ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့

ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
17 Oct 2024 11:38 am တွင် တင်ခဲ့သည်
1052 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကမ္ဘာကျော် သူဌေးကြီး Warren Buffett ၏ ညာလက်ရုံးဟု ဆိုနိုင်သူ ချာလီ မန်ဂါ (Charlie Munger) သည် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် မျှော်လင့်မထားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ သန်း ၉၀ နီးပါးကို အသက် ၃၈ နှစ်အရွယ်သာရှိသေးသော လီလူ (Li Lu) အမည်ရှိ ရင်းနှီးမြှုပ်နှံသူတစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လီလူမှာ ရင်းနှီးမြှုပ်နှံမှုလောကတွင် နာမည်တက်နေပြီး တရုတ်ပြည်၏ Warren Buffett ဟု အများက ရည်ညွှန်းခေါ်ဝေါ်နေကြသည်။

Charlie Munger ၏ ရင်းနှီးမြှုပ်နှံခဲ့မှုနောက်ပိုင်း ရလဒ်မှာ အံ့မခန်းပင်။

သူ၏ ရင်းနှီးမြှုပ်နှံခဲ့မှုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ခန့်အထိ တိုးပွားလာခဲ့ရာ အလွန်မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်ကို ပြသနေသည်။

လီလူသည် Himalaya Capital ကို တည်ထောင်သူဖြစ်ပြီး value investing ဟုခေါ်သော ဖြစ်သင့်သည့် ဈေးအောက် နည်းပါးနေသော စတော့ရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံသည့် လမ်းကြောင်းဖြင့် လူသိများသူ ဖြစ်သည်။

လီလူသည် ရင်းနှီးမြှုပ်နှံသူများ ခြေချင်းလိမ်နေသော အမေရိကန်ဈေးကွက်ကို လက်ရှောင်ကာ တရုတ်ပြည်မှ စတော့ရှယ်ယာများတွင် အာရုံစိုက်ခဲ့သည်။

တရုတ်ပြည်တွင် အလားအလာကောင်းသော ရှယ်ယာများကို လီလူတွေ့ထားသည်။

“ကျွန်တော်တို့ ကာလကြာရှည် မြိုးမြိုးမြက်မြက် ရခဲ့ကြပါတယ်” ဟု Charlie Munger က ပြောခဲ့မှုမှာ မိသားစု ပိုင်ဆိုင်သမျှကို လီလူ့ထံတွင် ပုံအောခဲ့ခြင်း၏ အလုပ်ဖြစ်ခဲ့ပုံကို ထင်ဟပ်ပြသနေသည်။

ကနဦး ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၈၈ သန်းမှာ ၄ ဆ ၊ ၅ ဆခန့် တိုးပွားလာခဲ့ကြောင်း ပြောသည်။

လီလူ၏ အထင်ရှားဆုံး ရင်းနှီးမြှုပ်နှံမှုမှာ အဖျော်ယမကာ အမှတ်တံဆိပ်တစ်ခုဖြစ်သော ကွေ့ကျိုး မောထိုင် (Kweichow Moutai) တွင် အစောပိုင်းကာလများကတည်းက ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ကွန်မြူနစ် တော်လှန်ရေးနောက်ပိုင်း ကွေ့ကျိုးမောထိုင်သည် အမျိုးသားအဖျော်ယမကာတစ်ခု ဖြစ်လာခဲ့သည်။

ထိုယမကာ၏ ရှယ်ယာဈေးမှာ အလွန်နည်းပါးစွာဖြင့် ရောင်းချနေရာ လီလူက အလားအလာကို ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် ကွေ့ကျိုးမောထိုင်၏ ရှယ်ယာများကို ရနိုင်သမျှ ဝယ်ယူခဲ့၏။

နောင်အခါတွင် ကွေ့ကျိုးမောထိုင်သည် တရုတ်ပြည်ရှယ်ယာဈေးကွက်ဝင် အကြီးမားဆုံးကုမ္ပဏီကြီးများ၌ ပါဝင်လာရာ လီလူ၏ အမြတ်အစွန်းမှာ ကြောက်ခမန်းလိလိ ဖြစ်သွားသည်။

Charlie Munger က လီလူ၏ ရှေ့ရေးမျှော်တွေးနိုင်မှုအပေါ် များစွာချီးကျူးခဲ့ကြောင်း Financial Times ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြသည်။

“ကျွန်တော့်အသက် ၉၅ နှစ်ရှိပါပြီ။ ၉၅ နှစ်တာကာလအတွင်းမှာ Munger မိသားစုပိုင်ငွေတွေကို သူစိမ်းလူတစ်ယောက်ဆီ ပုံအပ် ပေးခဲ့ဖူးပါတယ်။ အဲဒီသူကတော့ လီလူပါပဲ”ဟု Charlie Munger ပြောဖူးသည်။

လီလူ့ထံတွင် တမူထူးခြားမှုရှိနေသည်ကို Charlie Munger သိသည်။

လီလူသည် မဟာဗျူဟာမြောက် တွေးခေါ်တတ်မှု၊ အခြားသူများ မျက်စိလျှမ်းနေသော အခွင့်အလမ်းများကို အရဖမ်းယူနိုင်မှုတို့ ပေါင်းစည်းထားသည့် အရည်အချင်းရှိသူ ဖြစ်သည်။

လီလူ၏ ကနဦး ဘဝဖြတ်သန်းမှုမှာ မလွယ်ကူခဲ့။

တီအန်မင်ရင်ပြင်တွင် ဆန္ဒပြခဲ့ပြီးနောက် တရုတ်ပြည်မှ ထွက်ပြေးကာ အမေရိကန်ပြည်တွင် ခိုလှုံခဲ့သည်။

အမေရိကန်တွင် ကိုလံဘီယာတက္ကသိုလ်မှ ဘွဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Charlie Munger Gave His Family Fortune To 'Chinese Warren Buffett' – He Flipped It Into $400 Million: 'Backed Up The Truck And Made A Killing (benzinga)

 

 [Zawgyi]

ကမၻာေက်ာ္ သူေဌးၾကီး Warren Buffett ၏ ညာလက္ရံုးဟု ဆိုႏိုင္သူ ခ်ာလီ မန္ဂါ (Charlie Munger) သည္ ၂၀၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္ ေမွ်ာ္လင့္မထားေသာ ဆံုးျဖတ္ခ်က္တစ္ခု ခ်မွတ္ခဲ့သည္။

မိသားစု ပိုင္ဆိုင္သမွ် ေဒၚလာ သန္း ၉၀ နီးပါးကို အသက္ ၃၈ ႏွစ္အရြယ္သာရွိေသးေသာ လီလူ (Li Lu) အမည္ရွိ ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးထံ အပ္ႏွံကာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ထိုစဥ္က လီလူမွာ ရင္းႏွီးျမွဳပ္ႏွံမႈေလာကတြင္ နာမည္တက္ေနျပီး တရုတ္ျပည္၏ Warren Buffett ဟု အမ်ားက ရည္ညႊန္းေခၚေဝၚေနၾကသည္။

Charlie Munger ၏ ရင္းနွီးျမွဳပ္ႏွံခဲ့မႈေနာက္ပိုင္း ရလဒ္မွာ အံ့မခန္းပင္။

သူ၏ ရင္းႏွီးျမွဳပ္ႏွံခဲ့မႈမွာ ကန္ေဒၚလာ သန္း ၄၀၀ ခန္႔အထိ တိုးပြားလာခဲ့ရာ အလြန္မွန္ကန္ေသာ ဆံုးျဖတ္ခ်က္ ျဖစ္ခဲ့သည္ကို ျပသေနသည္။

လီလူသည္ Himalaya Capital ကို တည္ေထာင္သူျဖစ္ျပီး value investing ဟုေခၚေသာ ျဖစ္သင့္သည့္ ေစ်းေအာက္ နည္းပါးေနေသာ စေတာ့ရွယ္ယာမ်ားကို ဝယ္ယူရင္းႏွီးျမွဳပ္ႏွံသည့္ လမ္းေၾကာင္းျဖင့္ လူသိမ်ားသူ ျဖစ္သည္။

လီလူသည္ ရင္းႏွီးျမွဳပ္ႏွံသူမ်ား ေျခခ်င္းလိမ္ေနေသာ အေမရိကန္ေစ်းကြက္ကို လက္ေရွာင္ကာ တရုတ္ျပည္မွ စေတာ့ရွယ္ယာမ်ားတြင္ အာရံုစိုက္ခဲ့သည္။

တရုတ္ျပည္တြင္ အလားအလာေကာင္းေသာ ရွယ္ယာမ်ားကို လီလူေတြ႔ထားသည္။

“ကၽြန္ေတာ္တုိ႔ ကာလၾကာရွည္ ျမိဳးျမိဳးျမက္ျမက္ ရခဲ့ၾကပါတယ္” ဟု Charlie Munger က ေျပာခဲ့မႈမွာ မိသားစု ပိုင္ဆိုင္သမွ်ကို လီလူ႔ထံတြင္ ပံုေအာခဲ့ျခင္း၏ အလုပ္ျဖစ္ခဲ့ပံုကို ထင္ဟပ္ျပသေနသည္။

ကနဦး ရင္းႏွီးျမွဳပ္ႏွံေငြ ကန္ေဒၚလာ ၈၈ သန္းမွာ ၄ ဆ ၊ ၅ ဆခန္႔ တိုးပြားလာခဲ့ေၾကာင္း ေျပာသည္။

လီလူ၏ အထင္ရွားဆံုး ရင္းႏွီးျမွဳပ္ႏွံမႈမွာ အေဖ်ာ္ယမကာ အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ ေကြ႔က်ဳိး ေမာထိုင္ (Kweichow Moutai) တြင္ အေစာပိုင္းကာလမ်ားကတည္းက ရင္းႏွီးျမွဳပ္ႏွံခဲ့ျခင္း ျဖစ္သည္။

ကြန္ျမဴနစ္ ေတာ္လွန္ေရးေနာက္ပိုင္း ေကြ႔က်ဳိးေမာထိုင္သည္ အမ်ဳိးသားအေဖ်ာ္ယမကာတစ္ခု ျဖစ္လာခဲ့သည္။

ထိုယမကာ၏ ရွယ္ယာေစ်းမွာ အလြန္နည္းပါးစြာျဖင့္ ေရာင္းခ်ေနရာ လီလူက အလားအလာကို ခန္႔မွန္းမိခဲ့သည္။

ထို႔ေၾကာင့္ ေကြ႔က်ဳိးေမာထိုင္၏ ရွယ္ယာမ်ားကို ရႏိုင္သမွ် ဝယ္ယူခဲ့၏။

ေနာင္အခါတြင္ ေကြ႔က်ဳိးေမာထုိင္သည္ တရုတ္ျပည္ရွယ္ယာေစ်းကြက္ဝင္ အၾကီးမားဆံုးကုမၸဏီၾကီးမ်ား၌ ပါဝင္လာရာ လီလူ၏ အျမတ္အစြန္းမွာ ေၾကာက္ခမန္းလိလိ ျဖစ္သြားသည္။

Charlie Munger က လီလူ၏ ေရွ႕ေရးေမွ်ာ္ေတြးႏိုင္မႈအေပၚ မ်ားစြာခ်ီးက်ဴးခဲ့ေၾကာင္း Financial Times ေဆာင္းပါးတစ္ပုဒ္တြင္ ေဖာ္ျပသည္။

“ကၽြန္ေတာ့္အသက္ ၉၅ ႏွစ္ရွိပါျပီ။ ၉၅ ႏွစ္တာကာလအတြင္းမွာ Munger မိသားစုပိုင္ေငြေတြကို သူစိမ္းလူတစ္ေယာက္ဆီ ပံုအပ္ ေပးခဲ့ဖူးပါတယ္။ အဲဒီသူကေတာ့ လီလူပါပဲ”ဟု Charlie Munger ေျပာဖူးသည္။

လီလူ႔ထံတြင္ တမူထူးျခားမႈရွိေနသည္ကို Charlie Munger သိသည္။

လီလူသည္ မဟာဗ်ဴဟာေျမာက္ ေတြးေခၚတတ္မႈ၊ အျခားသူမ်ား မ်က္စိလွ်မ္းေနေသာ အခြင့္အလမ္းမ်ားကို အရဖမ္းယူႏိုင္မႈတို႔ ေပါင္းစည္းထားသည့္ အရည္အခ်င္းရွိသူ ျဖစ္သည္။

လီလူ၏ ကနဦး ဘဝျဖတ္သန္းမႈမွာ မလြယ္ကူခဲ့။

တီအန္မင္ရင္ျပင္တြင္ ဆႏၵျပခဲ့ျပီးေနာက္ တရုတ္ျပည္မွ ထြက္ေျပးကာ အေမရိကန္ျပည္တြင္ ခိုလႈံခဲ့သည္။

အေမရိကန္တြင္ ကိုလံဘီယာတကၠသိုလ္မွ ဘြဲ႔ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Charlie Munger Gave His Family Fortune To 'Chinese Warren Buffett' – He Flipped It Into $400 Million: 'Backed Up The Truck And Made A Killing (benzinga)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service