ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင်းဈေးကွက်တင်ခဲ့ပြီးနောက် လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၅၅ သန်းဖြင့် ဝယ်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေ

ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင်းဈေးကွက်တင်ခဲ့ပြီးနောက် လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၅၅ သန်းဖြင့် ဝယ်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေ - Property News in Myanmar from iMyanmarHouse.com
25 Sep 2024 12:02 pm တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် ကွာရှင်းပြတ်စဲရန် စီစဉ်ခဲ့ကြပြီးနောက် ၎င်းတို့ နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို ကန်ဒေါ်လာ ၆၈ သန်းဖြင့် ရောင်းထုတ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

လက်ရှိအားဖြင့် ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိရှိ အခြားတန်ဖိုးကြီး စံအိမ်ကြီးတစ်လုံးကို ဝယ်ယူရန် မျက်စိကျနေသည်။

သတင်းများအရ ဂျေလိုနှင့် ဘင်အက်ဖလက်တို့သည် ဘီဗာလီဟေးရှိ မင်္ဂလာဦးစံအိမ်ကြီးကို ရောင်းချရာတွင် ကန်ဒေါ်လာ ၂၅ သန်းအထိ အရှုံးပေါ်ဖွယ်ရှိကြောင်းသတင်းများရှိသည်။

(ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ လမ်းခွဲပြီးနောက် မင်္ဂလာဦးစံအိမ်ကြီး အရောင်းဈေးကွက်တင်ထားရာ အခွန်အခများ အပါအဝင် ကန်ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရှိ)

(ဆက်စပ်သတင်း)

https://www.imyanmarhouse.com/news/read/1122590

 

ဂျနီဖာလိုပက်ဇ်နှင့် ဘက်အင်ဖလက်တို့က အဆိုပါစံအိမ်ကို ၂၀၂၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆၀ ဒသမ ၈ သန်းဖြင့် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ် အမ်ဘာနီ၏ သမီးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၆၈ သန်း ဈေးခေါ်ထားသည်။

ယခုအခါ ဂျနီဖာလိုပက်ဇ်က သူမကိုယ်တိုင်အတွက် စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲကာ ဝယ်ယူလိုနေသည်။

TMZ သတင်းဌာန၏ ဖော်ပြချက်အရ ဂျနီဖာလိုပက်ဇ်သည် ဘင်အက်ဖလက်နှင့် အတူနေခဲ့သော စံအိမ်ကြီး ရောင်းချပြီးပါက အိမ်တစ်လုံးပြန်လည်ဝယ်ယူရန် ကြိုးစားနေပြီး လက်ရှိတွင် ခမ်းနားသည့် စံအိမ်ကြီးတစ်လုံးကို ဝယ်ရန် ညှိနှိုင်းနေကြောင်း ဖော်ပြသည်။

Azria Estate ဟု လူသိများသော စံအိမ်ဖြစ်ပြီး ဂျေလို၏ လက်ရှိရောင်းထုတ်ရန် ကြိုးစားနေသောအိမ်မှ ၅ မိုင်ခန့်သာ ဝေးကွာသည်။

ဟောလိဝုဒ်နှင့် ပတ်သက်ခဲ့သော ဂုဏ်သတင်းအပြင် ခမ်းနားသော amenities များစွာ ပါဝင်သည်။

တချိန်က ဖက်ရှင်ဒီဇိုင်နာ Max Azria ပိုင်ဆိုင်ခဲ့သော စံအိမ် ဖြစ်သည်။

 

(ဂျေလိုက လော့စ်အိန်ဂျလိရှိ အထင်ကရ စံအိမ်ကြီးတစ်လုံးကို ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။ ဓာတ်ပုံ-Getty Images)

 

(ဂျေလိုနှင့် ဘင်အက်ဖလက်တို့သည် ကွာရှင်းပြတ်စဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး မင်္ဂလာဦး စံအိမ်ကြီးကိုလည်း ကန်ဒေါ်လာ ၆၈ သန်းဖြင့် ရောင်းထုတ်ရန် ကြိုးစားနေသည်။ ဓာတ်ပုံ-MICHAEL TRAN/ AFP via Getty Images)

 

(ဂျေလိုသည် တချိန်က ဖက်ရှင်ဒီဇိုင်နာ Max Azria ပိုင်ဆိုင်ခဲ့သော Azria စံအိမ်ကြီးကို ဝယ်ယူရန် မျက်စိကျနေသည်။ ဓာတ်ပုံ-Realtor)

 

(၁၉၃၀ ပြည့်လွန်ခေတ် စံအိမ်ကို ပေါလ် ဝီလျံစ်က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ ဓာတ်ပုံ-Realtor)

 

(အတွင်းပိုင်းကို အရောင်မစိုသော neutral အရောင်အသွေးဖြင့် မွမ်းမံထားသည်။ ဓာတ်ပုံ-Realtor)

 

(Azria ဒီဇိုင်းရေးဆွဲခဲ့သော အိမ်တွင်းရုပ်ရှင်ရုံမှ ဒစ္စကိုစတိုင် နားနေခန်းမှာ ယခင်လက်ရာအတိုင်း မတို့မထိ ရှိနေဆဲပင်။ ဓာတ်ပုံ-Realtor)

 

(တံလျှပ်ကဲ့သို့ တလှပ်လှပ် လင်းလဲ့သော မျက်နှာကြက်ဖြင့် တချိန်က လူသိများခဲ့သည်။ ဓာတ်ပုံ-Realtor)

 

((စံအိမ်သမိုင်းကြောင်း))

ဤစံအိမ်ကို ကြယ်ပွင့်များအတွက် ဒီဇိုင်းများ ရေးဆွဲပေးသူ ဗိသုကာပညာရှင် ပေါလ်ဝီလျံစ်က ဒီဇိုင်းရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။

Azria က စံအိမ်နေရာကို ကမ္ဘာကျော် စာရေးဆရာကြီး ဆစ်ဒနီ ရှဲလ်ဒန်ထံမှ ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးက ဖော်ပြခဲ့ဖူးသည်။

((မှတ်ချက် ။ မြန်မာနိုင်ငံတွင် ဆစ်ဒနီ ရှဲလ်ဒန်၏ ဝတ္ထုများကို မောင်ထွန်းသူ၊ ဇင်သန့်၊ မောင်မြင့်ကြွယ်၊ မောင်ပေါ်ထွန်း၊ စိုးသိဏ်းတို့က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြဖူးသည်))

၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ယင်းနောက်ပိုင်း ဈေးလျှော့ပေးမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၇၈ သန်းဖြင့် ဈေးကွက်တင်ခဲ့ပြီး အမေရိက၏ ဈေးအကြီးဆုံးစံအိမ်ကြီးများတွင် တစ်လုံးအပါအဝင်အဖြစ် ထည့်သွင်းဖော်ပြခံရသည်။

 

(သီးခြား အဆောက်အအုံတစ်ခုတွင် နားနေခန်းနှင့် အိမ်တွင်းရုပ်ရှင်ရုံတို့ ပါဝင်သည်။ ဓာတ်ပုံ-Realtor)

 

(ဧည့်သည်တော်များကို ဧည့်ခံရန် နေရာများစွာရှိသည်။ ဓာတ်ပုံ-Realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez Is ‘In Negotiations To Buy’ Opulent $55 Million L.A. Estate Amid Ben Affleck Divorce—See Inside Its Dazzling History (realtor) Photo Credit-Getty Images, MICHAEL TRAN/ AFP via Getty Images, Realtor

 

[Zawgyi]

ဘင္အက္ဖလက္ႏွင့္ ကြာ႐ွင္းျပတ္စဲေရးကိစၥမ်ား ေဆာင္႐ြက္ေနေသာ ဂ်နီဖာလိုပက္ဇ္က ႏွစ္ဦးအတူေနခဲ့ေသာ မဂၤလာဦးစံအိမ္ႀကီးကို အေရာင္းေဈးကြက္တင္ခဲ့ၿပီးေနာက္ ေလာ့စ္အိန္ဂ်လိ႐ွိ စံအိမ္ႀကီးတစ္လုံးကို ကန္ေဒၚလာ ၅၅ သန္းျဖင့္ ဝယ္ရန္ ညႇိႏိႈင္းမႈမ်ား ျပဳလုပ္ေန

ေအာ္စကာဆု႐ွင္ ေဟာလိဝုဒ္႐ုပ္႐ွင္မင္းသား ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ ကြာ႐ွင္းျပတ္စဲရန္ စီစဥ္ခဲ့ၾကၿပီးေနာက္ ၎တို႔ ႏွစ္ဦးအတူေနခဲ့ေသာ မဂၤလာဦးစံအိမ္ႀကီးကို ကန္ေဒၚလာ ၆၈ သန္းျဖင့္ ေရာင္းထုတ္ရန္ ႀကိဳးစားေနဆဲ ျဖစ္သည္။

လက္႐ွိအားျဖင့္ ဂ်နီဖာလိုပက္ဇ္က ေလာ့စ္အိန္ဂ်လိ႐ွိ အျခားတန္ဖိုးႀကီး စံအိမ္ႀကီးတစ္လုံးကို ဝယ္ယူရန္ မ်က္စိက်ေနသည္။

သတင္းမ်ားအရ ေဂ်လိုႏွင့္ ဘင္အက္ဖလက္တို႔သည္ ဘီဗာလီေဟး႐ွိ မဂၤလာဦးစံအိမ္ႀကီးကို ေရာင္းခ်ရာတြင္ ကန္ေဒၚလာ ၂၅ သန္းအထိ အ႐ႈံးေပၚဖြယ္႐ွိေၾကာင္းသတင္းမ်ား႐ွိသည္။

(ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ လမ္းခြဲၿပီးေနာက္ မဂၤလာဦးစံအိမ္ႀကီး အေရာင္းေဈးကြက္တင္ထားရာ အခြန္အခမ်ား အပါအဝင္ ကန္ေဒၚလာ ၂၅ သန္းခန္႔ အ႐ႈံးေပၚဖြယ္႐ွိ (ဆက္စပ္သတင္း)

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ လမ္းခြဲၿပီးေနာက္ မဂၤလာဦးစံအိမ္ႀကီး အေရာင္းေဈးကြက္တင္ထားရာ အခြန္အခမ်ားအပါအဝင္ ကန္ေဒၚလာ ၂၅ သန္းခန္႔ အ႐ႈံးေပၚဖြယ္႐ွိ

https://www.imyanmarhouse.com/news/read/1122590

 

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘက္အင္ဖလက္တို႔က အဆိုပါစံအိမ္ကို ၂၀၂၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၆၀ ဒသမ ၈ သန္းျဖင့္ အာ႐ွတိုက္၏ အခ်မ္းသာဆုံးပုဂၢိဳလ္ မူကက္႐ွ္ အမ္ဘာနီ၏ သမီးထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ကန္ေဒၚလာ ၆၈ သန္း ေဈးေခၚထားသည္။

ယခုအခါ ဂ်နီဖာလိုပက္ဇ္က သူမကိုယ္တိုင္အတြက္ စံအိမ္ႀကီးတစ္လုံးကို ေဒၚလာ သန္းေပါင္းမ်ားစြာ သုံးစြဲကာ ဝယ္ယူလိုေနသည္။

TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဂ်နီဖာလိုပက္ဇ္သည္ ဘင္အက္ဖလက္ႏွင့္ အတူေနခဲ့ေသာ စံအိမ္ႀကီး ေရာင္းခ်ၿပီးပါက အိမ္တစ္လုံးျပန္လည္ဝယ္ယူရန္ ႀကိဳးစားေနၿပီး လက္႐ွိတြင္ ခမ္းနားသည့္ စံအိမ္ႀကီးတစ္လုံးကို ဝယ္ရန္ ညႇိႏိႈင္းေနေၾကာင္း ေဖာ္ျပသည္။

Azria Estate ဟု လူသိမ်ားေသာ စံအိမ္ျဖစ္ၿပီး ေဂ်လို၏ လက္႐ွိေရာင္းထုတ္ရန္ ႀကိဳးစားေနေသာအိမ္မွ ၅ မိုင္ခန္႔သာ ေဝးကြာသည္။

ေဟာလိဝုဒ္ႏွင့္ ပတ္သက္ခဲ့ေသာ ဂုဏ္သတင္းအျပင္ ခမ္းနားေသာ amenities မ်ားစြာ ပါဝင္သည္။

တခ်ိန္က ဖက္႐ွင္ဒီဇိုင္နာ Max Azria ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ ျဖစ္သည္။

(ေဂ်လိုက ေလာ့စ္အိန္ဂ်လိ႐ွိ အထင္ကရ စံအိမ္ႀကီးတစ္လုံးကို ဝယ္ယူရန္ ေဆြးေႏြးညႇိႏိႈင္းမႈမ်ား ျပဳလုပ္ေနသည္။ ဓာတ္ပုံ-Getty Images)

(ေဂ်လိုႏွင့္ ဘင္အက္ဖလက္တို႔သည္ ကြာ႐ွင္းျပတ္စဲေရး လုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ေနၿပီး မဂၤလာဦး စံအိမ္ႀကီးကိုလည္း ကန္ေဒၚလာ ၆၈ သန္းျဖင့္ ေရာင္းထုတ္ရန္ ႀကိဳးစားေနသည္။ ဓာတ္ပုံ-MICHAEL TRAN/ AFP via Getty Images)

(ေဂ်လိုသည္ တခ်ိန္က ဖက္႐ွင္ဒီဇိုင္နာ Max Azria ပိုင္ဆိုင္ခဲ့ေသာ Azria စံအိမ္ႀကီးကို ဝယ္ယူရန္ မ်က္စိက်ေနသည္။ ဓာတ္ပုံ-Realtor)

(၁၉၃၀ ျပည့္လြန္ေခတ္ စံအိမ္ကို ေပါလ္ ဝီလ်ံစ္က ဒီဇိုင္းေရးဆြဲေပးခဲ့သည္။ ဓာတ္ပုံ-Realtor)

(အတြင္းပိုင္းကို အေရာင္မစိုေသာ neutral အေရာင္အေသြးျဖင့္ မြမ္းမံထားသည္။ ဓာတ္ပုံ-Realtor)

(Azria ဒီဇိုင္းေရးဆြဲခဲ့ေသာ အိမ္တြင္း႐ုပ္႐ွင္႐ုံမွ ဒစၥကိုစတိုင္ နားေနခန္းမွာ ယခင္လက္ရာအတိုင္း မတို႔မထိ ႐ွိေနဆဲပင္။ ဓာတ္ပုံ-Realtor)

(တံလွ်ပ္ကဲ့သို႔ တလွပ္လွပ္ လင္းလဲ့ေသာ မ်က္ႏွာၾကက္ျဖင့္ တခ်ိန္က လူသိမ်ားခဲ့သည္။ ဓာတ္ပုံ-Realtor)

((စံအိမ္သမိုင္းေၾကာင္း))

ဤစံအိမ္ကို ၾကယ္ပြင့္မ်ားအတြက္ ဒီဇိုင္းမ်ား ေရးဆြဲေပးသူ ဗိသုကာပညာ႐ွင္ ေပါလ္ဝီလ်ံစ္က ဒီဇိုင္းေရးဆြဲ ေပးခဲ့ျခင္း ျဖစ္သည္။

Azria က စံအိမ္ေနရာကို ကမ႓ာေက်ာ္ စာေရးဆရာႀကီး ဆစ္ဒနီ ႐ွဲလ္ဒန္ထံမွ ၂၀၀၅ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၄ ဒသမ ၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာႀကီးက ေဖာ္ျပခဲ့ဖူးသည္။

((မွတ္ခ်က္ ။ ျမန္မာႏိုင္ငံတြင္ ဆစ္ဒနီ ႐ွဲလ္ဒန္၏ ဝတၳဳမ်ားကို ေမာင္ထြန္းသူ၊ ဇင္သန္႔၊ ေမာင္ျမင့္ႂကြယ္၊ ေမာင္ေပၚထြန္း၊ စိုးသိဏ္းတို႔က ျမန္မာဘာသာသို႔ ျပန္ဆိုခဲ့ၾကဖူးသည္))

၂၀၁၅ ခုႏွစ္တြင္ ကန္ေဒၚလာ ၈၅ သန္းျဖင့္ အေရာင္းေဈးကြက္တင္ခဲ့ၿပီး ယင္းေနာက္ပိုင္း ေဈးေလွ်ာ့ေပးမႈမ်ား ျပဳလုပ္ခဲ့သည္။

၂၀၁၉ ခုႏွစ္တြင္ ကန္ေဒၚလာ ၇၈ သန္းျဖင့္ ေဈးကြက္တင္ခဲ့ၿပီး အေမရိက၏ ေဈးအႀကီးဆုံးစံအိမ္ႀကီးမ်ားတြင္ တစ္လုံးအပါအဝင္အျဖစ္ ထည့္သြင္းေဖာ္ျပခံရသည္။ (သီးျခား အေဆာက္အအုံတစ္ခုတြင္ နားေနခန္းႏွင့္ အိမ္တြင္း႐ုပ္႐ွင္႐ုံတို႔ ပါဝင္သည္။ ဓာတ္ပုံ-Realtor)

(ဧည့္သည္ေတာ္မ်ားကို ဧည့္ခံရန္ ေနရာမ်ားစြာ႐ွိသည္။ ဓာတ္ပုံ-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez Is ‘In Negotiations To Buy’ Opulent $55 Million L.A. Estate Amid Ben Affleck Divorce—See Inside Its Dazzling History (realtor) Photo Credit-Getty Images, MICHAEL TRAN/ AFP via Getty Images, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service