကေသာ ေဒသျဖစ္၏။ အမ်ားျပည္သူတို႔ အာရံုစိုက္မႈကို မလိုလားေခ်။

(စက်င္ေက်ာက္ စားပြဲမ်က္ႏွာျပင္မ်ား၊ ေနာက္ဆံုးေပၚ အသံုးအေဆာင္ပစၥည္းမ်ား ထည့္သြင္းထားေသာ မီးဖိုေဆာင္)

(အေျပာက်ယ္လွေသာ open plan ဧည့္ခန္း)

(ေဒၚလာ ၇၇ သန္းတန္ စံအိမ္ၾကီးကို ဝယ္ယူလိုက္ျပီးေနာက္ အိမ္အတြင္း ဘက္ခမ္းလွည့္လည္ၾကည့္ရႈခဲ့ပံု)

(အသစ္ဝယ္ယူလိုက္ေသာ ေဒၚလာ ၇၇ သန္းတန္ မိုင္အမ္မီစံအိမ္ကို ၾကည့္ရႈရန္ ေရာက္ရွိလာသည့္ ဘက္ခမ္းကို ျပံဳးရႊင္စြာ ေတြ႔ရပံု)

(ဘက္ခမ္းဝယ္ယူထားေသာ အလ်ား ေပ ၁၀၀ ရွိ ေပါင္ ၁၆ သန္းတန္ ရြက္ေလွဆိုက္ကပ္ရန္ ေနရာရွိသည္။)

(မိုင္အမ္မီစံအိမ္တြင္ စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္ေသာ မီးဖိုေဆာင္၊ ရုပ္ရွင္ရံု၊ အားကစားေလ့က်င့္ခန္းမ၊ spa ႏွင့္ ေရကူးကန္တို႔ ပါဝင္သည္)

(ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားတို႔ကို Netflix မွ ထုတ္လႊင့္မည့္ Beckham ရုပ္သံစီးရီး မိတ္ဆက္ပြဲတြင္ ေတြ႔ရပံု)

(ဖေလာ္ရီဒါတြင္ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လအတြင္းက ေဘာလံုးပြဲတစ္ခု၌ ဘက္ခမ္းတို႔ စံုတြဲကို ေတြ႔ရပံု)

(မိုင္အမ္မီစံအိမ္၏ ေကာင္းကင္ဓာတ္ပံု)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE Inside the Beckhams' record-breaking £60m Miami mansion with nine palatial bedrooms, rooftop lounge, spa and mooring for their luxury 100ft yacht (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service