နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန် ဘီလျံနာကြီး ဂျွန် ဖိုးလေအကြောင်း

နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန် ဘီလျံနာကြီး ဂျွန် ဖိုးလေအကြောင်း - Property News in Myanmar from iMyanmarHouse.com
26 Sep 2024 10:57 am တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Peloton သည် အမေရိကန်ပြည်၊ နယူးယောက်မြို့ အခြေစိုက် အားကစားပစ္စည်းနှင့် သတင်းမီဒီယာ ကုမ္ပဏီ ဖြစ်ပြီး လမ်းလျှောက်စက် (threadmill) မှအစပြုကာ အားကစားပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချသည်။

၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း အများပိုင်ကုမ္ပဏီပြုလုပ်ပြီးနောက်ပိုင်း ကိုဗစ် ကပ်ဘေးကာလတွင် ရောင်းအားအလွန်မြင့်တက်ခဲ့ကာ ၂၀၂၁ ခုနှစ်စပိုင်းတွင် ကုမ္ပဏီတန်ကြေး ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ ရောက်ရှိခဲ့ဖူးသည်။

ကိုဗစ်အထွတ်အထိပ်ကာလနောက်ပိုင်း ရောင်းအားကျဆင်းခဲ့ပြီးနောက် Peloton တွင် စက်ဘီးစီး လေ့ကျင့်စက်နှင့် လမ်းလျှောက်စက်များ တောင်ပုံရာပုံ ပိုက်မိနေခဲ့ကာ ထုတ်လုပ်မှုများ ယာယီ ရပ်ဆိုင်းခဲ့ ရသည်။

ထိုဖြစ်စဉ်နှင့်အတူ မိမိ၏ ကြွယ်ဝမှုများလည်း ပျောက်ကွယ်သွားခဲ့ရကြောင်း တချိန်က ဘီလျံနာဖြစ်ခဲ့ဖူးသူ ၊ Peloton ၏ စီအီးအို ဂျွန် ဖိုးလေ (John Foley) က ပြောသည်။

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ တချိန်က ကျွန်တော်ဟာ စာရွက်စာတမ်းတွေပေါ်မှာ ငွေအများကြီးရှိခဲ့ဖူးပါတယ် ” ဟု ဖိုးလေက နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

“ဒါတွေက ဘဏ်ထဲမှာ တကယ်ရှိတဲ့ငွေ မဟုတ်ပါဘူး။ ဒီပိုင်ဆိုင်မှုတွေအားလုံး ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ကျွန်တော် ပိုင်ဆိုင်သမျှ အားလုံးနီးပါး ရောင်းထုတ်ခဲ့ရပါတယ်”

ကိုဗစ်ကပ်ဘေး အစောပိုင်းကာလများတွင် နေအိမ်မှ အလုပ်လုပ်ကြရန် တောင်းဆိုမှုများ မြင့်တက်လာမှု နှင့်အတူ Peloton ၏ ရောင်းအားမှာလည်း ၂၅၀ ရာခိုင်နှုန်းအထိ ကြောက်ခမန်းလိလိ မြင့်တက်သွားခဲ့ပြီး ကုမ္ပဏီရှယ်ယာဈေးမှာ ၄၀၀ ရာခိုင်နှုန်းအထိ အံ့မခန်း မြင့်တက်ခဲ့သောကြောင့် ဂျွန်ဖိုးလေမှာ နေ့ချင်းညချင်း ဘီလျံနာတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် Peloton က အဆိုပါ demand ကို ပိုမိုခန့်မှန်းခဲ့မှုမှာ လွဲချော်သွားခဲ့သည်။

ကိုဗစ်ကပ်ဘေး ကန့်သတ်မှုများ ဖယ်ရှားပေးခဲ့ပြီးနောက်ပိုင်း လူအများစုမှာ နေအိမ်ပြင်ပတွင်သာ လေ့ကျင့်ခန်း ပြုလုပ်လာကြသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် Peloton ၏ ရှယ်ယာဈေး ထိုးဆင်းသွားမှုနှင့်အတူ ဖိုးလေမှာလည်း ဘီလျံနာ ဘဝမှ ပြုတ်ကျသွားသည်။

ယင်းနောက် တစ်လအကြာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် Sex and the City မှ And Just Like that ကို ရိုက်ကူးစဉ် အဓိက ဇာတ်ကောင်ဖြစ်သော Mr Big သည် Peloton ထုတ် စက်ဘီးလေ့ကျင့်စက်ကို စီးနေစဉ် နှလုံးဖောက်မှု ဖြစ်ပွားခဲ့သည်။

“ကိုဗစ်ကပ်ဘေးကနေ ကျွန်တော်တို့ ရုန်းထွက်လာကြတယ်။ ရှယ်ယာဈေးက ပြုတ်ကျသွားတယ်။ ပြီးတော့ Mr Big ရဲ့ ပြဿနာ ပေါ်လာပြန်တယ်။ ဒါဟာ ရက်စက်လွန်းပါတယ်” ဟု ဖိုလေက ပြန်ပြောင်းပြောပြသည်။

“ရုတ်တရက်ကြီးပါပဲ။ ကျွန်တော်တို့ troll ခံရတယ်။ အရာရာ ပြိုလဲသွားခဲ့ရတယ်”

တချိန်က ကန်ဒေါ်လာ ၅၀ ဘီလီယံတန်ကြေးရှိခဲ့သော နယူးယောက်အခြေစိုက် ကုမ္ပဏီကြီးမှာ ရွှေထီးဆောင်း ခဲ့သော နေ့ရက်များကိုသာ အောက်မေ့နေဆဲရှိစဉ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျွန်ဖိုးလေမှာ စီအီးအို ရာထူးမှ နှုတ်ထွက်သွားခဲ့ရသည်။

ဂျွန်ဖိုးလေသည် Bloomberg ၏ ဖော်ပြချက်အရ တချိန်က ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ကြွယ်ဝခဲ့၏။

သို့သော် ကုမ္ပဏီမှ ထွက်ခွာချိန်တွင် သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၂၅ သန်းသာ ရှိတော့သည်။

ဖိုးလေ ထွက်ခွာသွားပြီးနောက်ပိုင်း Peloton သည် Barry McCarthy အမည်ရှိ စီအီးအို၏ ဦးဆောင်မှုဖြင့် လည်ပတ်နေသည်။

ကိုဗစ်ကပ်ဘေးနောက်ပိုင်း ဝယ်လိုအား ထိုးကျသွားမှုကို ဖြေရှင်းရန်အတွက် Peloton က ဝန်ထမ်းထောင်ပေါင်း များစွာ အလုပ်ထုတ်ခြင်း၊ ကုန်ပစ္စည်း ဈေးနှုန်းများ မြှင့်တင်ခြင်း၊ လက်လီအရောင်းဆိုင်များ ပိတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။

ကုမ္ပဏီ၏ လက်ရှိတန်ကြေးမှာ ယခင်ရွှေထီးဆောင်းခဲ့စဉ်က၏ အစွန်းထွက်မျှသာ ရှိပြီး ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံမျှသာ ရှိသည်။

ဂျွန်ဖိုးလေသည် ကုမ္ပဏီ၏ ရှယ်ယာဈေး အလဲလဲအကွဲကွဲဖြစ်ခဲ့မှုကြောင့် ဘီလျံနာဘဝမှ ပြုတ်ကျခဲ့ပြီး နောက်ပိုင်း နယူးယောက်ပြည်နယ်၊ Long Island မှ East Hampton ကျေးရွာရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅၅ သန်းဖြင့် ရောင်းထုတ်ခဲ့ရကာ မိသားစု ရွှေ့ပြောင်းသွားခဲ့ရသည်။

ဂျွန်ဖိုးလေ၏ ဘဝက ပြသနေသည်မှာ မိမိ၏ ချမ်းသာကြွယ်ဝမှုမှာ စာရွက်ပေါ်တွင်သာရှိနေပြီး အလွယ်တကူ ရောင်းချ၍ မရနိုင်သော ရှယ်ယာများဖြစ်နေပါက ဘီလျံနာဖြစ်လာလျှင်လည်း အဓိပ္ပာယ်ကင်းမဲ့ကာ အလွယ်တကူ ဆုံးရှုံးသွားနိုင်ကြောင်း ပြသနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Peloton’s former billionaire CEO says he’s lost all his money and had to sell his possessions (fortune)

 

[Zawgyi]

ေန႔ခ်င္းညခ်င္း ဘီလ်ံနာျဖစ္လာသလို အိမ္ကိုပင္ေရာင္းခ်ကာ စီအီးအိုဘဝမွ ႏႈတ္ထြက္ေပးခဲ့ရသူ Peloton ကုမၸဏီပိုင္ရွင္ အေမရိကန္ ဘီလ်ံနာၾကီး ဂၽြန္ ဖိုးေလအေၾကာင္း

Peloton သည္ အေမရိကန္ျပည္၊ နယူးေယာက္ျမိဳ႕ အေျခစိုက္ အားကစားပစၥည္းႏွင့္ သတင္းမီဒီယာ ကုမၸဏီ ျဖစ္ျပီး လမ္းေလွ်ာက္စက္ (threadmill) မွအစျပဳကာ အားကစားပစၥည္းမ်ဳိးစံု ထုတ္လုပ္ေရာင္းခ်သည္။

၂၀၁၂ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေသာ္လည္း အမ်ားပိုင္ကုမၸဏီျပဳလုပ္ျပီးေနာက္ပိုင္း ကိုဗစ္ ကပ္ေဘးကာလတြင္ ေရာင္းအားအလြန္ျမင့္တက္ခဲ့ကာ ၂၀၂၁ ခုႏွစ္စပိုင္းတြင္ ကုမၸဏီတန္ေၾကး ကန္ေဒၚလာ ၅၀ ဘီလီယံအထိ ေရာက္ရွိခဲ့ဖူးသည္။

ကိုဗစ္အထြတ္အထိပ္ကာလေနာက္ပိုင္း ေရာင္းအားက်ဆင္းခဲ့ျပီးေနာက္ Peloton တြင္ စက္ဘီးစီး ေလ့က်င့္စက္ႏွင့္ လမ္းေလွ်ာက္စက္မ်ား ေတာင္ပံုရာပံု ပိုက္မိေနခဲ့ကာ ထုတ္လုပ္မႈမ်ား ယာယီ ရပ္ဆိုင္းခဲ့ ရသည္။

ထိုျဖစ္စဥ္ႏွင့္အတူ မိမိ၏ ၾကြယ္ဝမႈမ်ားလည္း ေပ်ာက္ကြယ္သြားခဲ့ရေၾကာင္း တခ်ိန္က ဘီလ်ံနာျဖစ္ခဲ့ဖူးသူ ၊ Peloton ၏ စီအီးအို ဂၽြန္ ဖိုးေလ (John Foley) က ေျပာသည္။

“ခင္ဗ်ားတို႔သိတဲ့အတိုင္းပဲ တခ်ိန္က ကၽြန္ေတာ္ဟာ စာရြက္စာတမ္းေတြေပၚမွာ ေငြအမ်ားၾကီးရွိခဲ့ဖူးပါတယ္ ” ဟု ဖိုးေလက နယူးေယာက္ပို႔စ္ သတင္းဌာနသို႔ ေျပာသည္။

“ဒါေတြက ဘဏ္ထဲမွာ တကယ္ရွိတဲ့ေငြ မဟုတ္ပါဘူး။ ဒီပိုင္ဆိုင္မႈေတြအားလံုး ဆံုးရံႈးခဲ့ရျပီးတဲ့ေနာက္ ကၽြန္ေတာ္ ပိုင္ဆိုင္သမွ် အားလံုးနီးပါး ေရာင္းထုတ္ခဲ့ရပါတယ္”

ကိုဗစ္ကပ္ေဘး အေစာပိုင္းကာလမ်ားတြင္ ေနအိမ္မွ အလုပ္လုပ္ၾကရန္ ေတာင္းဆိုမႈမ်ား ျမင့္တက္လာမႈ ႏွင့္အတူ Peloton ၏ ေရာင္းအားမွာလည္း ၂၅၀ ရာခိုင္ႏႈန္းအထိ ေၾကာက္ခမန္းလိလိ ျမင့္တက္သြားခဲ့ျပီး ကုမၸဏီရွယ္ယာေစ်းမွာ ၄၀၀ ရာခိုင္ႏႈန္းအထိ အံ့မခန္း ျမင့္တက္ခဲ့ေသာေၾကာင့္ ဂၽြန္ဖုိးေလမွာ ေန႔ခ်င္းညခ်င္း ဘီလ်ံနာတစ္ဦး ျဖစ္လာခဲ့သည္။

သို႔ေသာ္ Peloton က အဆိုပါ demand ကို ပိုမိုခန္႔မွန္းခဲ့မႈမွာ လြဲေခ်ာ္သြားခဲ့သည္။

ကိုဗစ္ကပ္ေဘး ကန္႔သတ္မႈမ်ား ဖယ္ရွားေပးခဲ့ျပီးေနာက္ပိုင္း လူအမ်ားစုမွာ ေနအိမ္ျပင္ပတြင္သာ ေလ့က်င့္ခန္း ျပဳလုပ္လာၾကသည္။

၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ Peloton ၏ ရွယ္ယာေစ်း ထုိးဆင္းသြားမႈႏွင့္အတူ ဖိုးေလမွာလည္း ဘီလ်ံနာ ဘဝမွ ျပဳတ္က်သြားသည္။

ယင္းေနာက္ တစ္လအၾကာ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာတြင္ Sex and the City မွ And Just Like that ကို ရိုက္ကူးစဥ္ အဓိက ဇာတ္ေကာင္ျဖစ္ေသာ Mr Big သည္ Peloton ထုတ္ စက္ဘီးေလ့က်င့္စက္ကို စီးေနစဥ္ ႏွလံုးေဖာက္မႈ ျဖစ္ပြားခဲ့သည္။

“ကုိဗစ္ကပ္ေဘးကေန ကၽြန္ေတာ္တို႔ ရုန္းထြက္လာၾကတယ္။ ရွယ္ယာေစ်းက ျပဳတ္က်သြားတယ္။ ျပီးေတာ့ Mr Big ရဲ႕ ျပႆနာ ေပၚလာျပန္တယ္။ ဒါဟာ ရက္စက္လြန္းပါတယ္” ဟု ဖိုေလက ျပန္ေျပာင္းေျပာျပသည္။

“ရုတ္တရက္ၾကီးပါပဲ။ ကၽြန္ေတာ္တို႔ troll ခံရတယ္။ အရာရာ ျပိဳလဲသြားခဲ့ရတယ္”

တခ်ိန္က ကန္ေဒၚလာ ၅၀ ဘီလီယံတန္ေၾကးရွိခဲ့ေသာ နယူးေယာက္အေျခစိုက္ ကုမၸဏီၾကီးမွာ ေရႊထီးေဆာင္း ခဲ့ေသာ ေန႔ရက္မ်ားကိုသာ ေအာက္ေမ့ေနဆဲရွိစဥ္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ဂၽြန္ဖိုးေလမွာ စီအီးအို ရာထူးမွ ႏႈတ္ထြက္သြားခဲ့ရသည္။

ဂၽြန္ဖိုးေလသည္ Bloomberg ၏ ေဖာ္ျပခ်က္အရ တခ်ိန္က ကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံ ၾကြယ္ဝခဲ့၏။

သို႔ေသာ္ ကုမၸဏီမွ ထြက္ခြာခ်ိန္တြင္ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၂၅ သန္းသာ ရွိေတာ့သည္။

ဖိုးေလ ထြက္ခြာသြားျပီးေနာက္ပိုင္း Peloton သည္ Barry McCarthy အမည္ရွိ စီအီးအို၏ ဦးေဆာင္မႈျဖင့္ လည္ပတ္ေနသည္။

ကိုဗစ္ကပ္ေဘးေနာက္ပိုင္း ဝယ္လိုအား ထုိးက်သြားမႈကို ေျဖရွင္းရန္အတြက္ Peloton က ဝန္ထမ္းေထာင္ေပါင္း မ်ားစြာ အလုပ္ထုတ္ျခင္း၊ ကုန္ပစၥည္း ေစ်းႏႈန္းမ်ား ျမွင့္တင္ျခင္း၊ လက္လီအေရာင္းဆိုင္မ်ား ပိတ္သိမ္းျခင္းတို႔ ျပဳလုပ္ခဲ့သည္။

ကုမၸဏီ၏ လက္ရွိတန္ေၾကးမွာ ယခင္ေရႊထီးေဆာင္းခဲ့စဥ္က၏ အစြန္းထြက္မွ်သာ ရွိျပီး ကန္ေဒၚလာ ၁ ဒသမ ၈ ဘီလီယံမွ်သာ ရွိသည္။

ဂၽြန္ဖိုးေလသည္ ကုမၸဏီ၏ ရွယ္ယာေစ်း အလဲလဲအကြဲကြဲျဖစ္ခဲ့မႈေၾကာင့္ ဘီလ်ံနာဘဝမွ ျပဳတ္က်ခဲ့ျပီး ေနာက္ပိုင္း နယူးေယာက္ျပည္နယ္၊ Long Island မွ East Hampton ေက်းရြာရွိ ကမ္းေျခစံအိမ္ၾကီးကို ကန္ေဒၚလာ ၅၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့ရကာ မိသားစု ေရႊ႕ေျပာင္းသြားခဲ့ရသည္။

ဂၽြန္ဖိုးေလ၏ ဘဝက ျပသေနသည္မွာ မိမိ၏ ခ်မ္းသာၾကြယ္ဝမႈမွာ စာရြက္ေပၚတြင္သာရွိေနျပီး အလြယ္တကူ ေရာင္းခ်၍ မရႏိုင္ေသာ ရွယ္ယာမ်ားျဖစ္ေနပါက ဘီလ်ံနာျဖစ္လာလွ်င္လည္း အဓိပၸာယ္ကင္းမဲ့ကာ အလြယ္တကူ ဆံုးရံႈးသြားႏုိင္ေၾကာင္း ျပသေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Peloton’s former billionaire CEO says he’s lost all his money and had to sell his possessions (fortune)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service